နေအရမ်းပူတာကြောင့် သီရိလင်္ကာအသင်းကို သရေကျခဲ့ခြင်း ဖြစ်ကြောင်း အာရှကျားကြီးအသင်း ပြောကြား

Local News Sports
နေအရမ်းပူတာကြောင့် သီရိလင်္ကာအသင်းကို သရေကျခဲ့ခြင်း
ဖြစ်ကြောင်း အာရှကျားကြီးအသင်း ပြောကြား

နေအရမ်းပူတာကြောင့် သီရိလင်္ကာအသင်းကို သရေကျခဲ့ခြင်း ဖြစ်ကြောင်း အာရှကျားကြီးအသင်း ပြောကြား (အရင်က ရေခဲတဲ့နေရာမှာ ကန်ခဲ့တာဆိုတော့လည်း နားလည်ပေးရမှာပေါ့)

ကမ္ဘာ့အဆင့် (၂၀၀) ရှိတဲ့ သီရိလင်္ကာအသင်းကို ပထမပွဲမှာ ဂိုးပြတ်နိုင်ခဲ့ပေမယ့် နောက်တပွဲမှာတော့ ဂိုးမရှိ သရေကျခဲ့ပါတယ်။ အာရှကျားကြီး အသင်းရဲ့ ထုံးစံအတိုင်း မနိုင်ရင် ဆင်ခြေတွေ ပေးပါပြီ။ အခုလည်း နေအရမ်းပူတာကြောင့် ကောင်းကောင်း မကစားနိုင်ဖြစ်ပြီး သီရိလင်္ကာအသင်းကို သရေကျသွားတယ်လို့ ပြောနေပါတယ်။

အပူပိုင်းဒေသမှာ ရှိတဲ့ မြန်မာပြည်က ကစားသမားတွေဟာ နေပူထဲ မကစားနိုင်ဘူးဆိုတော့ နောက်တခါဆို ည ၁၂ နာရီမှ ပွဲကစားခိုင်းရမယ်လို့ ပရိသ-တ်တွေက ပြောနေကြပါတယ်။

ညနေ ၆ နာရီမှ စခိုင်းရင်လည်း ပြိုင်ပွဲကျင်းပမယ့် သုဝဏ္ဏကွင်းမှာ မီးပြတ်နေလို့ မီးစက်မောင်းဖို့ ဒီဇယ်အလုံအလောက် မရှိတောကြာင့် ကွင်းထဲမှာ မီးမောင်းတွေ အပြည့်မထိုးနိုင်ဘူးလို့ သိရပါတယ်။ အဲဒီလောက်ထိ ပံ့ပိုးမှုကောင်းလို့ ခြေစွမ်းထက်နေတဲ့ အာရှကျားကြီးအသင်းကို ဖျက်သိမ်းပြီး နိုင်ငံခြားသွားကန်လို့ ကုန်မယ့်ငွေတွေကို ရေဘေးလှူလိုက်တာကမှ အကျိုးရှိဦးမယ်လို့ ပရိသ-တ်တွေက ဝေဖန်နေကြပါတယ်။

မကြာခင် လာတော့မယ့် အာဆီယံဘောလုံးပြိုင်ပွဲမှာ အာရှကျားကြီးအသင်း ဘယ်လိုပုံနဲ့ သောကတွေ ထပ်ပေးမလဲ ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...