နာမည်တလုံးပဲရှိတဲ့ အဆိုတော်ကောင်မလေးနဲ့ ချစ်သူဖြစ်နေပြီဆိုတဲ့
အဆိုတော်ဖြိုးမြတ်အောင်
Myanmar Idol season 3ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်က အခုအချိန်ဂီတလောကမှာ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်လို့နေပါပြီ။ငွေကြေးမပြည့်စုံတဲ့ ငယ်ဘဝမှာ ဝါသနာပါရာဂီတလမ်းကြောင်းကို လျှောက်လှမ်းဖို့ မမျှော်မှန်းရဲခဲ့ပေမယ့် အခုတော့ သူ့ရဲ့ ကြိုးစားမှုကြောင့်သာ ဂီတလမ်းကြောင်းပေါ်မှာရော၊ပရိတ်သတ်ရင်ထဲမှာပါ နေရာယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဖြိုးမြတ်အောင်ကတော့ Winner ဆုရှင်မဖြစ်ခင်ကတည်းက ပရိတ်သတ်ချစ်ခင်မှုကို ရရှိထားသူတစ်ယောက်ပါ။
ပရိတ်သတ်တော်တော်များများက အသံကောင်းတာထက် ရုပ်ချောတာကို ပိုကြိုက်ကြပေမယ့် ဖြိုးမြတ်အောင်အလှည့်မှာတော့ ပြောင်းပြန်ပါဘဲ။ရိုးသားတဲ့ သူ့ရဲ့ စိတ်ဓာတ်တစ်ခုကြောင့်သာ ပရိတ်သတ်တွေက လက်ခံအားပေးခဲ့ကြသလို အများမတူဘဲ ထူးခြားတဲ့ သူ့ရဲ့ အသံကြောင့် အားပေးတဲ့ ပရိတ်သတ်တွေကတော့ အများအပြားပါဘဲနော်။ပြိုင်ပွဲပြီးလို့ မွေးရပ်မြေဖြစ်တဲ့ ဟင်္သာတကိုပြန်ချိန်မှာ လည်းလာပြီးကြိုကြတဲ့ လူတွေက များပြားလွန်းလှပါတယ်။ရုပ်မချောပေမယ့် ပရိတ်သတ်အချစ်ကိုပိုင်ဆိုင်ထားတာကြောင့် ပြိုင်ပွဲပြီးတဲ့ နောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေများစွာလုပ်ကိုင်နိုင်ခဲ့ပါတယ်။
အခုတစ်ခါမှာတော့ နာမည်တလုံးပဲရှိတဲ့ အဆိုတော်ကောင်မလေးနဲ့ ချစ်သူဖြစ်နေပြီဆိုတာ ကျွန်တော့ဘက်ကပဲသေချာသေးတာပါ သူ့ဘက်ကကျွန်တော့ကိုစောင့်ကြည့်နေတုန်းပဲ” ဆိုပြီဂအဆိုတော်ဖြိုးမြတ်အောင်က သူ့ရဲ့အချစ်ရေးကိုပြောပြလာတာပဲဖြစ်ပါတယ်။
အဆိုတော်ဖြိုးမြတ်အောင်က “နာမည်တလုံးပဲရှိတဲ့ အဆိုတော်ကောင်မလေးနဲ့ ချစ်သူတွေဖြစ်နေပြီဆိုတာက မဟုတ်ပါဘူး ကျွန်တော့်ဘက်ကပဲ သေချာတာပါ. သူ့ဘက်ကမဟုတ်သေးဘူး ငြင်းတယ်ရယ်လည်း ပြောမရဘူး သူစောင့်ကြည့်နေတယ်ပေါ့ သူချစ်တဲ့အဆိုတော်ကောင်မလေးက သူ့ကိုမုတ်ဆိတ်မွှေးကြီးမထားစေချင်တာ ” လို့သူကပြောပါတယ်
“ဒါပေမယ့် သူစောင့်ကြည့်လဲ ကျွန်တော်က ကျွန်တော့ပုံစံအတိုင်းပဲ နေတာပါပဲ. ကျွန်တော့မှာလည်း ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ်လေ ကျွန်တော့ပင်ကိုယ်ပုံစံကိုပဲ သူလက်ခံနိုင်ပါစေလို့ပဲ မျှော်လင့်ရမှာပေါ့လို့ ” ဖြိုးမြတ်အောင်က ဆိုခဲ့တာပါ.
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။