” မွေးနေ့အလှူအဖြစ်လူနာပေါင်း(၂)ထောင်ကျော်ကိုဆေးကုသပေးသွားမယ့် ” ဆရာထူးခန့်ကျော်
သရုပ်ဆောင်ထူးခန့်ကျော်ဟာ တိုင်းရင်းဆေး ပညာနဲ့ အကြောညှပ်၊ အကြောပြင်၊ လေဖြန်း၊ လေဖြတ်၊ ကျီးပေါင်းဝေဒနာတွေကို ဆေးကု သမှုပေးနေတာဖြစ်ပြီး”ပရဟိတထူးချွန်တံခွန်” ဘွဲ့တံဆိပ်နှင့်ဆုကို ပေးအပ်ခြင်းခံရတာဖြစ်ပါတယ်။
ဆေးကုသပေးရင်းနဲ့ ကျေးဇူးသိတတ်တဲ့ လူနာရှင်တွေကြောင့် နေ့ချင်းညချင်းချမ်းချမ်းသာသာနေနိုင်လာတာလည်းဖြစ်ပါတယ်။ အခုချိန်မှာဆိုရင် တိုက်ကောင်းကောင်းနဲ့ အကောင်းစားကားကြီးတွေနဲ့ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေပြီပဲဖြစ်ပါတယ်။
အခုတစ်ခါမှာတော့ သူရဲ့မွေးနေ့ကိုမွေးနေ့အလှူအဖြစ်လူနာပေါင်း(၂)ထောင်ကျော်ကိုဆေးကုသပေးရင်း ဒါနကုသိုလ်ပြုရင်းကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။” ကျွန်တော်ကမွေးနေ့ဆိုတာဘာမှန်းမသိဘူး…ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က မရှိနွမ်းပါးတဲ့ဘဝက တက်ခဲ့တဲ့အတွက်ကြောင့် ဒါတွေလည်း သိပ်ခေါင်းထဲမထည့်နိုင်ဘူး…ဘဝကစားဝတ်နေရေးအကြောင်းတရားကိုပဲ ဖြေရှင်းနေရတာဖြစ်တယ်..အဲ့တာကြောင့်မွေးနေ့ဆိုတာဘာမှမဆိုင်တဲ့ သူစိမ်းလိုပဲဖြစ်ခဲ့တာ… ” ဆိုပြီး သရုပ်ဆောင်ဆရာထူးခန့်ကျော် ပြောပြလာတာပဲဖြစ်ပါတယ်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။