မမြင်ဖူးလိုက်တဲ့ သူမ အကိုအရင်း ဆုံးသွားတာ
၃၈ နှစ်ကြာသွားခဲ့ပြီဆိုတဲ့ ရတနာမိုင်
ပရိတ်သတ်ကြီး … မိုင်လေးလို့ ပရိတ်သတ်တွေက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ အဆိုတော်ရတနာမိုင်ကတော့ မိန်းကလေး အဆိုတော်တစ်ယောက်ပီပီ အချစ်သီချင်းလေးတွေနဲ့ အလွမ်း အဆွေးသီချင်းလေးတွေကို အများဆုံးသီဆိုတတ်သူတစ် ယောက်ပဲဖြစ်ပါတယ်..
ရတနာမိုင်ကတော့ အနုပညာလောကမှာအဆိုတော်တစ်ယောက်အနေနဲ့ အောင်မြင်ခဲ့ရုံသာမကသရုပ်ဆောင်တစ်ယောက်အနေနဲ့လည်းပရိတ်သတ်တွေရဲ့ အားပေးခြင်းကို ရရှိပိုင်ဆိုင်ထားသူလေးဖြစ်ပါ တယ်…ရတနာမိုင်ဟာအခုဆိုရင် တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ နိုင်ငံကျော်အဆိုတော်ကြီး “မိုင်” ရဲ့ တစ်ဦးတည်းသော သမီးလေးပဲဖြစ်ပါတယ်..
မိုင်လေးက သူမအကိုအရင်း ဆုံးပါးသွားခဲ့တာ ၃၈ နှစ်မြောက်ဖြစ်သွားခဲ့ပြီလို့ဆိုပါတယ်။ သူမအကိုအရင်းကိုတော့ မိုင်လေးက တစ်ကြိမ်တခါမျှ မြင်ဖူးခဲ့ခြင်းမရှိပါဘူး။ သူမအကိုဆုံးပါးချိန်မှာ အသက် ၁၅ နှစ်သာရှိသေးပြီး ခုနှစ်အားဖြင့် ၁၉၈၆ ခုနှစ် သီတင်းကျွတ်လပြည့်ညမှာ ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းတွေကိုတော့ သူမမိခင်က ပြန်လည်ပြောပြခဲ့တာဖြစ်ပြီး သူမအကိုရဲ့ နာရေးကြော်ငြာသတင်းစာရွက်လေးက သူမအတွက်စိတ်မကောင်းစရာတစ်ခုအဖြစ်သာ ကျန်ရှိနေခဲ့ပါတယ်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။