သင့်အိမ်မှာရှင်သီဝလိဆင်းတုတော်ရှိလျှင် သိထားသင့်တဲ့ လောကီပညာလျှို့ဝှက်ချက်များ
သင့်အိမ်ရှိ ရှင်သီဝလိဆင်းတုတော်၏ လောကီပညာလျှို့ဝှက်ချက်နှင့်အသုံးပြုနည်း(1)
ဒီတခါမှာတော့ နေအိမ်တိုင်းမှာ
ကိုယ်စီကိုးကွယ်ဆည်းကပ်ထားတဲ့
အရှင်သီဝလိဆင်းတုနဲ့ဆက်စပ်တဲ့
လောကီပညာလျှို့ဝှက်ချက်ထဲကမှ
ယတြာအစီအရင်ပိုင်းကို
ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
လောကီပညာ တြိမဏ္ဍလအတတ်ရဲ့
ဟိတ်ပညာပိုင်းနဲ့ဓာတ်ပညာအပိုင်းမှာ
အဓိကစီရင်ထုံးကပါရှိတာဖြစ်ပါတယ်။
စီရင်နည်းမှာ …
သင့်မှာအကြတ်အတည်းနဲ့
စိတ်ညစ်စရာများတဲ့အခါမှာ
====
အရှင်သီဝလိရုပ်ပွားတော်ထံတွင်
စနေနေ့ ည 9 30 မှာ
အလင်းတိုင်အဝါနှစ်တိုင်ပူး၊
ကြက်လျှာအနီဆယ်လက်ပူဇော်ပါ။
အညံအဆိုးများစိတ်ညစ်ခြင်းများ
ပပျောက်သွားပါမယ်။
ရောင်းပန်းသာ၍ ဝယ်ပန်းလှပြီးဝင်ငွေစီးပွား တိုးတက်လိုတဲ့အခါ.
သောကြာနေ့ မနက်စောစော မှာ
အရှင်သီဝလိကိုယ်တော်ကို ရည်မှန်း၍
အလင်းတိုင်အဖြူနှစ်တိုင်ပူး၊
သစ်သီးဆွမ်း
(နှစ်သက်ရာသစ်သီးသုံးမျိုးနှင့်အထက်)ကပ်လှူ
ပူဇော်ဆုတောင်းယူပါ။
မကြာခင်သိသာသော
အကျိုးကို ခံစားရပါမယ်။
မျက်နှာပွင့်လန်းပြောဆိုစကား အောင်မြင်လိုက
ဗုဒ္ဓဟူးနေ့ နံနက်စောစောမှာ
ရှင်သီဝလိကိုယ်တော်ကို ရည်မှန်း၍
ရုပ်ပွားတော်တွင် မီးတိုင်
အနီနှစ်တိုင်ပူး၊သစ်သီးဆွမ်း၊
ထီးအနီဆယ်လက်ကပ်လှူပူဇော်ဆုတောင်းယူပါ။
အကျိုးသွားကို မကြာခံစားရပါမယ်။
ဖော်ပြပါအစီအမံတွေက
နေအိမ်မှာပူဇော်ထားတဲ့
မည်သည့်အရှင်သီဝလိဆင်းတုမှာမဆို
ဆောင်ရွက်နိူင်ပါတယ်။
အရေးကြီးအနေနဲ့
အစီအမံမဆောင်ရွက်မီ
ဘုရားဝတ်ပြူသီလယူပြီး
ရုပ်ပွားတော်ရှေ့မှာ
မန္တန် သုံးဆယ့်ခုနစ်ခေါက်ရွတ်ရပါမယ်။
မန္တန်ကတော့
ဉုံ သီဝလိစ မဟာထေရံ
သဗျဗလာဘံ ဘဝိဿတိ။
အစီအမံနဲ့ စီရင်ထုံးတွေကမပြီးသေးပါဖူး။
ကျန်ပါဥိးမယ်။
အပိုင်းနှစ်မှာပိူမြင့်တဲ့ကဏ္ဍတွေကို
ဖော်ပြသွားမှာပါ။
သင့်အိမ်ရှိရှင်သီဝလိဆင်းတုတော်၏ လောကီပညာဆိုင်ရာ လျှို့ဝှက်ချက်နှင့်အသုံးပြုနည်း (အပိုင်း ၂ )
ရက် ၂၀ အတွင်းထူးနည်း
လုပ်ငန်းစီးပွားနဲ့ ဆိုင်တဲ့ကိစ္စတွေမှာ
ရက်နှစ်ဆယ်အတွင်း ဝင်ငွေဝင်ဖို့ထူးခြားစေဖို့အတွက် အရှင်သီဝလိရုပ်ပွားတော်ကို
နေ့ရက်မရွေး နံနက် ခုနစ်နာရီမတိုင်မီ
မနက်စောစောမှာ ယိုသုံးမျိုး
ယပ်တစင်း ကပ်လှုပါ။
နေ့စဉ် ဝတ်ပြုဆုတောင်းပြီး
သတ္တဝါတိုင်းအား မေတ္တာပို့ပါ။
ရက်နှစ်ဆယ်အတွင်းထူးခြားပါလိမ့်မည်။
ဘုန်းတော်သာဘိ သီဝလိ
အပတ်စဉ် ဗုဒ္ဓဟူးနေ့နံနက် ခုနစ်နာရီနဲ့
သောကြာနေ့နံနက် ခုနစ်နာရီတို့မှာ
အရှင်သီဝလိ ဆင်းတုရှေ့၌
မီးတိုင်အနီနှစ်တိုင်ပူး
ရေချမ်းနှစ်ခွက် ကပ်လှူ၍
ကိုယ်တော်တိုင်ကြွဖို့ ပင့်လျှောက်ပြီး
မိမိတို့ ဆန္ဒရှိသောဆွမ်းခဲဘွယ်
ဘောစဉ်တို့ကို ကပ်လှူပါက
ဘုန်းတန်ခိုးကြီးခြင်း
ပြောဆိုစကားအောင်မြင်ခြင်း
မိမိအားအံမတုနိုင်ခြင်းစသော
အကျိုးကျေးဇူးကို ခံစားရပါမယ်။
အေးချမ်းစေဖို့ ဘုန်းတော်ခို
ကိုယ်စိတ်နှစ်ပါးအေးချမ်းလိုတဲ့အခါ
အပူသောကများငြိမ်းလိုအခါ
လက်ရှိဖြစ်နေတဲ့ အခက်အခဲများပြေလိုတဲ့အခါ
တနင်္ဂနွေနေ့ရဲ့ ညနေ ခြောက်နာရီမှာ
မီးတိုင်အဖြူနှစ်တိုင်ပူး အောင်သပြေညွှန့်နှစ်ခိုင်
ယပ်နှစ်စင်း တို့ကို ကပ်လှူ၍
ဘုန်းတော်ရိပ်ကြောင့်အေးချမ်းဖို့ကိုဆုတောင်းယူပါ
မကြာထင်ရှားပါလိမ့်မည်။
ဖော်ပြပါအစီအမံတွေက
နေအိမ်မှာပူဇော်ထားတဲ့
မည်သည့်အရှင်သီဝလိဆင်းတုမှာမဆို
ဆောင်ရွက်နိူင်ပါတယ်။
Original credit ..
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။