မက်ဂရီဂေါကို စိန်ခေါ်ပြန်တဲ့ ဂျိတ်ပေါလ်

Celebrity International News Sports
မက်ဂရီဂေါကို စိန်ခေါ်ပြန်တဲ့ ဂျိတ်ပေါလ်

ဂျိတ်ပေါလ်ကတော့ အနောက်တိုင်းလက်ဝှေ့ဂန္တဝင် မိုက်တိုင်ဆန်ကို အမှတ်နဲ့ အနိုင်ယူအပြီးမှာပဲ နောက်ထပ်ထိုးမယ့် ဂန္တဝင်ဖိုက်တာတစ်ယောက်ကို ရှာဖွေတွေ့ရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဂျိတ်ပေါလ်က MMA ဂန္တဝင်တစ်ဦးဖြစ်တဲ့ ကော်နာမက်ဂရီဂေါကို စိန်ခေါ်ခဲ့တာပါ။ ဂျိတ်ပေါလ်ဟာ MMA ဂန္တဝင်တွေကို boxing မှာ စိန်ခေါ်ထိုးပြီး အနိုင်ယူနေတဲ့သူဖြစ်ပါတယ်။ သူက အရင်ကလည်း အဲလက်စ်ပါရဲရားကို စိန်ခေါ်ခဲ့ဖူးပြီး အထမမြောက်ခဲ့တာပါ။ အခုဆိုရင်တော့ ဂျိတ်ပေါလ်က မက်ဂရီဂေါလို ဆရာကြီးကိုမှ စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။

ဂျိတ်ပေါလ်ကလည်း ငွေရှာကြမ်း၊ မက်ဂရီဂေါကလည်း ငွေရှာကြမ်းတဲ့အပြင် လေတိုက်လည်း ကိုယ်စီကြမ်းကြတာကြောင့် ပွဲသာတကယ်ဖြစ်ရင် စိန်ဝင်စားဖို့ရာ အင်မတန်ကောင်းနေမှာ သေချာနေတာပါ။ ဒါပေမယ့် ဒီတစ်ခါမှာ ဂျိတ်ပေါလ်က တခြားကစားသမားတွေလိုမျိုး ဘောက်ဆင်းမှာ ထိုးဖို့ စိန်ခေါ်တာမဟုတ်ပဲ မက်ဂရီဂေါကို MMA မှာ ကစားဖို့ စိန်ခေါ်လိုက်တာဖြစ်တာကြောင့် ပိုတောင် စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဂျိတ်ပေါလ်ဟာ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ပွဲမှာ အသက် ၅၈ နှစ်အရွယ်မိုက်တန်ဆန်ကို Unanimous decision နဲ့ အနိုင်ယူနိုင်ခဲ့သူပါ။

အဲ့ဒီနောက် ဂျိတ်ပေါလ်က သူရဲ့ ဖော်လိုဝါပေါင်း ၄.၇ သန်းရှိတဲ့ X လူမှုကွန်ရက်စာမျက်နှာကနေ မက်ဂရီဂေါကို အခုလိုပဲ စိန်ခေါ်ခဲ့ပါတယ်။ သူက ကော်နာရေ ခင်များ ကျနော့်ကို ၁၇၀ ပေါင်တန်းမှာဆိုရင် လက်ဝှေ့ထိုးချင်တယ်လို့ ပြောခဲ့ဖူးတယ်နော် ဒါပေမယ် ဒါက မဖြစ်ခဲ့ဘူး ဒီတော့ ဒီလိုလုပ်ဗျာ MMA မှာ ကစားကြမယ် ဝိတ်သတ်မှတ်ချက်လည်းမပါဘူး ဒီလိုဆိုဖြစ်သင့်တယ်မလား ခင်များလုပ်ရဲမှာမဟုတ်ပါဘူး လို့ ရေးသားသွားခဲ့လိုက်တာပါ။ ဂျိတ်ပေါလ်ဟာ အရင်ကတည်းက ကော်နာမက်ဂရီဂေါကို Boxing မှာထိုးဖို့ စိန်ခေါ်ခဲ့ဖူးပြီးသားသူဖြစ်ပါတယ်။


ဒါပေမယ့် ဝိတ်ကွာခြားလွန်းတာကြောင့် မက်ဂရီဂေါက ငြင်းဆန်ခဲ့ပါတယ်။ ဒါကြောင့် ဂျိတ်ပေါလ်က မက်ဂရီဂေါ ကျက်စားရာနေရာဖြစ်တဲ့ သံဇကာဝိုင်းထဲမှာ MMA စည်းမျဉ်းနဲ့ ဝိတ်သတ်မှတ်ချက်မပါပဲ ကစားမယ်လို့ ပြောင်းလဲစိန်ခေါ်လိုက်တာပါ။

မက်ဂရီဂေါနဲ့သာ ကစားရင် ငွေတွေသောက်သောက်လဲဝင်မယ်ဆိုတာ သဘောပေါက်ထားတာလည်းဖြစ်ပါတယ်။ မက်ဂရီဂေါဟာ ယခင်ကလည်း UFC မှာ ကစားနေရင်း ဘောက်ဆင်းထိုးခဲ့ဖူးပါတယ်။ မက်ဂရီဂေါက မေဝဲလ်သာနဲ့ သွားထိုးခဲ့တာဖြစ်ပြီး ပွဲက Money fight အဖြစ်ထင်ပေါ်ကျော်ကြားခဲ့တာပါ။ မက်ဂရီဂေါအနေနဲ့ မေဝဲလ်သာကို မနိုင်ခဲ့ပေမယ့် ထိုးကြေးတော့ စံချိန်တင်ရသွားခဲ့ပါတယ်။ မက်ဂရီဂေါတစ်ယောက် ကစားသမားဘဝ ဒုတိယမြောက် ဘောက်ဆင်းပွဲထိုးမလား စိတ်ဝင်စားဖို့ရာ ကောင်းပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...