ပြဇာတ်ရုံကြီးမှာဖျော်ဖြေဖို့ ပြင်သစ်နိုင်ငံ Parisမြို့ကိုရောက်ရှိနေတဲ့
နိုင်ငံကျော်အဆိုတော် ဖြူဖြူကျော်သိန်း
ပရိသတ်ကြီးရေ.. အဆိုတော် ဖြူဖြူကျော်သိန်းကတော့ အနုပညာလောကမှာ ဂုဏ်သိက္ခာကြီးမားတဲ့ တေးသံရှင်တစ်ယောက်ဖြစ်ပါ တယ်။ နိုင်ငံရေးပဋိပက္ခတွေဖြစ်စဉ်ကတည်းက အမှန် တရားဘက်မှာ ရပ်တည်ခဲ့တဲ့ ဖြူဖြူကျော်သိန်းဟာ လက်ရှိမှာ ပြည်သူတွေကိုမေ့ပြီး ဝမ်းရေးကိုပဲ အသည်းအသန်ရှာဖွေမနေချင်ဘူးလို့ ပြောလာပါတယ်။
ဖြူဖြူကျော်သိန်းက အားလုံးသိပြီးတဲ့အတိုင်း ဆန်းသစ်တဲ့ အနုပညာဖန်တီးမှုတွေနဲ့ မြန်မာ့ဂီတလောကမှာ ထိပ်တန်းနေရာ ရယူထားနိုင်တဲ့ အဆိုရှင်တစ်ဦးပါ။အဆိုတော် ဖြူ ဖြူကျော်သိန်းက မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုအရေးယူခံထားရတာကြောင့် ဘေးကင်းရာကိုတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
အခုတစ်ခါမှာတော့ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ သီဆိုဖျော်ဖြေသွားမဲ့အကြောင်း ပရိသတ်တွေကို ဝေမျှပေးလာတာပဲဖြစ်ပါတယ်။ “Phyu Phyu in Paris!
အရမ်း စိတ်မလှုပ်ရှားလိုက်နဲ့ဦးနော်။
၃ ပုဒ်ပဲဆိုမှာ။
ဘာဖြစ်လို့လဲ။
မြန်မာပွဲ သီးသန့်မဟုတ်လို့ပါ။
တီးဝိုင်းကရော။
တီးဝိုင်းလည်းငှားမပေးနိုင်ပါဘူး။ ကိုယ့်ဟာကိုယ်တီးပြီးဆိုမှာ။ ကိုယ်တီးမှ ကိုယ်ဆိုရတဲ့ဘဝဆိုတာဒါပဲ။
စကားတွေရောပြောဦးမှာလား။
ပြောရမှာပေါ့။ စကားပြောချင်လို့ကို ဒီလိုပွဲမျိုးတွေကို လက်ခံတာလေ။ ကိုယ့်နိုင်ငံ နာမည်ကိုတောင် မသိတဲ့သူတွေ အများကြီးရှိတဲ့ အရပ်မှာ ပြောကိုပြောရမှာပေါ့။
ခက်တာတစ်ခုကတော့ ပြင်သစ်လိုပြောရမှာ😁။ လာထား ပြောရဖို့လိုတယ်။ ကြိုးစားပြောမှာပဲ။
ပွဲနေရာကရော။
နေရာကတော့ အတော်ကောင်းတဲ့ Théâtre အစစ်ကြီးပါ။
@Théâtre De La Ville – Sarah Bernhardt
2 place du Châtelet Paris.
အချိန်။
November 30, 2024
18:30hr – 20:00hr
လက်မှတ်ဝယ်ရလား။
မဝယ်ရပါဘူး။ ဒါပေမယ့် registration ကြိုလုပ်ရပါ့မယ် ( ကွန်မန့်မှာ ရေးထားပါမယ်)။ မဟုတ်ရင်ပေးမဝင်ပါဘူးတဲ့။
MC လို့ခေါ်တဲ့ အခမ်းအနားမှူးက ဘယ်သူလဲတဲ့။
Geneviève Garrigos.
Ancienne présidente d’Amnesty International-France, élue conseillère de Paris dans le XXème arrondissement et présidente de la commission “Associations – Sports – Relations internationales”.
ပွဲခေါင်းစဉ်။
Asia under Influence, Asia in Resistance.
မှတ်ချက်။
ဒီလိုပွဲမျိုးတွေက ဖြူဖြူ ဒီမှာ မကြာခဏ ဆိုဖြစ်ပါတယ်။ ပါရီမှာတော့ ပထမဆုံးပေါ့။ ခရီးစားရိတ် နေထိုင်စားရိတ်တွေ များမှန်းသိလို့ ကိုယ့်မြန်မာ မိသားစုတွေ အနီးအနားမှာရှိမှ၊ အဆင်ပြေမှပဲ လာ ပါနော်။ အပို မကုန်စေချင်လို့ပါ။ အားလုံးသိပြီးသားအကြောင်းအရာတွေကိုပဲ မသိတဲ့သူတွေကိုပြောပြမှာပါ။ ကိုယ့်တွေ အချင်းချင်းအတွက် ဘာမှ အသစ်အဆန်းတွေ မဟုတ်လို့ပါ။ သီချင်းကလည်း ၃ ပုဒ်တည်း မလို့ပါ။
အဟဲ… မိုက်လိုက်တဲ့ပြင်သစ်တွေနော်။ ဖြူဖြူကျော်သိန်းတစ်ယောက်လုံး ရ ထားတာတောင် ၃ ပုဒ်ထက်ပိုဆိုအောင် မလုပ်နိုင်ဘူး ” ဆိုပြီး လူမှုကွန်ယက်ကနေတစ်ဆင့် ပြောပြပေးလာတာပဲဖြစ်ပါတယ်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။