ကမ္ဘာကျော်တေးဂီတထုတ်လုပ်သူ ကွင်စီဂျုံးစ် ကွယ်လွန်
မိုက်ကယ်ဂျက်ဆင်၊ ဖရန့်ဆင် နာထရာတို့လို ဂီတပညာရှင်တွေရဲ့ တေးသီချင်းတွေကို ထုတ်လုပ်ခဲ့သူ ဂီတထုတ်လုပ်ရေးမှူး ကွင်စီဂျုံးစ်ဟာ အသက် (၉၁) နှစ်အရွယ်မှာ ကွယ်လွန်ပြီလို့ သိရပါတယ်။
အမေရိကန်နိုင်ငံ၊ လော့အိန်ဂျလိစ်၊ Bel Air မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာပဲ တနင်္ဂနွေနေ့ ညတုန်းက “ငြိမ်းငြိမ်းချမ်းချမ်းနဲ့ကွယ်လွန်ခဲ့ပါတယ်” လို့ ဂျုံးစ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အာနို ရော်ဘင်ဆန် က ပြောပါတယ်။
“အဖေ၊ အကိုဖြစ်သူရဲ့ နာရေးသတင်းကို ကြေကွဲဝမ်းနည်းစွာနဲ့ပဲမျှဝေရမှာပါ။ မိသားစုအတွက် မယုံနိုင်လောက်အောင် ဆုံးရှုံးမှုတစ်ခုပါ။ သူရဲ့ ခမ်းနားကြီးကျယ်တဲ့ဘဝကို ဂုဏ်ပြုပေးရမှာဖြစ်သလို သူ့လိုလူ နောက်ထပ်မရှိတော့ပါဘူး” လို့ ဂျုံးစ်ရဲ့ မိသားစုရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
မိုက်ကယ်ဂျက်ဆင်ရဲ့ Thriller တေးအယ်လ်ဘမ်ကို ထုတ်လုပ်ခဲ့သူဖြစ်တဲ့အတွက် ဂျုံးစ်ကို လူသိများစေခဲ့ပါတယ်။
ဂီတသက်တမ်း ၇၅ နှစ်ကျော်အတွင်း ဂရမ်မီဆု ၂၈ ဆု အထိရရှိထားခဲ့ပြီး တိုင်းမ်မဂ္ဂဇင်းရဲ့ ၂၀ ရာစုအတွက် သြဇာအရှိဆုံး ဂျက်ဇ်ဂီတသမားအဖြစ် မှတ်တမ်းတင်ခံရသူပါ။
၁၉၈၅ ခုနှစ်မှာ ဂျုံးစ်ဟာ အဲဒီခေတ်ကာလတုန်းက အမေရိကန်မှာ နာမည် အကျော်ဆုံး အဆိုတော် တွေ ဖြစ်တဲ့ ဂျက်ဆင်၊ ဘရုစ် စပရင်တင်းန်၊ တီနာ တာနာ၊ စင်ဒီ လူပါတို့လို ဂီတပညာရှင် ၄၆ ဦးကို စုစည်းပြီး We Are the World သီချင်းကို ထုတ်လုပ်ခဲ့သူဖြစ်ပါတယ်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။