သဲဆုညိမ်းကို အရှုံးကိုလက်ခံနိုင်တဲ့ ရင့်ကျက်မှုမရှိသေးဘူးလို့ ထောက်ပြလိုက်တဲ့အကယ်ဒမီရန်အောင်
ဆယ်ကျော်သက်အလှမယ်လေးသဲဆုညိမ်းရဲ့ နိုင်ငံတကာစင်မြင့်ပေါ်မှာ emotion မထိန်းနိုင်ခဲ့တဲ့ကိစ္စတစ်ခုက ဆိုရှယ်မီဒီယာမှအခုအချိန်အထိလူပြောများနေတဲ့ကိစ္စတစ်ရပ်ပါ။သဲစုညိမ်းကို မြန်မာပရိတ်သတ်တွေကတော့ ချစ်တဲ့မျက်စိနဲ့သာကြည့်ပြီး သဲသဲဘက်ကနေမခံမရပ်နိုင်ဖြစ်နေပေမယ့် နိုင်ငံတကာမှာတော့ သဲသဲရဲ့ကလေးဆန်တဲ့အပြုအမူကလှောင်ရယ်စရာတစ်ခုလိုဖြစ်နေပါတယ်။ဒါကို အကယ်ဒမီများရှင် မင်းသားကြီးရန်အောင်ကလည်း ဝေဖန်ထောက်ပြလိုက်ပါတယ်။
ရန်အောင်က သဲသဲမှာ အခုလိုမရင့်ကျက်တဲ့အပိုင်းတွေရှိနေသေးတယ်လို့ မညှာတမ်းထောက်ပြလိုက်ပါတယ်။နောက်ထပ်ဒီလိုပြိုင်ပွဲတွေဝင်ပြိုင်တဲ့လူတွေကလည်း သဲသဲလိုစင်ပေါ်မှာ professional မဆန်တဲ့အပြုအမူတွေမလုပ်သင့်ကြောင်းပြောလာပါတယ်။
ရန်အောင်လို အလုပ်တစ်ခုကိုprofessional ကျကျလုပ်နေတဲ့အနုပညာရှင်တွေအနေနဲ့တော့ သဲဆုညိမ်းရဲ့professional မကျတဲ့အပြုအမူတွေကဝေဖန်
သုံးသပ်ချင်စရာပါပဲ။
ဒါကြောင့်လည်း သဲဆုညိမ်းကို ပွဲစဉ်တလျှောက်အားပေးခဲ့ကြတဲ့ နိုင်ငံတကာကတောင် ဒီလိုကိစ္စတွေဖြစ်ပြီးနောက်ပိုင်းမှာ သဲဆုညိမ်းကို ပြစ်တင်ဝေဖန်လာကြပါတယ်။သူသာလျှင်winner နဲ့ထိုက်တန်တယ်ဆိုတဲ့ သဲဆုညိမ်းရဲ့တထစ်ချယုံကြည်မှုကြောင့်မိမိကိုယ်ကို နှိမ့်ချစွာဆက်ဆံတတ်တဲ့ စိတ်မျိုးပါမတွေ့ရတော့ပါဘူး။ဒါ့ကြောင့် တခြားသောအနိုင်ရရှိတဲ့ပြိုင်ပွဲဝင်တွေကိုတောင် ဂုဏ်ပြုမပေးနိုင်တော့ဘဲ မျက်နှာပျက်နေခဲ့တာက မဖြစ်သင့်တဲ့ကိစ္စတစ်ခုပါပဲ။
ဒီအပြုအမူလေးတစ်ခုကြောင့် သဲဆုညိမ်းကမရင့်ကျက်သေးတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်အဖြစ်သာ အသိအမှတ်ပြုခံလိုက်ရပြီး သူမျှော်လင့်ထားတဲ့ beauty queen ဆိုတဲ့ဂုဏ်ပုဒ်နဲ့လည်း မထိုက်တန်သူဖြစ်သွားခဲ့ပါတယ်။ သဲဆုညိမ်းရဲ့ပရိတ်သတ်တွေကတော့ အသက် ၁၇နှစ်အရွယ်ကောင်မလေးက အရွယ်နဲ့မလိုက်အောင်ကြိုးစားခဲ့ရတာကိုပဲကြည့်ပြီး သဲသဲလေးကိုအများကြီးမျှော်လင့်ထားကြပါတယ်။သို့ပေမယ့် ဒီလိုကိစ္စတွေဖြစ်လာတဲ့အခါမှာတော့အရှူံးကိုလက်ခံတတ်အောင်နှစ်သိမ့်အားပေးရမယ့်အစားပေါက်ကွဲပြဖို့သာမြှောက်ပေးလာကြပါတယ်။ဒါကြောင့်လည်း သဲဆုညိမ်းက နိုင်ငံတကာစင်မြင့်ထက်မှာ တစ်ရှက်ကနေနှစ်ရှက်ဖြစ်လာခဲ့ရပါတယ်။
အရင်ကသဲဆုညိမ်းဆိုရင် အပြစ်ဆိုဖွယ်မရှိအောင်ပြည့်စုံတဲ့အလှမယ်လို့ထင်ထားကြသူတွေစိတ်ထဲမှာလည်း သဲဆုညိမ်းရဲ့အရှုံးကိုလက်မခံနိုင်တဲ့စိတ်ဓာတ်ကြောင့် စိတ်ဓာတ်မပြည့်ဝသေးသူတစ်ယောက်အဖြစ်မြင်လာကြပါတယ်။ဒီအချက်ကိုရင့်ကျက်ပြည့်ဝတဲ့လူကြီးတွေကတော့ မရင့်ကျက်သေးတဲ့အပြုအမူအဖြစ်ယူဆကြပါတယ်။ အကယ်ဒမီများရှင်ရန်အောင်ကလည်း ဒီအတိုင်းပါပဲ။
သဲဆုညိမ်းရဲ့ဖြစ်ရပ်လိုသူတိူ့အနေနဲ့လည်း အကယ်ဒမီကိုယ်ရမယ်ထင်ပြီးမှ မရခဲ့တာတွေရှိခဲ့ဖူးတယ်လို့ဆိုပါတယ်။ကိုယ်ပဲရမယ်ထငိပြီးမှ မရခဲ့တဲ့အခါမှာတွေလည်းပြုံးထားခဲ့ရတာပဲ။နောင်နှစ်တွေရှိသေးတာပဲ ၊ကြိုးစားလို့ရသေးတာပဲ။ဆိူပြီး ရန်အောင်ကစီနီယာပီပီ သဲဆုညိမ်းကိုအားပေးလိုက်ပါတယ်။
ဒီလိုပဲသဲသဲရဲ့ဘေးမှာရှိနေသူတွေလည်း သူ့ကိုအားပေးနှစ်သိမ့် ချော့မြူပြီးပြောပြပေးသင့်ပေမယ့်သဲသဲရဲ့NDရောဖန်တွေကပါ သဲသဲကိုဒီဆုနဲ့မတန်ဘူးဆိုကာ မြှောက်ပေးလာကြပါတယ်။ရန်အောင်ကတော့ သဲသဲကရင်ထဲကခံစားချက်တွေကိုစင်ပေါ်မှာထုတ်မပြသင့်ဘူးလို့လည်းအကြံပေးလာပါတယ်။
ရန်အောင်ကတော့ “သဲသဲရတဲ့2nd Runner Up ကိုလက်ခံစေချင်တယ်။Top 3ဆိုတာလည်း ရဖိူ့ခက်ခဲတဲ့နေရာဖြစါတာကြောင့် သဘောထားကြီးပြီးဒီဆုကိုလက်ခံဖို့ပြောလာပါတယ်။”
ဒါ့အပြင်ပြိုင်ပွဲမှာ သဲဆုညိမ်းလုပ်ခဲ့တဲ့အရာတွေအားလုံးကအတော်လေးအဆင်ပြေခဲ့တာကြောင့် ဒီဆုကိုလက်ခံလိုက်လည်းသဲဆုညိမ်းရဲ့အောင်မြင်မှုကလျော့နည်းသွားမှာမဟုတ်ပါဘူး။ရန်အောင်နဲ့ သဲသဲက အရင်ကလည်း ဖွင့်ပွဲတွေမှာတွေ့ဆုံဖူးပြီး သဲသဲကဘယ်လောက်ထိထက်မြတ် သွက်လက်တဲ့ကလေးတစ်ယောက်လဲဆိုတာကိုသိထားပြီးလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် သဲသဲကိုအောင်မြင်မယ်လို့ ယုံကြည်သလို ဒီထက်ပိုပြီးအောင်မြင်အောင် သဲသဲကဒီထက်ပိုပြီးရင့်ကျက်ဖို့တော့ လိုပါတယ်။
သို့ပေမယ့် သဲသဲကတော့ နိုင်ငံတကာစင်မြင့်ပေါ်မှာလည်း စိတ်ခံစားချက်ကို control မလုပ်နိုင်ခဲ့သလို ပွဲပြီးတဲ့အချိန်မှာလည်းသဘောထားမကြီးခဲ့တာကြောင့် Crown ကိုပြန်ပေးအပ်ခဲ့ပါတယ်။နောက်ဆက်တွဲအနေနဲ့ သဲသဲကို MGI ကပါ တရားဝင်crown ပြန်သိမ်းကြောင်းကြေငြာခဲ့ပါတယ်။လက်ရှိမှာတော့ သဲသဲက crown လည်းပြန်သိမ်းခံလိုက်ရတဲ့အပြင် အလှမယ်တစ်ယောက်ဖြစ်မလာသင့်ဘူးဆိုတဲ့အထိ ဆိုးဆိုးရွားရွားပြစ်တင်ပြောဆိုခံနေရပါတယ်။သဲသဲကို beauty queen မဟုတ်ဘဲ drama queen ဆိုတဲ့ စကားလုံးနဲ့ နိုင်ငံတကာက ဝေဖန်နေကြတာကို လည်းတွေ့နေရပါတယ်။ သဲသဲက အလှမယ်တစ်ယောက်အနေနဲ့ လိုအပ်တဲ့ mindset တွေကို ပြုပြင်ပြောင်းလဲဖို့လိုနေပါသေးတယ်
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။