ကမ္ဘာ့ပထမဆုံး ပုဂ္ဂလိကအာကာသစခန်း အမေရိကန်ကုမ္ပဏီတစ်ခု တည်ဆောက်မည်

International News Tech
ကမ္ဘာ့ပထမဆုံး ပုဂ္ဂလိကအာကာသစခန်း
အမေရိကန်ကုမ္ပဏီတစ်ခု တည်ဆောက်မည်

အမေရိကန်ပြည်ထောင်စုအခြေစိုက် Vast လို့ခေါ်တဲ့ အာကာသနည်းပညာ ကုမ္ပဏီတစ်ခုဟာ ကမ္ဘာ့ပထမဆုံးပုဂ္ဂလိကအာကာသစခန်း ဒီဇိုင်းပုံစံကို ထုတ်ဖော်ပြသထားပါတယ်။

Haven-1 လို့ အမည်ပေးထားတဲ့ အဲဒီ ပုဂ္ဂလိက အာကာသစခန်းဟာ လက်ရှိ နိုင်ငံတကာအာကာသစခန်း(အိုင်အက်စ်အက်စ်)ထက် ပိုပြီး ခေတ်မီဆန်းသစ်ပါတယ်လို့ Vast ကုမ္ပဏီတာဝန်ရှိသူတွေက ဆိုပါတယ်။

Haven-1 အာကာသစခန်းဟာ ဒြပ်ဆွဲအား သုညအခြေအနေမှာ နေကြရမယ့် အာကာသယာဉ်ခန်းမှူးတွေသဘာဝကျကျနဲ့ အဆင်အပြေဆုံး နေနိုင်ဖို့အတွက် ပုံစံထုတ်တည်ဆောက်မယ့် အာကာသစခန်းဖြစ်ပါတယ်လို့ Vast ကုမ္ပဏီတာဝန်ရှိသူတွေက ဆိုပါတယ်။

Haven-1 ပုဂ္ဂလိကအာကာသစခန်းမှာ အာကာသယာဉ်မှူး သီးသန့်ခန်း လေးခန်းပါဝင်ပြီး အဲဒီအခန်းတွေရဲ့ အကျယ်အဝန်းဟာ အိုင်အက်စ်အက်စ်ပေါ်က အခန်းတွေထက် ပိုကျယ်ဝန်းပြီး အာကာသယာဉ်မှူးတွေအတွက် အဆင့်မြင့်နည်းပညာသုံး အားကစားရုံတစ်ရုံလည်း ပါဝင်တယ်လို့သိရပါတယ်။

Vast ကုမ္ပဏီဟာ Haven-1 အာကာသစခန်းကို လာမည့်နှစ်ထဲမှာ စတင်တည်ဆောက်ဖို့ စီစဉ်ထားပါတယ်။ Haven-1 အာကာသစခန်းရဲ့ ဒီဇိုင်းပုံစံဟာ အိုင်အက်စ်အက်စ်ပေါ် က အာကာသယာဉ်မှူးတွေ လက်ရှိ ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကို ဖြေရှင်းပေးထားပါတယ်လို့ Vast ကုမ္ပဏီကဆိုပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...