အမျိုးသမီးကသဝန်မတိုပါဘူး တစ်ယောက်နဲ့ တစ်ယောက်
နားလည်မှုနဲ့ပွင့်ပွင့်လင်းလင်းနေတယ် ဆိုတဲ့ မင်းသားကျော်ဆု
ပရိသတ်ကြီးရေ.. သရုပ်ဆောင်ကျော်ဆုကတော့ MRTV 4 ရဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း လူသိများလာခဲ့တဲ့ မင်းသားတစ် လက်ပဲ ဖြစ်ပါတယ်။
မင်းသားကျော်ဆုဟာ ဇာတ်လမ်းတွဲတွေများစွာရိုက်ကူးခဲ့ပြီး ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ အတူကျရာဇာတ်ရုပ်မှာ ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ဆိုရင်လည်းမမှားပါဘူးနော်။
ကျော်ဆုဟာ နာမည်ကြီးတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် အနေအေးပြီး စကားလည်းနည်းသူတစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းကိစ္စတွေနဲ့ ပတ်သက်ကာ ပရိသတ်တွေကို အများကြီးချပြလေ့မရှိပါဘူး။
ချစ်သူကောင်မလေးနဲ့ လက်ထပ်တဲ့အချိန်မှာတောင် ပရိသတ်ကြီးကို အသိမပေးခဲ့ပဲ တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်းပဲ လက်ထပ်ပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်။
အခုတစ်ခါမှာတော့ ကျော်ဆုက သူ့ရဲ့အမျိုးသမီးနဲ့ အိမ်ထောင်ရေးအခြေအနေကို ပရိသတ်တွေကိုပြောပြလာတာပဲဖြစ်ပါတယ်။ “အမျိုးသမီးက ရှုတင်လိုက်တော့လိုက်တယ်။ သူကအေးတော့ကားထဲမှာနေတာများတယ်။ ကိုယ်ကသူ့ရှေ့သရုပ်ဆောင်ရမှာရှက်တယ်။ မိသားစုဝင်တစ်ယောက်ပါလာရင်တောင်မရဘူး။ သူစိမ်းရှေ့ပဲသရုပ်ဆောင်တတ်တယ်။ အရင်က အမေရှုတင်လိုက်မယ်ပြောခဲ့တောင် မလိုက်ခိုင်းခဲ့ဘူး။ အမျိုးသမီးကသဝန်မတိုပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုနဲ့ပွင့်ပွင့်လင်းလင်းနေတယ်။ လိုအပ်ချက်တွေဖေးမနှစ်သိမ့်ရင်းနေကြတယ်”ဆိုပြီး သူတို့၂ယောက်ရဲ့ ဆက်ဆံရေးကို ပြောပြလာတာပဲဖြစ်ပါတယ်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။