စင်ကာပူနိုင်ငံကို ရောက်ရှိစဉ် နာမည်ကြီးပုဂ္ဂိုလ်တွေနဲ့
တွေ့ဆုံဖြစ်ခဲ့တဲ့ ဘက်ခမ်း
ကမ္ဘာကျော်ဗြိတိန်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းဟာ နိုဝင်ဘာ ၇ ရက်နေ့က Marina Bay Sands (MBS) ရဲ့ Global Press Event ကို တက်ရောက်ဖို့အတွက် စင်ကာပူနိုင်ငံကို ရောက်ရှိနေခဲ့တာပါ။ ဘက်ခမ်းကကို စင်ကာပူအဆိုတော် ဂျေဂျေလင်းနဲ့ စင်ကာပူဘီလျံနာ ပီတာလင်းတို့နဲ့အတူတွေ့မြင်ခဲ့ရပါတယ်။ ဘီလျံနာရဲ့သားဖြစ်သူ ကီရက် လင်းနဲ့ ဘက်ခမ်းရဲ့စီးပွားရေးလုပ်ဖော်ကိုင်ဖက် ဒေးဗစ်ဂါဒနားတို့လည်း သူတို့နဲ့အတူရှိနေခဲ့ပါတယ်။
ဘက်ခမ်းနဲ့ ပီတာလင်းတို့နှစ်ဦးလုံးက အင်္ဂလိပ်ဘောလုံးကလပ် Salford City ရဲ့ရှယ်ယာရှင်တွေပါပဲ။ Sands Global Ambassdor တစ်ယောက်ဖြစ်တဲ့ ဘက်ခမ်းက စင်ကာပူမှာ လည်ပတ်စဉ်အတွင်း MBS ဝန်ထမ်းတွေအတွက် ထမင်းစားခန်းတစ်ဝိုက်ကိုလည်း သွားရောက်ခဲ့ပြီး အဲ့ဒီမှာရှိနေခဲ့တဲ့လူအများအပြားကို သူ့ကို ဓာတ်ပုံနဲ့ ဗီဒီယိုတွေရိုက်ယူခဲ့ကြပါတယ်။
ဘက်ခမ်းက ဂျပန်စားသောက်ဆိုင်ဖြစ်တဲ့ Wakuda Singapore ဆိုင်ကိုလည်း သွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံရဲ့နာမည်ကြီးသရုပ်ဆောင်မင်းသား Metawin Opas-iamkajorn လို နိုင်ငံတကာကဆယ်လီတွေနဲ့လည်း ဓာတ်ပုံတွေရိုက်ခဲ့ပါတယ်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။