မန်ယူအသင်းက မန်နေဂျာ တန်ဟတ်ကို ဖြုတ်လိုက်ပြီ
မန်ချက်စတာယူနိုက်တက်အသင်းမှာ ၂ နှစ်ခွဲကြာ မန်နေဂျာ တာဝန်ယူခဲ့ပြီးနောက် အဲရစ် တန်ဟတ်ကို အောက်တိုဘာ ၂၈ ရက် ဒီနေ့မှာပဲ တာဝန်ကနေ ရပ်စဲလိုက်ပါတယ်။
တနင်္လာနေ့က ကလပ်ရဲ့ဘုတ်အဖွဲ့အစည်းအဝေးအပြီး ဒီအကြောင်း နယ်သာလန်နိုင်ငံသား တန်ဟတ်ကို အသိပေးခဲ့တာ ဖြစ်ပါတယ်။
မနေ့တုန်းက လန်ဒန်က ဝက်စ်ဟမ်းအသင်းကို ၂-၁ ဂိုးနဲ့ ရှုံးခဲ့ပြီးနောက် ၂၄ နာရီအတွင်း တန်ဟတ်ကို မန်နေဂျာနေရာကနေ ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။
လက်ရှိ လက်ထောက်နည်းပြဖြစ်တဲ့ နစ္စတယ်ရွိုင်းကို အသင်းရဲ့ ယာယီနည်းပြအဖြစ် ခန့်ထားမှာ ဖြစ်ပါတယ်။
မန်နေဂျာကြီး အဲလက်စ် ဖာဂူဆန်နောက်ပိုင်း မန်ယူမှာ ဘယ်မန်နေဂျာမှ သုံးရာသီပြည့်အောင် တာဝန်မယူနိုင်ကြသေးပါဘူး။
မန်ယူအသင်းဟာ လောလောဆယ် ပရီမီးယားလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယားမှာ နံပါတ် ၁၄ နေရာမှာ ရှိပြီး နောက်ဆုံးကစားတဲ့ ပြိုင်ပွဲစုံ ပွဲစဉ် ၈ ပွဲမှာ ၁ ပွဲပဲ အနိုင်ရထားပါသေးတယ်။
တန်ဟတ်နေရာ ဘယ်သူ ရောက်လာနိုင်သလဲ။
လောလောဆယ်တော့ ဂရေဟန် ပေါ့တာ၊ ဘရန့်ဖို့ဒ်အသင်းက သောမတ်စ် ဖရန့်ခ်၊ လက်ရှိ လက်ထောက်နည်းပြ ရုဒ် ဗန် နစ္စတယ်ရွိုင်း၊ ဘာစီလိုနာ ဂန္ထဝင်ကစားသမားဟောင်း ဇာဗီ ဟာနန်ဒက်စ်တို့ထဲက တစ်ဦးဦး ဖြစ်မယ်လို့ ခန့်မှန်းနေကြပါတယ်။
ပရိသတ်တွေရော ဘယ်သူ မန်နေဂျာ ဖြစ်လာမယ် ထင်ပါသလဲ။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။