“ လပြည့်နေ့ ကံလမ်းဖွင့်ကုသိုလ် ”
လပြည့်နေ့ မနက် ၅:၀၀ မှ ၁၁:၃၀ အတွင်း
မိမိအဆင်ပြေသောအချိန်တွင်မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား ကပ်လှူပူဇော်ရပါမယ်။
ညမှပူဇော်မည်ဆိုလျှင် (စားစရာမပါ)ပဲ
ကျန်တာအားလုံး အတူတူပါ
လပြည့်နေ့စ၍ မိမိမှာရှိသော မကောင်းသောဂြိုဟ်ဆိုး၊ဂြိုဟ်နင်း၊အညံ့၊အဆိုးများကင်းစင်၍ ကံမြင့်၊လာဘ်ပွင့်စေရန်ဖြစ်ပါသည်
သေချာတိကျစွာယုံကြည်ပြုလုပ်ပါ၊ရက်ပိုင်းအတွင်းအကျိုးထူးပေးပါသည်။
မိမိနေအိမ်ဘုရားတွင်
ဆန်၊ဆီ၊ဆေး၊ဆား တစ်စုံ
(စွန့်တဲ့အခါ ဆရာလေးတွေကိုပြန်လှူလို့ရလောက်တဲ့ အထုပ်/ဗူးလေးတွေ တစ်စုံ)
လက်ဖက်တစ်ပွဲ (အကြော်၊နှမ်းတွေထည့်တဲ့ပွဲ)
မလိုင်မုန့် ၉ ခု (သို့) မလိုင်လုံး ၉ လုံး
ကော်ဖီတစ်ခွက် ၊ကိတ်မုန့် နှစ်ခု (အစို)
သောက်တော်ရေ ၃ ခွက်
အလင်းတိုင် ၃ တိုင်
နံ့သာတိုင် ၃တိုင်
(အဆင်ပြေသူဆိုရင်-ယိုကိုးမျိုး၊သစ်သီးကိုးမျိုးထည့်လည်းရပါတယ်။ မထည့်လည်းရပါတယ်
အခြားလှူဖွယ်များအား မိမိသဒ္ဓါရှိသလို လှူဒါန်းနိုင်ပါတယ်
အချို့အရာတွေ ခက်ခဲရင်၊ မပါလည်း ရပါတယ်)
သက်တော်ထင်ရှားဘုရားအားရည်မှန်း၍
“——-နေ့သား/သမီး …မောင်/မ——မှ
ဤ——— လှူဖွယ်များအား
သဒ္ဓါကြည်ဖြူ ရိုသေစွာလှူဒါန်းပါ၏အရှင်ဘုရား” ဆိုပြီး
စိတ်ကိုအေးချမ်းကြည်လင်စွာထားပြီး တရိုတသေ ဆက်ကပ်လှူဒါန်းပါ။
ခင်ပွန်းကြီးဆယ်ပါး မမေ့မလျော့ကန်တော့ပါ။
ရှစ်ပါးသီလစောင့်တည်ပါ။
မေတ္တာသုတ် ၁ ခေါက် ပူဇော်ပါ။
ပုဗ္ဗဏှသုတ် ၁ ခေါက် ပူဇော်ပါ။
“စတုသစ်စံ မဟာလာဘံ
စတုသစ်စံ မဟာဓနံ
စတုသစ္စံ မဟာသုခံ
စတုသစ်စံ မဟာဝီရံ “
ဂါထာကို ၂၇ ခေါက်ပူဇော်ပါ။
၃၁ဘုံ… အမျှဝေပါ၊မေတ္တာပို့သပါ။
“ဤသို့လှူဒါန်းရသောဒါန၊စောင့်တည်ရသောသီလ၊ပွါးများကျင့်ကြံရသော စရဏကုသိုလ်များကြောင့် …..
အရပ်ဆယ်မျက်နှာမှ ကောင်းကျိုး၊ကောင်းကံများ၊ငွေကြေးလာဘ်လာဘတို့သည် မုချမသွေ ဆိုက်ဆိုက်မြိုက်မြိုက် ရရှိပါစေ” ဟု ဆုတောင်းပါ။
နေ့လည် ၄ နာရီတွင်
နွမ်းပါးသူတွေ့လျှင် ၅/၅၀၀/၅၀၀၀ စသဖြင့်စွန့်ကျဲပါ(သို့)ငွေ ၅/၅၀၀/၅၀၀၀ ပံ့သကူပြစ်ပါ။
ဤကုသိုလ်များအား ၃၁သားအားလုံးတို့အား အမျှပေးဝေပါ။
ညမှာ.. လပြည့်ဝန်းကြီမြင်လျှင်လည်း သည်ကုသိုလ်တွေ သစ္စာပြု၍ ထပ်ဆုတောင်းနိုင်ပါ၏။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။