မွေးရက် နဲ့ အကျင့်စရိုက်များ
အခုပြောတဲ့ အကြောင်းအရာ များကို မှန်မမှန် သင်ကိုယ်တိုင် နဲ့ သင့်ပါတ်ဝန်းကျင် က မိဘ၊ညီအကိုမောင်နှမ၊ အိမ်ထောင်ဖက်၊သားသမီး စတဲ့ ရင်းနှီးသူများ ထံမှာ စစ်ကြည့်ပါ။ သိထားရင် ပြင်သင့်တာကို ပြင်နိုင်ပါလိမ့်မယ်။
တကယ်လို့များ မွေးရက် နဲ့ အကျင့်စရိုက် က မတိုက်ဆိုင်ဘူး ဆိုရင်တော့ အဲဒီလူဟာ လူတော်တယောက်ပါ။ သူ့မှာရှိတဲ့ မကောင်းတဲ့ အကျင့်စရိုက်များကို နားလည်သိရှိ ပြုပြင်ထားလို့ပါ။
မည်သည့် လမှာ မွေးသည် ဖြစ်စေ မွေးရက်ကိုသာ ယူပြီးပြောတာပါ။
မွေးရက် ၂၊၁၆၊၂၈၊၃၀ ဖြစ်ခဲ့ရင် Workaholics လို့ခေါ်ကြတဲ့ အလုပ်ကို အသဲအသန် လုပ်သူများ၊ မရပ်မနားလုပ်သူများ၊ ကျန်းမာရေးထိခိုက် နိုင်သော်လည်း မရပ်မနားဘဲကို လုပ်ကြသူများဖြစ်ပါတယ်။
၂၁၊ ၂၉၊ ၃၁၊ ၅၊ ၁၁၊ ၁၃၊ ၂၂ မွေးဖွားသူများကိုတော့ Unconventional person လို့ခေါ်ကြပါတယ်။ သူတို့ဟာ ရိုးရာအစဉ်အလာ၊ ဓလေ့ထုံးစံ၊ စတဲ့ လူအများလက်ခံကျင့်သုံးလိုက်နာ တဲ့ အရာများကို အလွယ်တကူ လက်ခံသူများ မဟုတ်ကြပါ။ ဝေဖန်စမ်းစစ်ပြီး သူတို့ ယုံကြည်နားလည်နိုင်မှသာ လက်ခံကြတာမို့ လူအများနဲ့ မတူကြပါ။
၇ ၊ ၁၂ ၊ ၁၄ မှာမွေးသူများကတော့ Possessive people များပါ။ တကိုယ်ကောင်းဆန် တယ်လို့ လူအများက သတ်မှတ်ကြပါတယ်။ ကလေးဘ၀ငယ်စဉ်မှာ ထဲက သိသာပြီး အရွယ်ရောက်ရင် ချစ်တဲ့သူ မှန်သမျှကို You are mine ဆိုတဲ့ သဘောနဲ့ တဉီးတည်း ပိုင်ဆိုင် လိုစိတ်များကြပါတယ်။
၁၉၊ ၂၀၊ ၂၃၊ ၂၄ ၊ ၂၆ တရက်မှာ မွေးခဲ့ရင်တော့ သင့်ကို Stubborn person လို့ခေါ်ကြပါလိမ့်မယ်။ သင်ယုံကြည်ရာ တခုကို ကိုင်ဆွဲထားပြီး ပြောင်းလဲဖို့ အင်မတန်မှခက်လှပါတယ်။ အငြင်းသန်ပြီး အတွေးအခေါ် ယုံကြည်မှုကို ပြောင်းလဲဖို့ မဖြစ်နိုင်သလောက်ခဲယဉ်းကြသူများပါ။
သင့်မွေးရက်က ၃၊၁၈၊၂၇ ဆိုရင်တော့ သင့်ဟာ Pedantic person လို့သတ်မှတ်ကြပါတယ်။ သူတပါး ရဲ့ အမှားကို ထောက်ပြဝေဖန် ဖို့ မကြောက်မရွံကြပါ။ သူတပါးရဲ့ အားနည်းချက် နဲ့ အမှားများကို ပြောတတ်လို့ အပေါင်းအသင်းနည်းကြပါတယ်။
၁၊၆၊၈၊၉၊၁၅ ရက် မွေးသူများကတော့ Depressive လို့ခေါ်ကြတဲ့ အမြဲလို ၀မ်းနည်းနေတတ်ကြ စိတ်ဓါတ်ကျနေသူများပါ။ သူတို့ကိုယ်သူတို့ victim များလို့ သတ်မှတ်ပြီး အားငယ် ၀မ်းနည်းနေကြသူများပါ။ ကောင်းတဲ့ mood ကို ရလည်း တရက်နှစ်ရက်ထက်မပိုပါ။
မွေးရက် ၄၊ ၁၀၊ ၁၇၊ ၂၅ ဖြစ်ခဲ့ရင် Unpredicatable လို့ခေါ်တဲ့ ခန့်မှန်းရခက်သူများပါ။ သူတို့ ဘာလုပ်မယ် ဆိုတာ ခန့်မှန်း ရခက်သလို သူတို့ ဘာကြိုက်သလဲ သူတို့ ဘာတွေ တွေးနေသလဲ ဆိုတာလည်း ခန့်မှန်းဖို့ ခက်လှပါတယ်။ သူတို့ကို extraordinary လို့တောင်ခေါ်ကြပါတယ်။
ချစ်ခြင်းမေတ္တာဖြင့်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။