မန်ယူအကြီးအကဲများ၏ တွေ့ဆုံဆွေးနွေးမှုပြီးဆုံးခဲ့သော်လည်း တိတ်ဆိတ်နေ၍ အိုးလ်ထရက်ဖို့ဒ်တွင် တန်ဟတ်ဆက်ရှိဖွယ်ရှိနေ

International News Sports
မန်ယူအကြီးအကဲများ၏ တွေ့ဆုံဆွေးနွေးမှုပြီးဆုံးခဲ့သော်လည်း
တိတ်ဆိတ်နေ၍ အိုးလ်ထရက်ဖို့ဒ်တွင် တန်ဟတ်ဆက်ရှိဖွယ်ရှိနေ

မန်ယူအကြီးအကဲများ၏ ခြောက်နာရီကျော် တွေ့ဆုံဆွေးနွေးမှု ပြီးဆုံးသွားခဲ့ပြီဖြစ်သော်လည်း တိတ်ဆိတ်ငြိမ်သက်နေသည့်အပြင် မန်နေဂျာတန်ဟတ်မှာလည်း ဘရန့်ဖို့ဒ်နှင့်ရင်ဆိုင်ရမည့် လာမည့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေခြင်းကြောင့် အိုးလ်ထရက်ဖို့ဒ်တွင် အပြောင်းအလဲတစ်စုံတစ်ရာ ဖြစ်ပေါ်လာနိုင်ဖွယ် မရှိကြောင်း သတင်းများ၏ သုံးသပ်ဖော်ပြချက်များအရ သိရသည်။

မန်ယူသည် ယခုရာသီအစတွင် ရလဒ်များ ဆက်တိုက်ဆိုးရွားနေကာ ပြိုင်ပွဲစုံ ၁၀ ပွဲကစားခဲ့ရာ၌ သုံးပွဲသာ အနိုင်ရရှိခဲ့သလို ပရီးမီးယားလိဂ်တွင်လည်း ၇ ပွဲကစားပြီးချိန်၌ ရမှတ်ရှစ်မှတ်သာရယူထားနိုင်၍ အဆင့် (၁၄) နေရာအထိရောက်ရှိနေရ၍ တန်ဟတ်၏ အနာဂတ်အတွက် မေးခွန်းထုတ်မှုများ ရှိခဲ့ခြင်းဖြစ်သည်။

အထူးသဖြင့် ဗီလာနှင့်သရေကျခဲ့သောပွဲအပြီး လွန်ခဲ့သောအင်္ဂါနေ့တွင် မန်ယူအကြီးတန်းအရာရှိများသည် လန်ဒန်ရှိ Ineos ရုံးချုပ်၌တွေ့ဆုံဆွေးနွေးမှုများကို ခြောက်နာရီကျော်ပြုလုပ်ခဲ့ကြသော်လည်း လက်ရှိအချိန်အထိတန်ဟတ်၏ အိုးလ်ထရက်ဖို့ဒ်အနာဂတ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာသတင်းထုတ်ပြန်ခြင်းမရှိခဲ့ဘဲ တိတ်ဆိတ်ငြိမ်သက်နေခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မန်နေဂျာတန်ဟတ်ကိုယ်တိုင်ကလည်း တည်ငြိမ်မှုရှိနေကာ နိုင်ငံတကာပွဲစဉ်များအပြီး အောက်တိုဘာ ၁၉ ရက်၌ ရင်ဆိုင်ရမည့် ဘရန့်ဖို့ဒ်နှင့်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်နေ၍ ၎င်းအနေဖြင့် မန်ယူ၌ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ခြင်းဖြစ်သည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...