ဂျူပီတာဂြိုဟ်၏ လပေါ် သက်ရှိ ရှိနိုင်ခြေ စူးစမ်းရေးယာဉ် နာဆာလွှတ်တင်

International News Tech
ဂျူပီတာဂြိုဟ်၏ လပေါ် သက်ရှိ ရှိနိုင်ခြေ စူးစမ်းရေးယာဉ် နာဆာလွှတ်တင်

ကန်ဒေါ်လာ ၅ ဘီလီယံ အသုံးပြုခဲ့သည့် Europa Clipper အာကာသယာဉ်ကို အမေရိကန်အာကာသအေဂျင်စီ (NASA) က ကနေဒီ အာကာသစင်တာမှ အောင်မြင်စွာ လွှတ်တင်လိုက်ကြောင်း သိရသည်။

ဂျူပီတာဂြိုဟ်၏ ရေခဲနေသော လပေါ်သို့ ခြောက်နှစ်ကြာ ခရီးနှင်မည့် ယင်းအာကာသယာဉ်ကို SpaceX ၏ ဖယ်လ်ကွန် အကြီးစားဒုံပျံ က သယ်ဆောင်သွားခဲ့ကာ ၎င်းသွားရောက်မည့် လမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးခဲ့သည်။
“ကျွန်ုပ်တို့၏ ရေရှိသော ကမ္ဘာမှ နောက်ထပ် ရေရှိသောကမ္ဘာတစ်ခုကို စူးစမ်းလေ့လာရန် ဖြစ်ကြောင်း” ဂျူပီတာဂြိုဟ်၏ ရေခဲနေသော လပေါ်သို့ မိုင်ပေါင်း ၁ ဒသမ ၈ ဘီလီယံ ခရီးစဉ်နှင့်ပတ်သက်၍ နာဆာ က မှတ်ချက်ဖော်ပြခဲ့သည်။

ကမ္ဘာမြေပေါ်တွင် သက်ရှိဘဝ မည်သို့စတင်ခဲ့သည်ကို သိရှိနားလည်နိုင်ရန်နှင့် ဂျူပီတာ၏ လပေါ်တွင် သက်ရှိများ ရှင်သန်နိုင်မည်လားဆိုသည်ကို သိပ္ပံပညာရှင်များက သိရှိနိုင်ရန် ယခု စူးစမ်းလေ့လာရေးခရီးစဉ် က အကူအညီပေးမည်ဖြစ်ကြောင်း ကနေဒီ အာကာသစင်တာကလည်း ပြောကြားသည်။
Europa Clipper အာကာသယာဉ်သည် Europa လဆီသို့ ၂၀၃၀ ပြည့်နှစ် ဧပြီလတွင် ရောက်ရှိမည်ဟု ခန့်မှန်းထားကြသည်။

Europa လ၏ မိုင်နှင့်ချီ၍ ထူထပ်သော ရေခဲထုအောက်တွင် သက်ရှိများ ရှိနေနိုင်သည်ဟု သုတေသီများကို ယုံကြည်ကြပြီး ယခင် စူးစမ်းရေးခရီးစဉ်များအတွင်း ရေခဲထုအောက်မှ ရေများပန်းထွက်လာခဲ့သည်ကို သိပ္ပံပညာရှင်များက တွေ့ခဲ့ကြကြောင်း သိရသည်။

Europa Clipper စူးစမ်းရေးယာဉ်ပေါ်တွင် ပါဝင်သော ကိရိယာသစ်များကလည်း Europa ပေါ်တွင် သက်ရှိများရှိနိုင်ခြေ ရှိ ၊ မရှိ လေ့လာမှုကို အကူအညီပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...