ထင်မြင်ချက်တွေနဲ့ပွဲဆူခဲ့တဲ့ပရိတ်သတ်တွေကို “ရှုံးတာ ကျွန်တော်တို့ညံ့လို့ပါ” ဆိုပြီး တုံ့ပြန်လာတဲ့ သန့်ဇင်တို့ညီအစ်ကို

Local News Sports
ထင်မြင်ချက်တွေနဲ့ပွဲဆူခဲ့တဲ့ပရိတ်သတ်တွေကို “ရှုံးတာ ကျွန်တော်တို့ညံ့လို့ပါ” ဆိုပြီး တုံ့ပြန်လာတဲ့ သန့်ဇင်တို့ညီအစ်ကို

မကြာသေးခင်ကမှ ကမ္ဘာ့ထိပ်သီး ဂျပန်လက်ဝှေ့ချန်မီယံနဲ့ယှဉ်ပြိုင်ထိုးသတ်ပြီး ရှုံးနိမ့်ခဲ့တဲ့ လက်ဝှေ့သန့်ဇင်ကို ပရိတ်သတ်တွေက အတော်လေးချီးကျူးနေကြပါတယ်။ပြိုင်ပွဲတစ်ခုကို အနိုင်ရတာမဟုတ်ဘဲ ရှုံးခဲ့တဲ့သန့်ဇင်ကို လူတွေဘာကြောင့် ချီးကျူးအားပေးနေကြတာလဲ ဆိုတာအားလုံးလည်းသိပြီးသားဖြစ်မှာပါ။သန့်ဇင်ကအသက် ၁၉နှစ်သာရှိသေးတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပေမယ့် နာမည်ကြီးကမ္ဘာ့ချန်ပီယံတစ်ယောက်နဲ့ယှဉ်ပြိုင်ထိုးသတ်ဖို့ ကမ်းလှမ်းခံရကတည်းကသန့်ဇင်ရဲ့အရည်အချင်းကို အားလုံးကအသိအမှတ်ပြုခဲ့ရပါတယ်။

ဒီလိုဆယ်ကျော်သက်အရွယ်ကောင်လေးက ဝါရင့်ကမ္ဘာ့အဆင့်ကို ဖင်ထိုင်လျက်သားလဲကျသွားအောင် ထိုးပြနိုင်ခဲ့တာနဲ့တင် ပရိတ်သတ်ကချီးကျူးလာကြပြီး အားပေးခဲ့ကြပါတယ်။သန့်ဇင်က ဒီပွဲမှာ ရှုံးနိမ့်ခဲ့ရပေမယ့်လည်း ပရိတ်သတ်တွေက အပြစ်ပြောခြင်း မရှိဘဲ စိတ်ဓာတ်ကျနေတဲ့ သန့်ဇင်ကိုပါ ပြန်လည်ပြီးခွန်အားပေးလာကြပါတယ်။


သန့်ဇင်ကို အားပေးလွန်းပြီးသန့်ဇင်ရဲ့အရည်အချင်းတွေအပေါ်ယုံကြည်မှုလွန်ကဲလာတဲ့ပရိတ်သတ်တွေကတောင် သန့်ဇင်နဲ့တာကေးရုတို့ရဲ့ပွဲကို လုပ်ပွဲကြီးလို့ပြောလာကြပြီး အမျိုးမျိုးဝေဖန်လာကြပါတယ်။လက်ရည်ကောင်းတဲ့သန့်ဇင်က ပထမအချိီမှာအသာစီးရခဲ့ပြီးမှ ဒုတိယအချီမှာ ပြန် မထနိုင်တော့တာကိုလက်မခံချင်တဲ့ပရိတ်သတ်တွေက ဒီပွဲကသန့်ဇင်မဖြစ်မနေရှုံးပေးရမယ့်ပွဲလို့တောင်ပြောလာကြပါတယ်။ဒီလိုပြောစကားတွေက ကြိုးဝိုင်းထဲမှာ အမှန်အကန်ထိုးချက်တွေပဲချပြတဲ့သန့်ဇင်ရဲ့ ဂုဏ်သိက္ခာကိုတော့ အတော်လေးထိခိုက်စေပါတယ်။ကိုယ်အားပေးတဲ့ကစားသမားရဲ့အရှုံးကို လက်မခံစေချင်တိုင်း ထင်မြင်ချက်တွေပြောလာမယ်ဆိုရင် ကိုယ့်ကစားသမားပဲသိက္ခာပိုကျရတာပါ။


ဒီထင်မြင်ယူဆချက်တွေအပြင် ပရိတ်သတ်တွေနဲ့မီဒီယာတွေကလည်း သန့်ဇင်ပွဲမှာရှုံးခဲ့ရတာဟာ ဗိုက်က ခွဲထားတာမကြာသေးလို့ ဆိုတဲ့သန့်ဇင်ရဲ့အားနည်းချက်တွေကို ထုတ်ဖော်လာကြပါတယ်။နားမလည်တဲ့ လူအချို့ရဲ့ပြောစကားတွေကြောင့် တစ်ဖက်မှာပရော်ဖက်ရှင်နယ်ကစားသမားတွေနောက်ပွဲမှာ ပိုပြီးအခက်တွေ့လာနိုင်ပါတယ်။ဒါ့ကြောင့်
ဒီလိုထင်မြင်ချက်တွေနဲ့ပွဲဆူနေတဲ့ပရိတ်သတ်တွေကို
“ရှူံးတာကျွန်တော်တို့ညံ့လို့ပါ”ဆိုပြီးစကားတစ်ခွန်းထဲနဲ့ပွဲသိမ်းပေးလာပါတယ်။
အခုလို ပညာရှိနည်းနဲ့ အရှုံးကိုလက်ခံပြီးဝန်ခံလိုက်တာကတော့ သန့်ဇင်အတွက်အကောင်းဆုံးပါပဲသန့်ဇင်ကအသက်ငယ်သေးတဲ့အလျောက် ပြိုင်ပွဲကအရှုံးနဲ့ထံက်လာရချိန်မှာ အတော်လေးစိတ်ဓာတ်ကျခဲ့ပေမယ့် အခုတော့အရာအားလုံးကို handle လုပ်နိုင်နေပါပြီ။ပြိုင်ပွဲပြီးပြီးချင်းအချိန်မှာ သန့်ဇင်တစ်ယောက် အရှုံးကိုလက်မခံနိုင်တာဟာလည်း ဒီပွဲမှာရတဲ့ဘောနပ်စ်တွေအားလူံးကို သန့်ဇင်ကမြန်မာနိုင်ငံရေဘေးအတွက် လှူဒါန်းသွားဖို့စီစဉ်ထားတာကြောင့်ပါပဲ။မြန်မာနိုင်ငံက လူတွေရဲ့ ဆင်းရဲဒုက္ခတွေ ကလေးတွေရဲ့မျက်ရည်တွေကို သုတ်ပေးချင်တဲ့သန့်ဇင်ကသူကိုယ်တိုင်ပွဲခင်းထဲမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့လောင်းကြေးထပ်ထိုးသတ်ခဲ့ပေမယ့်ရှုံးနိမ့်ခဲ့တာကြောင့်အတော်လေးခံစားခဲ့ရပါတယ်။


ဒါကြောင့်လည်း သန့်ဇင်ရဲ့ချစ်ဖို့ကောင်းတဲ့စိတ်ဓာတ်ကိုသိနေတဲ့ပရိတ်သတ်တွေက သန့်ဇင်တစ်ယောက်အရှုံးနဲ့ပြန်လာတာကိုတောင် အားပေးမပျက်ပါပဲ။ ဒါ့အပြင် စိတ်ဓာတ်ကျနေတဲ့သန့်ဇင်ကို အမျိုးမျိုးဂုဏ်ပြုပေးခဲ့ကြသလို ပန်းချီးဆရာ ကိုလင်းကလည်းသန့်ဇင်ရဲ့ ပုံတူပန်းချီကိုလက်ဆောင်ပေးပြီးပါ ထပ်မံအားပေးခဲ့ပါသေးတယ်။ဒီလိူပရိတ်သတ်အားပေးမှုတွေကြောင့် သန့်ဇင်ကတော့ အတော်လေး ဝမ်းသာပျော်ရွှင်နေရပါတယ်။ရှုံးလည်းအားပေးတဲ့ ပရိတ်သတ်တွေကြောင့် သန့်ဇင်တို့ညီအစ်ကိုနှစ်ယောက်လုံး အတိုင်းမသိပျော်နေကြရပါတယ်။ပရိတ်သတ်တွေက သန့်ဇင်ရဲ့ အနိုင်ရရှိမှု အောင်မြင်မှုကိုချစ်ကြတာမဟုတ်ဘဲ သန့်ဇင်ဖြစ်နေလို့ကို ချစ်နေကြတာပါ။ဒါကြောင့်လည်း သန့်ဇင်ကတော့ သူနောက်ပွဲတွေမှာ ပိုကြိူးစားသွားပါ့မယ်လို့ကတိပေးလာပါတယ်။
မြန်မာပရိတါသတ်ကကျွန်တော်တို့အတွက် ကမ္ဘာ့အကောင်းဆုံးပရိတ်သတ်တွေပါပဲ ။အဲ့လိုပါပဲ သူတို့ကလည်း ကျွန်တော်တို့ရဲ့ ကမ္ဘာ့အကောင်းဆုံးလူတွေပါပဲ “ဆိုပြီး အားပေးနေတဲ့ပရိတ်သတ်တွေကိုကျေးဇူးတင်စကားဆိုလာပါတယ်။
“နောက်ပွဲတွေမှာ အကောင်းဆုံးကြိုးစားပြီး အနိုင်ယူဖိုပြန်လာမယ်”လို့လည်းဆိုပါတယ်။

သန့်ဇင်က မြန်မာနိုင်ငံမှာနေပြီး အစစအရာရာ နောက်ကောက်ကျနေတဲ့ မြန်မာနိုင်ငံမှာပဲ ထရိန်နင်ယူပြီး နိုင်ငံတကာပြိုင်ပွဲတွေကိုယှဉ်ပြိုင်လာတာတောင် မြန်မာတွေမညံ့ဘးဆိုတာပြနိုင်တဲ့ သူတစ်ယောက်ပဲ ။အသက်၁၉နှစ်အရွယ်ပဲရှိသေးပေမယ့် မိသားစု ၊ပတ်ဝန်းကျင် ၊နိုင်ငံအတွက် ကြိုးစားနေတဲ့ ကလေးတစ်ယောက်ရဲ့ကြိူစားမှုနဲ့ထမ်းပိုးထားရတဲ့တာဝန်တွေကအများကြီးပါပဲ။ဒါတွေကြောင့်လည်း ပရိတ်သတ်တွေက သနားဂရုဏာအပြည့်နဲ့အားပေးနေကြရသလို သန့်ဇင်ရဲ့အရည်အချင်းတွေကိုလည်းအသိအမှတ်မပြုလို့မရပါဘူး။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...