ဓတရဋ္ဌနတ်မင်းကြီး အစောင့်ရမန္တန်
ဟိုရှေးရက်က သူရဿတီမယ်တော်ကြီးအစောင့်ရမန္တန်၊သုံးဆယ့်ခုနှစ်မင်းအစောင့်ရမန္တန်တွေကို ဖော်ပြပြီးတဲ့နောက် လာတောင်းဆိုသူများရဲ့ဆန္ဒအရ
စတုလောကပါလနတ်မင်းကြီးလေးပါးဟုဆိုအပ်သော နတ်ဘုံခြောက်ထပ်ဝယ် ပထမဦးဆုံးလူ့ဘုံနှင့်ထိစပ်နေသည့် စတုမဟာရာဇ်နတ်ဘုံ၌ စိုးစံတော်မူသည့် နတ်မင်းကြီးလေးပါးထဲမှ မြင်းမိုရ်တောင်၏အရှေ့အရပ်မျက်နှာ၌တည်သော ဂန္ဓဗ္ဗနတ်တို့ကိုအစိုးရသည့် ဓတရဋ္ဌနတ်မင်းကြီး၏
အစောင့်ရမန္တန်ကိုဖော်ပြပေးပါမယ်
“နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗဒ္ဓဿ”
“ဥုံ ပုရိမဥ္စ ဒိသံ ရာဇာ၊ ဓတရဋ္ဌော ပသာသတိ
ဂန္ဓဗ္ဗာနံ အဓိပတိ၊ မဟာ ရာဇာ ယသဿိသော
ပုတ္တာပိ တဿ ဗဟဝေါ၊ ဣန္ဒ နာမာ မဟဗ္ဗလာ
သောရာဇာသဟပုတ္တေဟိ၊ သဒါသောတ္ထိံ ကရောတု မေ”
“ဥုံ ဇမ္ဗူ ဒီပါ ကျွန်းလကျ်ာ တွင် အရှေ့ အရပ်မျက်နှာ စောင့်တည်ကာဖြင့် တေဇာတော် လျှမ်းသည့် ဂန္ဓဗ္ဗနွယ်ရိုး နတ်အမျိုးတို့ကို အုပ်စိုးပိုင်နင်း ဓတရဋ္ဌ မည်သော ရှင်နတ်မင်း သား(သမီး)ကြီး ယခုပင့်ခေါ်ပြုသည် သားတော်(သမီးတော်)အား ထင်ရှား ယခုမပါလေလော့ သား(သမီး)ရင်းပမာ ရှုကာရွေးကောက် ဘေးမရောက်အောင် ဆောင်မကူညီစောင့်ရှောက်ပါလော့ မကြာချက်ချင်း ကိုယ်တိုင်ချဥ်းလျက် မယွင်းနိစ္စ ဆောင်မစေငှာ အောင်ရာအောင်ကြောင်း အောင်ဆုတောင်းသည် သား(သမီး)ရှင် ကျွန်ုပ်အား ထင်ရှားကူညီ မစ စောင့်ရှောက်ပါစေသတည်း ဓတရဋ္ဌဒေဝါ ပရိဝါရဒေဝါ အဝေရာ အဗျာပဇ္ဇာ အနီဃာ ဟောန္တု သုခိအတ္တာနံ ပရိဟရန္တု ဒုက္ခာမုစ္ဆန္တု သုခိတာ ဟောထ မမံ ဒေဝါ အနုရက္ခန္တု အနုရက္ခန္တု မမံ ဒေဝါ သဗ္ဗဒါ ဥုံ။
အထက်ပါမန္တန်တော်မြတ်ကြီးကို ပုံမှန်ရွတ်ဖတ်ခြင်းဖြင့် ဓတရဋ္ဌနတ်မင်းကြီး၏ အလေးပေး စောင့်ရှောက်ခြင်းကို ခံရစေပြီး ဂန္ဓဗ္ဗနတ်တို့၏ အစောင့်အရှောက်များကိုရရှိစေပါသည် အရှေ့အရပ် အရှေ့တောင်အရပ် အရှေ့မြောက်အရပ် ကြားအရပ်များမှ အန္တရာယ် ဘေးရန်များ မရောက်ရှိအောင် ကူညီစောင့်ရှောက်ခြင်းကို မုချ ရရှိပါလိမ့်မည်။
နောက်ရက်ကျမှ ကျန်နတ်မင်းကြီးများ၏အစောင့်ရမန္တန်များကိုဆက်လက်ဖော်ပြပါဦးမည်။အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။