သဘာဝအတိုင်း လှချင်သူတွေအတွက် မရှိမဖြစ် ရှားစောင်းလက်ပတ်

Health Knowledge
သဘာဝအတိုင်း လှချင်သူတွေအတွက် မရှိမဖြစ် ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကို Skin care အတွက် နှင့် ဆံပင်ကိုအားဖြည့်ဖို့အတွက်အသုံးပြုတယ်ဆိုပြီးလူသိများပါတယ်၊ ရသာယနာ ဆေးအဖြစ်အသက်ရှည်ဖို့အတွက်လည်း ရှားစောင်းလက်ပတ်ကို အသုံးပြုကြပါတယ်။

ရှားစောင်းလက်ပတ်ကို Aloe Vera လို့ခေါ်ပါတယ်Pure Aloe vera (သန့်စင်ထားတဲ့ရှားစောင်းလက်ပတ်) မှာVitamins C, E ကြွယ်ဝစွာပါဝင်ပြီးတော့
– Antibacterial
– Antioxidant
– Anti-inflammatoryစတဲ့ Effect တွေရှိပါတယ်။
ရှားစောင်းလက်ပတ်ကို အခြားဘယ်အရာတွေနဲ့ရောပြီးသုံးလိုက်ရင်ဘယ်လိုအစွမ်းအာနိသင်တွေကိုရမလဲ

(1) ရှားစောင်းလက်ပတ်နှင့် သံပုရာရည်

– ရှားစောင်းလက်ပတ် ထမင်းစားဇွန်း ၁ ဇွန်း
– သံပုရာရည်လက်ဖတ်ရည်ဇွန်း ၁ဇွန်းကို ရောစပ်ပြီး လိမ်းပေးခြင်းဖြင့် အသားအရေကို အေးမြစေပြီး နေလောင်လို့ ပူရှိန်းရှိန်းဖြစ်ခြင်းကို သက်သာစေပါတယ်။ Dead cell လို့ခေါ်တဲ့ ချေး(ဂျီး)တွေကို ဖယ်ရှားပေးပြီး အသားအရေကို စိုပြေစေပါတယ်။ သံပုရာရည်မှာ Citric acid ပါတာမို့ ဝက်ခြံကိုသက်သာစေပါတယ်။ အရေပြားယားယံခြင်းကိုသက်သာစေပါတယ်။

(2) ရှားစောင်းလက်ပတ်နှင့် ပျားရည်
– ရှားစောင်းလက်ပတ် ထမင်းစားဇွန်း ၁ ဇွန်း
– ပျားရည် ထမင်းစားဇွန်း ၁ ဇွန်းကို ရောစပ်ပြီးလိမ်းပေးခြင်းဖြင့် အသားအရေကိုချောမွေ့စိုပြေစေပါတယ်။ အသားအရေကိုတင်းရင်းစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ အရေပြားတွင်ဖြစ်သောအနာများ ကို ကျက်စေပါတယ်။ အမာရွက်ပျောက်စေပါတယ်။ ဝက်ခြံ​ကိုပျောက်စေပါတယ်။

(3) ရှားစောင်းလက်ပတ်နှင့် အောင်မဲညို
– ရှားစောင်းလက်ပတ် ထမင်းစားဇွန်း ၁ ဇွန်း
– အောင်မဲညိုအပွင့်ခြောက်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ကိုရောစပ်ပြီး လိမ်းပေးခြင်းဖြင့် အသားအရေကိုတင်းရင်းစိုပြေစေပါတယ်။ ဆံပင်ကို နက်မှောင်သန်စွမ်းစေပါတယ်။ ဦးရေပြားပါးခြင်းနှင့် ယားယံခြင်းကို သက်သာစေပါတယ်။

(4)ရှားစောင်းလက်ပတ်နှင့် အာလူး
– ရှားစောင်းလက်ပတ် ထမင်းစားဇွန်း ၁ ဇွန်း
– အာလူးအနှစ်ရည် ထမင်းစားဇွန်း တစ်ဝက် ကိုရောစပ်ပြီးလိမ်းပေးခြင့်ဖြင့် နေလောင်တဲ့အသားအရေကို နဂိုအသားအရေသို့ရောက်အောက် စွမ်းဆောင်ပေးနိုင်ပါတယ်။ အသားအရေကို ဖြူဖွေး စိုပြေစေပါတယ်။ အမည်းစက် တင်းတိတ်များကို ပါးသွားစေပါတယ်။

(5)ရှားစောင်းလက်ပတ်နှင့်သကြား
– ရှားစောင်းလက်ပတ်ထမင်းစားဇွန်း ၁ ဇွန်း
– သကြားလက်ဖက်ဇွန်း ၁ ဇွန်းကိုရောပြီးလိမ်းပေးခြင်းဖြင့် ဝက်ခြံကိုသက်သာစေပါသည်။

ရှားစောင်းလက်ပတ်ကို ချက်ဆေးလုပ်ပြီး ရသာယနာဆေး(အသက်ရှည်ဆေး) အနေနဲ့လည်း အသုံးပြုကြပါသေးတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...