တန်ဆောင်မုန်းလပြည့်ညအတွက် အစီရင်များ
ယခုလပြည့်ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ဟာ နက္ခတွေခနဖယ်ထားပြီး ဓါတ်သဘောအရကြည့်မယ်ဆိုရင်တောင် အင်္ဂလိပ့်လို(15)ရက်နေ့ မြန်မာလိုမြန်မာလို (၁၅)ရက်နေ့ဖြစ်တဲ့ အတွက် ဗေဒင်ပညာ စာခြောက်တန်းမှ အောင်ပ ဆိုတဲ့အပြင်မိတ် ၂ထပ်ကြရောက်နေတဲ့ ရက်ဆိုလဲမမှားပါဘူး၊
(အောင်ပ) 1+5
(ကုလား) 2+4
(ဆွေသား) 3+6
(တော်ရင်း) 0+8
နက္ခတွေဘာဖြစ်နေလို့ ဘယ်လိုကောင်းတယ် မိတ်နှစ်ထပ်ဖြစ်တဲ့အတွက်ဘာကောင်းတယ်ဆိုတာကတော့ တက်သိနားလည်တဲ့ ဆရာတော်တော်များများ မျှဝေထားတာတွေ့ရပါတယ်၊ ဘာကောင်းတယ်ဆိုတာထက် တန်ဆောင်မုန်းလပြည့်မှာ မိတ်ဆွေတို့ လွယ်ကူစွာပြုလုပ်နိူင်မဲ့ အစီရင် ယတြာနည်း (3)ခုကို မျှဝေပေးလိုက်ပါတယ်။
1/ မေတ္တာရေး အချစ်ရေးအတွက်
ခွက်သန့်သန်တခွက်ထဲကို ရေထည့်၍အပေါ်မှပိတ်ဖြူ (သို့)ပဝါအဖြူဖြင့် အုပ်ထားပါ၊ ဘုရားကန့်တော့ ပရိကံပြုပြီးလျှင် ပိတ်ဖြူဖြင့်အုပ်ထားသော ရေခွက်ကိုကိုင်၍ မေတ္တာသုတ် 45ခေါက်ရွတ်ဆိုပါ။ ရွတ်ဆို၍ ပြီးသောအခါ
(ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင်နှင့်တကွ ပစ်စကေဗုဒ်ဓါ ရဟန္တာအရှင်ကိုယ်တော်မြတ်ကြီးတို့၏ မေတ္တာဓါတ်အပေါင်းတို့အားလည်းကောင်း
အနန္တ စကြာဝဠာ ကမ္ဘာလောကဓါတ်အတွင်းတွင်ရှိကြကုန်သော သူတော်စင် သူတော်မြတ်အပေါင်းနှင့် သမ္မာဒေဝ နတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့နှင့် ၃၁ဘုံကျင်လည်ကုန်သော ပုဂ္ဂိုလ်သတ္တဝာအပေါင်းတို့ ပို့သအပ်သော မေတ္တာဓါတ်အပေါင်းတို့အား ကျွှနုပ်သည် ကြည်ဖြူသောစိတ်ထားဖြင့်ခံယူပါ၏)
ဟုဆို၍ ၎င်းမန်းထားသောရေအားသောက်ပါ။ မေတ္တာရေး အချစ်ရေးနှင့်တကွ လူမူ့ရေးပြောဆိုဆက်ဆံရသောကိစ္စအဝဝတို့တွင် အဆင်ပြေချောမွေ့စေပါလိမ့်မယ်။
2/ ဓနသိဒ္ဓိအစီရင်
ဘုရားကန့်တော့၍ ငါးပါးသီလယူကာ ပရိကံပြုပြီးလျှင် ဖယောင်းတိုင်အဖြူတွင် ဘောင်ပင်ဖြင့်
တေ
ဇ
သု
နေ
မ
ဘူ
စန်
နာ
ဝိ
ဝေ
ဟူ၍ အစဥ်လိုက်ရေးသားပြီး ဒိဝါတပတိဂါထာဖြင့် 45ခေါက်မန်း၍ ဘုရားရှင်အားထွန်းညှိပူဇော်ပါ။ လာဘ်လာဘတို့ပေါများ၍ အ ခက် ခဲ ဒု က္ခတို့ကို ပြေပျောက်ပါစေလိမ့်မယ်။
3/ သောကြာသားသမီးတွေအတွက် အထူးယတြာ
လပြည့်နေ့ဟာ သောကြာနေ့ဖြစ်သည့်အတွက် သောကြာသားသမီးတွေဟာ မနက်(8:45)အတိမှာ ပန်းကန်တချပ်ပေါ်သို့ လေးညင်းပွင့်ထည့်၍ မြတ်စွာဘုရားအားလှူဒါန်းပါ။ ပြီးလျှင် စိန္တာမဏိဂါထာတော်မြတ်ကို 37ခေါက် ရွတ်ဆိုပူဇော်ပေးပါ။ မိမိ၏ အ ခက် အ ခဲ ဟူသမျှတို့ ပြေ ပျောက် ၍ လုပ်ငန်း ကိစ္စ အဝဝဟာလဲ လျှင် မြန် စွာ အ ဆင် ပြေ ချော မွေ့ စေ မှာ ကြိမ်း သေ ပါဘဲ။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။