ဆိုးလ်မြို့ရဲ့ နာမည်ကြီး ဟန်မြစ်ဘေးမှာ ချစ်သူကို
လက်ထပ်ခွင့်တောင်းခဲ့တဲ့ ပိုင်တံခွန်
ရိတ်သတ်ကြီးရေ .. မင်းသားချော ပိုင်တံခွန် ကတော့ အနုပညာလောကမှာ ထူးထူးခြားခြား ပြည်ပနိုင်ငံက ပရိတ်တွေ ရဲ့အားပေးမှုကိုပါ အခိုင်အမာရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်.. ပိုင်တံခွန်ဟာ ပြည်တွင်းမှာသာမကပဲ ပြည်ပနိုင်ငံအထိ ဇာတ်ကားတွေရိုက်ကူးနိုင်ခဲ့တဲ့ မင်းသားတစ်လက်ဖြစ်တာမို့ သူ့ ရဲ့အနုပညာကြေးကလည်း တော်တော်လေးမြင့်မားတာပဲ ဖြစ်ပါတယ်…
သရုပ်ဆောင်ပိုင်တံခွန်က သူ့ရဲ့ကောင်မလေးကို ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရဲ့ နာမည်ကြီးဟန်မြစ်ဘေးမှာ လက်ထပ်ခွင့်တောင်းလိုက်ပါတယ်။ သူကတော့ She said Yes လို့ ဆိုလိုက်တာပါ။ ပိုင်တံခွန်ဟာ သူ့ချစ်သူကောင်မလေးကို ပရိသတ်တွေနဲ့ တရားဝင်မိတ်ဆက်ပေးထားပြီးသားပါ။ Romantic ဆန်ဆန် လက်ထပ်ခွင့်ကိုတော့ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရဲ့ နာမည်ကြီးဟန်မြစ်ဘေးမှာ လက်ထပ်ခွင့်တောင်းခဲ့တာပါ။
လက်ထပ်ခွင့်မတောင်းခင်မှာလည်း ပိုင်တံခွန်က ” (၄) နှစ်ကျော်ကာလမှာ သဲကမောင့်ကို တခါမှ စိတ်ညစ်အောင်မလုပ်ဖူးဘူး။ မောင် စိတ်ဆင်းရဲအောင်လည်း တခါမှ မလုပ်ဖူးဘူး။ မောင့်စိတ်ကိုနည်းနည်းလေးတောင် စိတ်ညစ်သွားအောင် သဲမလုပ်ခဲ့ဘူး။ အဲဒီအတွက် မောင်က ကျေးဇူးအများကြီးတင်ပါတယ်။”ဆိုပြီး ပြောသွားခဲ့ပါသေးတယ်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။