“တာချီလိတ် “အလှု ခရီးစဉ်လေး အဆင်ပြေအောင်မြင်ခဲ့ကြောင်း ပရိသတ်တွေ သာဓုခေါ်နိုင်ရန် ဝေမျှပေးလာတဲ့ ခိုင်နှင်းဝေ

Celebrity Local News
“တာချီလိတ် “အလှု ခရီးစဉ်လေး အဆင်ပြေအောင်မြင်ခဲ့ကြောင်း
ပရိသတ်တွေ သာဓုခေါ်နိုင်ရန် ဝေမျှပေးလာတဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေဟာ ရုပ်ရည်ရော အရည်အချင်းအရ ပြည့်စုံရုံတင်မက စိတ်ထားကောင်းတဲ့နေရာမှာလည်း သူမတူတဲ့ မင်းသမီးတစ်ဦး ဖြစ်ပါတယ်။ လေးစားဂုဏ်ယူချစ်ခင်ရတဲ့ မင်းသမီး ခိုင်နှင်းဝေက အများအကျိုးသယ်ပိုးထမ်းရွက်တဲ့ ပရဟိတအလုပ်တွေကို လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာ အနုပညာအလုပ်တွေထက် ပြည်သူလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပြီး ခိုင်နှင်းဝေပရဟိတ အသင်း နဲ့ ခိုင်မိသားစုဂေဟာတို့ကို ဦးစီးဆောင်ရွက်နေတာပဲ ဖြစ်ပါ တယ်။

ခိုင်မိသားစုဂေဟာမှာ အကြောင်းအမျိုးမျိုးကြောင့် ခေါ် ယူမွေးစားထားတဲ့ သားသားမီးမီးလေးတွေကို ခိုင်နှင်းဝေက မိ ခင်မေတ္တာရော၊ ဖခင်မေတ္တာမျိုးနဲ့ပါ စေတနာထားပြီး ပြုစုစော င့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေက တာချီလိတ် အလှူခရီးစဉ်လေး အဆင်ပြေပြေအောင်မြင်သွားခဲ့တဲ့ အကြောင်း လူမှုကွန်ယက်ကနေတဆင့် ဝေမျှပေးလာတာပဲဖြစ်ပါတယ်။ “မုန်တိုင်း နဲ့ ကြုံပြီး လေယာဉ်ရော၊ကားနဲ့ပါ သွားခဲ့ရတဲ့ ခရီး၊ ဂေဟာ မှ မွေးကင်းစ ကလေး (၄) ယောက် ဆေးရုံ ကြီး (၂) ခု မှာ အရေးပေါ်ဖြစ်နေချိန် သွားရတဲ့ “တာချီလိတ် “အလှု ခရီးစဉ်လေး အဆင်ပြေအောင်မြင်ခဲ့ပါပြီရှင်..ဘုန်းဘုန်းကြီးများ ရဲ့ မေတ္တာဓာတ်များ၊သက်ဆိုင်ရာ လူကြီးများ၊မြို့ခံ နယ်ခံ မှ အစစ,အရာရာ လူရော စိတ်ပါ ကူညီပေးခဲ့ပါသော မောင်နှမ များ အားလုံး အားလုံး တို့ကို လှိုက်လှိုက် လှဲလှဲ အထူး အထူး ကျေးဇူး တင်ရှိပါတယ်ရှင်..ခုနှစ်ရက် သားသမီး အလှူရှင် များ နဲ့ အတူ အလှု ကုသိုလ် အစုစု တို့အား ရေစက် သွန်းချလှုဒါန်း ခဲ့ မှု တို့ အား သာဓု သာဓု သာဓု ခေါ်ဆို ကုသိုလ် ပွါးများ နိုင်ကြပါစေရှင်” ဆိုပြီး အများသူငှာ သာဓုခေါ်ဆိုနိုင်ရန် ဝေမျှပေးလာတာပဲ ဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...