အရမ်းမှန်လွန်းသော_ဆင်မင်းဗေဒင်ကိန်း

Astrology
အရမ်းမှန်လွန်းသော_ဆင်မင်းဗေဒင်ကိန်း

( ကိုယ်တိုင်မတွက်တတ်လျှင် ယခုရောက်နေသောအသက်နဲ့ ဘာနေ့သား/သမီးဆိုတာ မန့်ခဲ့ပေးပါ ) တွက်နည်းက လွယ်ပါတယ်။
မိမိရောက်သော
အသက်ကို ( ၈)ခုနဲ့ စားပါ။
အကြွင်းကို မှတ်ပြီး
ဆင်ပုံထဲအတိုင်း မိမိမွေးနေ့နံမှ
ရေတွက်သွားရမှာ ဖြစ်ပါသည်။

ဥပမာ = အသက် ၂ဝ တနင်္လာသားကိုတွက်ပြပါ့မယ်။
၂၀ + ၈ = အကြွင်း ၄ ကြွင်းပါတယ်။
တနင်္ဂနွေးနံသည် = ၁
တနင်္လာနံသည် = ၂
အင်္ဂါနံသည် = ၃ စသည်။
ကဲဒီလောက်ဆို နာလည်းလောက်ပါပီ။
အကြွင်း ၄ ကို ပြန်ကြည့်ရအောင်

တနင်္လာသား ဖြစ်သောကြောင့်
(၂) ဂဏန်းရှိရာမှစပြီး လက်ယာရစ်ရေးချသွားပါက ၅ အက္ခရာရှိရာ ဝမ်းဗိုက်ကိုရောက်ပါတယ်။ မိမိရဲ့တစ်နှစ်တာ အဖြေလဲ ၅မှာ ပင်ဖြစ်၏။
အကြွင်း ၄ ကို ပြန်ကြည့်ရအောင်
တနင်္လာသား ဖြစ်သောကြောင့်
(၂) ဂဏန်းရှိရာမှစပြီး လက်ယာရစ်ရေးချသွားပါက ၅အက္ခရာရှိရာ ဝမ်းဗိုက်ကိုရောက်ပါတယ်။ မိမိရဲ့ တနှစ်တာ အဖြေလဲ ၅မှာပင် ဖြစ်၏။ မိမိရဲ့ကံကို ကြည့်ကြမည်စို့။

{၁} #ဦးခေါင်းကို ရောက်တဲ့အတွက်
ဒီနှစ်ကြံတိုင်အောင်မည်
မင်းခစားဆိုရင် အကြီးကဲဖြစ်မယ်။
မိမိအလုပ်ရှင်ကို ရိုသေလေးစာပြုရင်
ရာထူးတိုးမယ်။ စီးပွားရေး အလုပ်အကိုင်အဆင်ပြေမယ် ။ ကျန်မားရေးက ခေါင်းကိုက် ခေါင်မူးနေမယ်။ အချစ်ရေးကအဆင်ပြေပါမယ်။ အိမ်ထောင်သည်များအထင်မြင်လွဲ၍ စကားများပြီး ရန်ဖြစ်တတ်တည် သတိထားပါ။

{၂} #ကျောကုန်ပေါ်ကျရောက်သဖြင့်
အဝေးကဆွေမျိုး မိတ်ဆွေများရောက်မည်။ ဆွေးမျိုး မိတ်ဆွေများ ရောက်မည်။ ( သို့မဟုတ် ) လက်ဆောင်ပဏာများ ရောက်မည်။ စီးပွားတိုး ရာထူးတိုးပြီး ဘုန်တခိုး ကြီးမယ်။ ကား ဆိုင်ကယ် ယာဉ်တခုခု (သို့မဟုတ်) စက်ပစ္စည်း ဝင်မယ်။ ကျန်းမာရေးက ခါးနားရောဂါရှိတတ်သည်။ အချစ်ရေး အဆင်ပြေမည်။ အပျိုလူပျို ဖြစ်က အိမ်ထောင်ကျမယ်။ ကြံတိုင်အောင်ပြီး မင်္ဂလာဆောင်နိုင်မယ်။ မိန်းမကောင်း မိန်းမမြတ်တွေအတွက် လာတောင်ရမ်းသူ ရှိမည်။

{၃} #အမြီးပေါ်ကျသဖြင့် ကံဆိုးသည်လို့ဆို ရမည်။ ရွှေ ငွေထွက်မည်။ မိတ်ကောင်းဆွေကောင်း ပျက်မည်။ ရွှေ ငွေ စည်းစိမ်းထွက်မည်။ စီးပွားယုတ်လျော့တတ်ပြီး စီးပွားမထိခိုက်လျှင် မိသားစုရောဂါရမည်။
သူခိုး ခိုးရတတ်သည် သတိထား။
အမှု့ ဖြစ်မယ်။ ကုန်သယ်ဈေးသယ်များပါအရင်းပြုတ်တတ်၏ မီးလောင်တတ်သည်။ အချစ်ရေး သမီးရည်းစား ပြတ်မည်။ သတိထားနေပါ။

{၄} #ခြေထောက်ကျသဖြင့် ခြေလေးချောင်း သတ္တဝါများ ခြေနှစ်ချောင်း သတ္တဝါများဝင်မည်။ စီးပွားရေး မှာ ဒီရေးတက်သလို တတ်မည်။ စီးပွားဥစ္စာတိုးပွားမည်။ ကျန်းမာရေး ခြေထောက်ကျိုး ခြေခေါက်တတ်သည်။ အချစ်ရေး အဆင်ပြေမည်။အိမ်ထောင်ကျမည်။ လာဘ်ဝင်မည်။ ထီပေါက်ကိန်း ရှိတည်။

{၅} #ဝမ်းဗိုက်ကျသဖြင့် သွားလေရာအဆင်ပြေမည်။ မိတ်ကောင်းဆွေကောင်းရမယ်။ စီးပွားတက်မည်။ အကျိုးစီးပွားတိုး၍ သဒ္ဒါတရား ထက်သန်မည်။ အလှူဒါန်းပြုရမည်။ အချစ်ရေး အဆင်ပြေမည်။ မိဘတွေမသိပဲ ချစ်သူနှင့် အိမ်ထောင်ပြုရတတ်ပါသည်။

{၆} #လက်ပေါ်ကျသဖြင့် စီးပွားရေးအဆင်ပြေနေမည်။ ကူးသန်းရောင်းဝယ်ရေးအဆင်ပြေချောမွေ့မည်။ သွားလေရာ အစားရေစား မရှားဆိုသလို မိတ်ဆွေကောင်း ဆရာသမားကောင်းတွေ့မယ်။
အကျိုးစီးပွား တိုးမည်။ သိုက်ကလာတဲ့သူများ သတိထားပါ။ ကံ ညံ့နေတတ်သည်။ ကျန်းမာရေး နည်းနည်းညံ့မည်။ အချစ်ရေးမှာ အထင်မြင်လွဲတတ်သည်။ သစ္စာမဲ့ ပီးဝမ်းနည်းစရာကြုံမည်။ အိမ်ထောင်ရေး ဖောက်ပြန်တတ်သည်။ အိမ်ထောင်ရေး ကံမကောင်းအဆင်မပြေပါ။

{၇} #ပါးစပ်ကိန်းကျသဖြင့် စီးပွာတိုးပြီး အဆင်ပြေစေချင်ပါက ကိုယ့်နှုတ်စောင့်စည်းပါ။ နှုတ်မစောင့်က အမှုဖြစ်၍ တရားရုံရောက်တတ်သည်။ ကြံသမျှအကြံ မအောင်မြင်ပါ။ ပယောဂအစွဲအလန်း အနှောင့်ယှက်ရှိသည်။ အချစ်ရေးမှာ အရစ်သန်တဲ့ မိန်ခလေးများ အထားခဲ့ခံရတတ်သည်။ အသဲကွဲရောဂါရမည်။ သတိပြု၍ နေလေ။ အိမ်ထောင်ရေး အဆင်မပြေပါ။
နှုတ်စောင့်ပါ မစောင့်က အိမ်ထောင်ကွဲမည်။ သတိပြုလေ။

{၈} #နှာမှောင်းကျသဖြင့် ကံဆိုးလှပါတယ်။ စီးပွားကမတိုး အိမ်ထောင်ရေးက အဆင်မပြေ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မရ ရန်ခနခန ဖြစ်နေရတတ်ပြီး
ရွှေ ငွေ ဥစ္စာ ရသမျှကုန်။ ကျန်မားရေးကံ ညံ့ ရောဂါ ခနခနဖြစ်။

အချစ်ရေး ဘယ်လောက်ပဲ အဆင်ပြေနေပစေ လမ်းခွဲမယ် ကိုယ့်ချစ်သူကို သူများအလုခံရမယ်။ မိန်းခလေး ယောက်ျာလေးများ စိတ်မထိန်းနိုင်က ကိုယ့်ကိုကို သတ်သေရသည်အထိ ဖြစ်တတ်တည်။ အဆင်ပြေချင်ပါက ကောင်းမှုကုသိုလ် များများ ပြုပါလေ။

ကဲ့မိတ်ဆွေအပေါင်းတို့ ကိုယ်ကံတရားကိုယ်ကြည့်ပြီး အဆိုးအကောင်း သိရှိကျပါစေ။ ကျန်းမာချမ်းသာပြီး စီးပွားတိုးကြပါစေ။
Credit to writer. ✍🏻

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...