သားရွှေသွေးရယ် လိမ္မာကွယ်
မိဘတိုင်း မိမိသားသမီး ရတနာတွေကို ထားစရာမရှိအောင် ချစ်ခင်ကြပါတယ်။ ဒီချစ်ခင်မှုကြောင့်ပဲ အလိုလိုက် အကြိုက်ဆောင်ထား မပြောရက် မဆိုရက်အောင် အလိုလိုက်ထားတွေကြောင့် မိဘတွေမှာ သား သမီးကြီးလာတော့ အခက်ပွေလာပါတယ် ။ အဲဒါက ဘာလဲဆိုတော့ မိဘဆိုဆုံးမမှုကို နားမထောင် ပြန်ခံပြောခြင်းကို အနဲနဲ့အများ ကြုံတွေ့ရတတ်ပါတယ် ။တချို့ကျတော့လည်း ငယ်ငယ်က မိဘဆိုဆုံးမမှု နာခံပေမဲ့ ကြီးလာလေ ဂျစ်တိုက်ခံပြောတတ် ရှိသလို ၊ပြန်မပြော နားမထောင် ကလေးများ လည်းရှိပြန်ပါသေးတယ်။ မိခင်များ သောကပျောက်စေရန်အတွက် ရည်ရွယ်ပြီး ရေးသားအပ်ပါသည်။
၁။ ထင်းချောင်း တစ်ချောင်းတွင် သားသမီး အမည်ကို ရေးပါ။ ထိုနာမည်ရေးထားသော သစ်သားချောင်းပေါ် တွင် ဖယောင်းတိုင် တတိုင်နေ့စဉ်ထွန်း ဆုတောင်းပါ။ သားသမီး သက်စေ့ရက် အထိ နေ့စဉ်ထွန်းညှိုပါ။
၂။ အဟံဘန္တေ (xxxxxx) ဘဂဝန္တံ သရဏံ ဂစ္ဆတိ
ဓမ္မဥ္စ ဘိက္ခု သံဃဥ္စ ဥပသကံ တံ ဘဂဝါတရေ
အဇ္ဇ တဂ္ဂေ ပဏုပေတံ သရဏံဂတိ။
အထက်ပါ ဂါထာကို ရေခွက်၁ခွက်ကိုင်ပြီး သားသမီးသက်စေ့ ရွတ်ဆိုပါ။ ပြီးနောက် ထိုရေအား သားသမီးကို တိုက်ပါ။ (xxxxxx) ထိုထဲတွင် ကလေးနာမည်ထည့်ရွတ်ဆိုပါ။
များမကြာမီ သင့်ရဲ့သားသမီး ရတနာတွေ လိမ္မာရေးချား ရှိလာတာကို တွေ့မြင်လာရပါလိမ့်မည်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။