သီတင်းကျွတ်မှာ အဖေနဲ့အမေကို ဘန်ကောက်အလည်ခေါ်သွားပြီး ကန်တော့ခဲ့တဲ့ တိုင်ရွန်

Celebrity Local News
သီတင်းကျွတ်မှာ အဖေနဲ့အမေကို ဘန်ကောက်အလည်ခေါ်သွားပြီး
ကန်တော့ခဲ့တဲ့ တိုင်ရွန်

သရုပ်ဆောင် တိုင်ရွန်ကတော့ မော်ဒယ်အဖြစ် အနုပညာလောကကိုဝင်ရောက်ခဲ့ပြီး အခုချိန်မှာဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အားပေးတဲ့ မင်းသားတယောက်ဖြစ်လာနေပါပြီ။ သူ့ရဲ့ထူးခြားတဲ့ တက်တူးတွေနဲ့ ခန္ဓာကိုယ်တောင့်တင်းမှုတွေက အဓိကဆွဲဆောင်မှုတွေဖြစ်ပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် မင်းသားတစ်ယောက်ဖြစ်ပါတယ်။

တိုင်ရွန်က ရုပ်ရည် ချောမောပြီးအမိုက်စား Body ကို ပိုင်ဆိုင်ထားရုံအပြင် သရုပ်ဆောင်ပီပြင်တဲ့ သူဖြစ်တာကြောင့် သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင် အမာရရှိထားတာပဲ ဖြစ်ပါတယ်။အမြဲတမ်းကြည့်လိုက်ရင် ခပ်မိုက်မိုက် Style Tattooအမိုက်စားနဲ့ မိန်းကလေး ပရိသတ်တွေရင်ကို လှုပ်ခတ်စေတဲ့ မင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။

သူကတော့ ဒီနှစ် သီတင်းကျွတ် ကန်တော့တဲ့အနေနဲ့ မိဘနှစ်ပါးကို ဘန်ကောက်အလည်ခေါ်သွားပြီး ကျန်းမာရေးဆေးစစ်မှုတွေပြုလုပ်ပေးခဲ့ပါတယ်တဲ့။ မြန်မာ့ရိုးရာ ဂါရဝပြုကန်တော့ကြတဲ့ သီတင်းကျွတ်လေးမှာ လူတိုင်းဟာ ပုံစံမျိုးစုံနဲ့ လူကြီးသူမတွေကို ကန်တော့နေကြတာပါ။ တိုင်ရွန်ရဲ့ ကျေးဇူးသိတတ် ကန်တော့မှုဟာလည်း လေးစားစရာကောင်းလှပါတယ်။

တိုင်ရွန်က”ဒီနှစ်သီတင်းကျွတ်ကို အမှတ်တရလေးဖြစ်အောင်
သားမိသားဖသုံးယောက်ထည်း
အဖေနဲ့ အမေကို ဘန်ကောက်ကိုအလည်ခေါ်သွားတယ် ပြီးတော့ medical check up ပါတခါထည်း လုပ်ပေးရင်း သီတင်းကျွတ်ကန်တော့ခဲ့ပါတယ် ….
ဒီထက်ပိုမိုကောင်းမွန်သော ဘဝမျိုးမှာ ထားနိုင်ပါစေလို့လဲဆုတောင်းလိုက်ပါတယ် ….
ပျော်ရွှင်ဖွယ်သီတင်းကျွတ်လပြည့်ညလေးဖြစ်ပါစေဗျာ။


ဆေးရုံ medical check up လုပ်ရာတွင် လိုလေသေးမရှိအောင် နွေးထွေးစွာ လိုက်ပါကူညီပေးခဲ့သော မေ့ဆေးအထူးကုဆရာဝန်ကြီး ဒေါက်တာ ဦးကြည်လင်းမိသားစုအားအထူးဘဲကျေးဇူးတင်ရှိပါတယ်ခင်မျာ” ဆိုပြီးဝေမျှလာတာပဲဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...