သားနဲ့သမီးကို ဖခင်ဖြစ်သူနဲ့ တွေ့ခွင့်ပြုထားတယ်ဆိုတဲ့ ခင်ဇာခြည်ကျော်
ပရိသတ်ကြီးရေ… သရုပ်ဆောင်ခင်ဇာခြည်ကျော် ကတော့ အနုပညာလောကမှာ ယနေ့ အချိန်ထိ အောင်မြင်မှုရရှိနေတဲ့ အကယ်ဒမီဆုရှင် မင်းသမီး တစ်လက်ပဲ ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော် အနုပညာနဲ့ပတ်သက်ရင်လည်း တာဝန်ကျေသလို Single Mom တစ်ယောက်အဖြစ်လည်း သားတွေ သမီး တွေအပေါ်တာဝန်ကျေပွန်အောင် ဆောင်ရွက် နေလျက် ရှိတာပဲ ဖြစ်ပါတယ်။
ဝါရင့်သရုပ်ဆောင်မင်းသမီးတစ်ယောက် ဖြစ်တဲ့ ခင်ဇာခြည်ကျော်ကတော့ အနုပညာလောက မှာ တောက်ပခဲ့တဲ့သူပဲဖစ်ပါတယ်၊ဆယ်စုနှစ်များစွာအောင်မြင်မှု့ ရရှိခဲ့တဲ့သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ခေတ်တစ်ခေတ်မှာတောက်ပခဲ့တဲ့ ခင်ဇာခြည်ကတော့ လက်ရှိ မှာချစ်ရတဲ့သားသမီးနှစ်ယောက် နဲ့အတူအနုပ ညာအလုပ်တွေ ရောlivesaleတွေမှာပါမြင်တွေ့ရနေတာပဲဖြစ်ပါတယ်။
Single Mother အဖြစ် မိသားစုကို ဦးဆောင်ရပ်တည်နေသူ ခင်ဇာခြည်ကျော်က အမျိုးသားနဲ့ ကွာရှင်းခဲ့ပေမယ့် သားနဲ့သမီးကိုတော့ ဖခင်ဖြစ်သူနဲ့ တွေ့ဆုံခွင့်ပြုထားတယ်လို့ ဆိုပါတယ်။ မန္တလေးရောက်ချိန်တိုင်း မိသားစု ဆုံတွေ့ ထမင်းလက်ဆုံစားဖြစ်ကြပြီး သားသမီးတွေနဲ့ ဖခင် တွေ့ဖြစ်ကြပါတယ်တဲ့။ သူမနဲ့သာ သူစိမ်းတွေဖြစ်ကြပေမယ့် ဖခင်ကတော့ ဖခင်ဖြစ်တာကြောင့် မစော်ကားဖို့ အမြဲသွန်သင်ဆုံးမတယ်လို့ ခင်ဇာခြည်ကျော်က ဆိုပါတယ်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။