မြန်မာနိုင်ငံ ရဲ့ ပထမဆုံးကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပြီးနိုင်ငံတကာနည်းပြလုပ်ခွင့်ရတော့မယ့် ကာယဗလမောင်ရဲထွန်းနောင်
ကာယဗလမောင် ရဲထွန်းနောင် က Maldives နိုင်ငံ၊ Addu မြို့တွင် ကျင်းပခဲ့တဲ့ 15th World Bodybuilding & Physique Sports Championship (၇၅) ကီလိုတန်း ကမ္ဘာ့ကာယဗလပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ဆွတ်ခူး ရရှိခဲ့တာ ဖြစ်ပါတယ်။
ကာယဗလမောင်ရဲထွန်းနောင်က “ကိုယ့်နိုင်ငံအလံကို
အားလုံးကဦးညွတ်တဲ့အချိန်မှာ မျက်ရည်ကျခဲ့ရတယ်… ဆိုတဲ့
ကမ္ဘာ့ချန်ပီယံ ရဲထွန်းနောင်။
ကျွန်တော်ပြိုင်လာတာ
၃ကြိမ်မြောက်မှာ
ရွှေတံဆိပ်ဆုရခဲ့တာပါ။
မြန်မာMenBody Buildingအတွက်မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့ပါပြီ..”
“ကမ္ဘာ့ချန်ပီယံဆုပိုင်ဆိုင်ခွင့်ရတာအမျိုးသမီးကြောင့်ပါ။ အမျိုးသမီးမှာနေကြစကား’ကောင်းအောင်လုပ်၊ အရုပ်မလိုချင်ဘူး။ ဆွဲပြားလိုချင်တယ်။မပါလာရင်အိမ်ပြန်မလာနဲ့ မှာတယ်။ ကတိအတိုင်းဆုရခဲ့ပြီးအိမ်ပြန်လာတော့အမျိုးသမီးရဲ့ပီတိအပြုံးကြောင့်တော်တော်လေးပျော်မိတယ်။ World မှာရွှေရခဲ့လို့နည်းပြလက်မှတ်ပါပေးလိုက်တော့ပိုပြီးတာဝန်ကြီးသွားတယ်။ နိုင်ငံပေါင်း(၄၁)နိုင်ငံ ကျော်မှာနည်းပြပြခွင့်ရတော့မှာမို့ဂုဏ်ယူမိတယ်”လို့ ကမ္ဘာ့ချန်ပီယံရွှေတံဆိပ်ဆုရ ကာယဗလမောင်ရဲထွန်းနောင်က ပြောပြလာတာပဲဖြစ်ပါတယ်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။