မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတချို့က
မယ်စကြဝဠာအလှမယ်တွေရဲ့ အမျိုးသားဝတ်စုံတွေ ထွက်ပေါ်လာ
မက္ကဆီကိုနိုင်ငံမှာ နိုင်ငံပေါင်း ၁၃၀ က အလှမယ်တွေယှဥ်ပြိုင်နေတဲ့ ၂၀၂၄ မယ်စကြဝဠာ ပြိုင်ပွဲမှာ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတချို့ ဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက မယ်စကြဝဠာ အလှမယ်တွေရဲ့ အမျိုးသားဝတ်စုံတွေ ထွက်ပေါ်လာပြီဖြစ်ပါတယ်။
၂၀၂၄ မယ်စကြဝဠာအကြိုပြိုင်ပွဲ Preliminaries နဲ့ National Costume – အမျိုးသားဝတ်စုံပြိုင်ပွဲကို ဒီကနေ့ နိုဝင်ဘာ ၁၄ ရက် ညပိုင်းမှာ မက္ကဆီကို Arena Ciudad de México မှာကျင်းပမှာဖြစ်ပါတယ်။
မယ်စကြဝဠာ မြန်မာသက်စံအန်ဒါဆန်ရဲ့ ရွှေဇီးကွက် အမျိုးသားဝတ်စုံ
ဆွီဒင်- မြန်မာနွယ်ဖွား မြန်မာမယ်စကြဝဠာအလှမယ် သက်စံအန်ဒါဆန်ရဲ့ အမျိုးသားဝတ်စုံကတော့ မြန်မာ့ရိုးရာအယူအဆအရ လာဘ်လာဘကောင်းတယ်လို့ ယူဆလက်ခံကြတဲ့ ရွှေရောင်ဇီးကွက်ရုပ်ကို Inspired ယူဖန်တီးထားတဲ့ ဝတ်စုံဖြစ်ပါတယ်။
မြန်မာက မယ်စကြဝဠာပြိုင်ပွဲကို ၂၀၁၃ခုနှစ် ကစတင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့တာဖြစ်ပြီး မြန်မာမယ်စကြဝဠာအလှမယ် သက်စံအန်ဒါဆန် ကတော့ မြန်မာကိုယ်စားပြုယှဥ်ပြိုင်တဲ့ ပထမဆုံး ဥရောပ – မြန်မာ နွယ်ဖွားဖြစ်ပါတယ်။
ဗီယက်နမ် မယ်စကြဝဠာ ရဲ့ အမျိုးသားဝတ်စုံ
ထိုင်းမယ်စကြဝဠာ ရဲ့ အမျိုးသားဝတ်စုံ
ကမ္ဘောဒီးယားမယ်စကြဝဠာ ရဲ့ အမျိုးသားဝတ်စုံ
လာအို မယ်စကြဝဠာ ရဲ့ အမျိုးသားဝတ်စုံ
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။