နေမကောင်းတဲ့ သမီးလေးကို ချီပြီး စင်ပေါ်မှာ
သီချင်းဆိုဖျော်ဖြေခဲ့တဲ့ အိမ့်ချစ်
ပရိတ်သတ်ကြီးရေ … အိမ့်ချစ်ကတော့ ဂီတအနုပညာလောကမှာ ဖခင်ကြီးဦးချစ်ကောင်းရဲ့ အမွေကို ဆက်ခံရရှိကာ ပရိတ် သတ်အားပေးမှုကိုများစွာ ပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်.. အိမ့် ချစ်ဟာ အခုဆိုရင်ချစ်ရတဲ့မိသားစုလေးနဲ့အတူ နိုင်ငံရပ်ခြားမှာ သွားရောက် နေထိုင်နေတာပဲဖြစ်ပါတယ်. ခင်ပွန်းဖြစ်သူက လည်း ရိုးသားကြိုးစားတဲ့လူငယ်လေးတစ်ယောက်ဖြစ်တာ ကြောင့် ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိထား တာပဲဖြစ်ပါတယ်..
အိမ့်ချစ်ဟာတေးသီချင်းပေါင်းများစွာသီဆိုခဲ့ပြီး ကိုယ်တိုင် လည်း တစ်ခါတစ်ရံသီချင်းလေးတွေရေးပါတယ်.. ချစ်စရာ ကောင်းတဲ့သမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။
အခုတစ်ခါမှာတော့ အိမ့်ချစ်ရဲ့ချစ်စရာ အပြုအမူလေးကို ပရိသတ်တွေကသဘောကျနေကြတာပဲဖြစ်ပါတယ်။ မိခင်တွေရဲ့ မေတ္တာတရားကြီးမားပုံလေးကို ချီးကျူးဩဘာပြုနေကြတာပါ။ နေမကောင်းတဲ့ကြားက မေမေအိမ့်ချစ်နဲ့အတူ ခရီးတွေလိုက်ခဲ့ရပြီး ခရီးလည်းပန်းနေတဲ့ အမရာလေးလို့ မေမေက ပြောပါတယ်။ သူမရဲ့ဖျော်ဖြေပွဲရှိတာကြောင့် အမရာကို အိမ်မှာထားခဲ့ပေမယ့် ည ၁၀ ခွဲမှာ ငိုလာလို့ မေမေ ဖျော်ဖြေရေးလုပ်နေတဲ့ The Lord ကိုခေါ်လာခဲ့တာပါတဲ့။ အိမ့်ချစ်က မိခင်ပီပီ သမီးလေးကို သနားစိတ်နဲ့ စင်ပေါ်မှာ ချီပြီးသီချင်းဆိုခဲ့တယ်လို့ဆိုပါတယ်။ စင်မကြောက်တဲ့ သမီးလေးက Hello, တာ့တာ ပါလုပ်ပြလို့ ပရိသတ်တွေပါသဘောကျခဲ့ရတာပါ။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။