“နေဝင်မီးလတ် စီးပွားတက်”
ရှေးမြန်မာလောကီပညာရှင်ကြီးများသည်
နေဝင်မီးလတ် စီးပွားတတ် ဟူသော ဆိုးရိုးစကားကို
အများအကျိုးငှာ ဖန်တီးထားရစ်ခဲ့ပေသည်။
၄င်းဆိုရိုးစကားကို လွယ်ကူစွာ ပြောဆိုနေကြသော်လည်း
လက်တွေ့တွင်ကာ အသုံးချသူ နည်းပါးလှပေသည်။
ရှေးပညာရှိကြီးများ ချမှတ်ခဲ့သော
နေဝင်မီးလတ် စီးပွားတက်ဟူသော စကားအရ
နေဝင်ချိန်တွင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား
ပုံမှန်ဆီမီး ပူဇော်ခြင်းဖြင့် ငွေကြေးဥစ္စာဓန တိုးပွားလာခြင်း ရှိလာပေမည်။
ဇွဲရှိရှိဖြင့် သဒ္ဓါတရား ထက်သန််စွာ ပူဇော်ခြင်းဖြင့် စီးပွားတရိပ်ရိပ် တက်လာခြင်း
လုပ်ငန်းအောင်မြင်ခြင်းများ ဖြစ်ထွန်းလာပေလိမ့်မည်။
ဤ”နေဝင်မီးလတ်စီးပွားတက်” အစီအရင်ကို ဇွဲရှှိရှိဖြင့် ပုံမှန်လုပ်ဆောင်သွားရန်
အထူးအရေးကြီးပါသည်။
လုပ်ဆောင်ပုံမှာ
ညနေ နေဝင်ချိန်တိုင်း ဆီမီးခွက်(ဝါ)
မြေခွက်အသေးထဲတွင် ပဲဆီသန့်သန့်ကို
ဖြည့်ပြီး မီးစာ(သို့)ဂွမ်းစဖြင့် ဆီမီး ထွန်းညှိကာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအားရည်မှန်း၍ ဆီမီးကပ်လှူခြင်း ပြုရပေမည်။
(အခြားဆီများထက် ပဲဆီကို အသုံးပြုခြင်းက ပိုမို ကောင်းမွန်စေသော ဓာတ်ဖြစ်ထွန်းသည်ကိုတွေ့ရပါသည်။ မြန်မာလောကီပညာတွင် ပဲဆီဖြင့် ဆီမီးထွန်းခြင်းက စီးပွားဥစ္စာဓန အတွက်ပိုမိုအကျိုးပြုသော သဘောကို ဆရာသခင်ကြီးများက ဩဝါဒ ပေးခဲ့ပါသည်။)
ဆီမီးကို အပေါ်က ပြောထားသည့်အတိုင်း လုပ်ရန် ခက်ခဲသူများ အနေဖြင့်
မြေခွက် ထဲတွင် အလင်းတိုင်(ခ)ဖယောင်းတိုင် အသုံးပြုကာ
ပူဇော်နိုင်ပါသည်။
မြန်မာလ အလိုက် အနီးစပ်ဆုံး နေဝင်ချိန် နာရီ၊မိနစ်ပိုင်းများမှာအောက်ပါ အတိုင်း ဖြစ်သည်။
လအလိုက် ညနေ နေဝင်ချိန်များ
တန်ခူးလ ➡️ ၆နာရီ
ကဆုန်လ ➡️ ၆နာရီ ၁၀မိနစ်
နယုန်လ ➡️ ၆နာရီ ၂၀မိနစ်
ဝါဆိုလ ➡️ ၆နာရီ ၃၀မိနစ်
ဝါခေါင်လ ➡️ ၆နာရီ ၂၀မိနစ်
တော်သလင်းလ ➡️ ၆နာရီ ၁၀မိနစ်
သီတင်းကျွတ်လ ➡️ ၆နာရီ
တန်ဆောင်မုန်းလ ➡️ ၅နာရီ ၅၀မိနစ်
နတ်တော်လ ➡️ ၅နာရီ ၄၀မိနစ်
ပြာသိုလ ➡️ ၅နာရီ ၃၀မိနစ်
တပို့တွဲလ ➡️ ၅နာရီ ၄၀မိနစ်
တပေါင်းလ ➡️ ၅နာရီ ၅၀မိနစ်
ထိုကဲ့သို့ နေဝင်ချိန်တွင် ဆီမီးထွန်းညှိပြီးနောက်
ဒီဝါတပတိ ဂါထာတော်ကြီးကို (၉) ကြိမ် ရွတ်ဖတ်ပူဇော်ပေးပါ။
အခြားသော လာဘ်လာဘဆိုင်ရာ ဂါထာများလည်း
ရွတ်ဖတ်ပူဇော်ပေးနိုင်ပါတယ်။
နေဝင်မီးလတ်စီးပွားတက် အစီအရင်ကို ညနေနေဝင်ချိန်တွင်
ဇွဲရှိစွာ ကုသိုလ်ပြုခြင်းဖြင့် ၇ရက်သားသမီး အပေါင်း
လုပ်ငန်းစီးပွားများ ဒီရေအလား ဖြစ်ထွန်းကြပါစေသတည်း။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။