လော်စပီကာဖွင့်ပြီး ဆူညံနေတဲ့ ကထိန်ထက် ရိုးရိုးလေးပဲ ကထိန်ခင်းစေချင်တယ်ဆိုတဲ့ အဆိုတော်ပိုပို

Celebrity Local News
လော်စပီကာဖွင့်ပြီး ဆူညံနေတဲ့ ကထိန်ထက် ရိုးရိုးလေးပဲ
ကထိန်ခင်းစေချင်တယ်ဆိုတဲ့ အဆိုတော်ပိုပို

အသဲကွဲသီချင်းတွေသီဆိုရင်း အပျိုကြီးတစ်ယောက်ဘဝကိုရောက်မှန်းမသိရောက်နေသူကတော့ တေးသံရှင်ပိုပိုပါ။အဆိုပိုင်းမှာ ပါရမီပါတဲ့ ပိုပိုက သီချင်းတွေကို ကိုယ်တိုင်ရေးသားပြီး သီဆိုခဲ့တာလည်းဖြစ်ပါတယ်။ခံစားချက်ပါပါ သီဆိုတတ်တာကြောင့် ပိုပိုရဲ့ သီချင်းဆိုရင် မကြိုက်တဲ့ ပရိတ်သတ်က မရှိသလောက်ပါဘဲ။

အဆိုတော် ပိုပို ကတော့ အနုပညာ လောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားပြီး ပရိတ်သတ် တွေရဲ့ တစ်ခဲနက်အားပေးခြင်းကို ရရှိထားသူတစ်ယောက်ပဲဖြစ် ပါတယ်. အဆိုတော် ပိုပိုဟာ ထိန်းသိမ်းခံထားရပြီး ပြန်လည် လွတ်မြောက်လာချိန်မှာတော့ အနုပညာအလုပ်တွေကို တစိုက် မတ်မတ်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်..

ချစ်သီချင်းတွေထက် အသဲကွဲသီချင်းတွေနဲ့ အလွမ်းအဆွေးသီချင်းတွေကိုသီဆိုတတ်တဲ့ ပိုပိုရဲ့ အချစ်ရေးကလည်း သီချင်းထဲက အတိုင်းပါဘဲ။အရင်ကချစ်သူရှိခဲ့ပေမယ့် တွဲတိုင်းပြတ်ဖြစ်နေခဲ့တာပါ။

အခုတစ်ခါမှာတော့ ကထိန်ခင်းရင် လော်စပီကာဖွင့်တာထက် ရိုးရိုးအေးအေးလေးကထိန်ခင်းစေချင်တဲ့အကြောင်းပြောပြလာတာပဲဖြစ်ပါတယ်။ ပိုပိုက “ကထိန်ရာသီရောက်ပြီဆို ရပ်ကွက်ထဲမှာ လော်စပီကာနဲ့မလိုလားအပ်တဲ့သီချင်းတွေ ဖွင့်တာမျိုးမကြိုက်ဘူး။ ပတ်ဝန်းကျင်နားညီးပြီး စိတ်ညစ်ရတယ်။ အမု-န်းခံပြောရရင် ကချင် ပျော်ချင်ဆိုချင်ရင် ဘားတွေကလပ်တွေသွားပါ။ မြတ်စွာဘုရားက တိတ်ဆိတ်တာပဲကြိုက်တယ်။ ဗုဒ္ဓဘာသာနဲ့ မအပ်စပ်ဘူး။ ကထိန်ကဆူညံနေတာ ပိုအကုသိုလ်များတယ်။ ရိုးရိုးလေးပဲကထိန်ခင်းစေချင်တယ်”ဆိုပြီး ပြောပြလာတာပဲဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...