ထိပ်စီးပြောင်းခါနီးပေမယ့် လေ့ကျင့်ခန်းလုပ်လို့ကျန်းမာလှပနေတဲ့
မင်းသမီး အေးမြတ်သူ
ပရိတ်သတ်ကြီးရေ . “အေးမြတ်သူ” ကတော့ အနုပညာအလုပ် တွေကို မော်ဒယ်လောကကနေ ဝင်ရောက်အခြေချလာခဲ့သူတစ် ဦးဖြစ်ပြီး အကယ်ဒမီဆုကြီးကိုပါ ရရှိပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါ တယ်… ပါးချိုင့်လေးနဲ့ စကားပြောရင် ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တဲ့ ပုံစံလေးတွေကြောင့် အေးမြတ်သူ ရဲ့ စိတ်ထား လေးကို ပရိတ်သတ်တွေက များစွာ သဘောကျနေခဲ့တာဖြစ်ပါတယ်.
.. အေးမြတ်သူက အသက်(၃၅)နှစ်အရွယ် မှာ ချစ်သူနဲ့ ရွှေလက်တွဲဖို့ နီးစပ်နေခဲ့ပြီးမှ ချစ်သူရဲ့ သစ္စာမရှိမှု များကြောင့် လက်ထပ်ပွဲကို ဖြတ်သိမ်းခဲ့ရတာဖြစ်ပါတယ်… အဆိုပါ အခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ပရိတ်သတ် တွေချစ်စနိုးနဲ့ ခေါ်နေကြတဲ့ မမြတ်လေးကတော့ နှလုံးသားတွေ ကြွေကာပျက်စီးသွားခဲ့သလို ယောက်ကျားလေးတွေကိုလည်း စိတ်ကုန်သွားပြီဖြစ်ကြောင်းပြောပြခဲ့တာဖြစ်ပါတယ်..
အခုတစ်ခါမှာတော့ အသက်(၄၀)နီးပါးပြည့်တော့မှာ ဖြစ်ပေမယ့်လည်း အေးမြတ် သူ ကတော့ သူ့ရဲ့အမိုက်စား ဘော်ဒီကို လှပနေအောင်ထိန်းသိမ်း ထားနိုင်ခဲ့တဲ့လျှိဝှက်ချက်ကိုပြောပြလာတာပဲဖြစ်ပါတယ်။ “လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် အသားအရေ က အစလှလာတယ်။ကျန်းမာရေးနဲ့ပတ်သက်တာ အကုန်ကောင်းတယ်။အသက်အရွယ်တစ်ခုရောက်လာပေမယ့် အသားအရေ က အခုထိ တင်းရင်းနေတုန်းပဲ အပျိုကြီးတွေ လက်သုံးစကားကတော့ တစ်ယောက်တည်းလည်းတောက်ပတယ်တဲ့။ပြီးရင်လည်း ယူသွားကြတာပါပဲ။တစ်ယောက်တည်းတောက်ပတယ် ဆိုတာ ယူမယ့်သူမတွေ့ကြသေးလို့ပါ။ဆံပင်တစ်ခေါင်းလုံးဖြူလည်း အိမ်ထောင်ပြုချင်ပြုမှာပဲ။” ဆိုပြီး အေးမြတ်သူက ပြောပြပေးလာတာပဲဖြစ်ပါတယ်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။