ကင်ဆာနှင့်အစားစာ

Health Knowledge
ကင်ဆာနှင့်အစားစာ

“ကင်ဆာ နှင့် အစားအစာ ဆက်စပ်တယ်” လို့ ပြောသူတွေ မနည်းပါ။ အတိအကျတော့ ဆရာဝန်တွေကမှ မပြောနိုင်ပါ။ ကင်ဆာကို ဖြစ်စေတဲ့ အကြောင်းတရားကိုလဲ အသေအခြာမသိရဘဲ (သီအိုရီ) ကသာ များနေသလို အတူတူပါဘဲ။

တချိုလေ့လာမှုတွေက ကင်ဆာကို ဖြစ်စေတာထဲမှာ ပါတ်ဝန်းကျင် အကြောင်းခံတွေက ၈ဝ-၉ဝ% ပါမယ်လို့ ဆိုတယ်။ အဲဒီအထဲမှာ အစားအစာက ၃ဝ-၄ဝ% သက်ဆိုင်တယ်လို့ ပြောထားတယ်။ များသောအားဖြင့် သုတေသနတွေဟာ ကင်ဆာ မဖြစ်အောင် ကာကွယ်ရေးမှာသာ လုပ်ကြတာ ဖြစ်ပြီး၊ အစားအစာနဲ့ ကင်ဆာကုဘို့ရာလဲ အနည်းအပါးတော့ ရှိတယ်။

ကင်ဆာဖြစ်စေတာတွေထဲမှာ Obesity လူအဝလွန်တာနဲ့ Alcohol အရက်သေစာဟာ တရားခံစာရင်းမှာ ထိပ်ကနေတယ်။ Fruits အသီးတွေနဲ့ Vegetables အသီးအရွက် အစားနည်းပြီး Red meat အသားစား ကဲတာတွေကလဲ နောက်ကလိုက်တယ်။ ကော်ဖီလဲ ပါသေးတယ်။ အသားစားများတာနဲ့ Breast cancer ရင်သားကင်ဆာ၊ Colon cancer အူမကြီးကင်ဆာ၊ Pancreatic cancer သရက်ရွက်-ကင်ဆာတွေနဲ့ ဆက်စပ်နေတယ်လို့ ပြောတာရှိတယ်။

အကောင်းဆုံးလို့ အများဆုံး ပြောတာတွေကတော့ Vegetables ဟင်းသီးဟင်းရွက်တွေ၊ Fruit သစ်သီးတွေ၊ Whole grain သိပ်ဖြူနေအောင် ချွတ်မတားတဲ့ အနှံတွေ နဲ့ Fish ငါးတွေ ဖြစ်တယ်။

ဟင်းသီးဟင်းရွက်တွေကို Fibre (ဖိုက်ဘာ) ပါတဲ့ အစာတွေလို့ သတ်မှတ်ပြီး၊ Antioxidant (အင်တီ-အောက်စီဒင့်) တွေပါတယ်။ အသီးအရွက်တွေမှာပါတဲ့ Flavonoids (ဖလဘိုနွိုက်) နဲ့ Catechins (ကက်တ်ချင်) ဓါတ်တွေဟာ “ခါးတဲ့အရသာ” ရှိတယ်။ အလွန် ကောင်းတဲ့ ကင်ဆာ-ကာကွယ်ဆေးတွေ ဆိုပြီးတောင်မှ ပြောကြတယ်။ Catechins ဟာ ဗီတာမင် (စီ) ထက် အဆ ၁ဝဝ သာသတဲ့။ (အီး) ထက် ၂၅ ဆ သာသတဲ့။ Flavonoids နဲ့ Catechins အတူတွဲရင် (ဆဲလ်) တွေကို X-ray damage ဓါတ်မှန်ရဲ့ ဒဏ်ကနေ ကာကွယ်နိုင်တယ်လို့ ဆိုပါသေးတယ်။

Flavonoids များတဲ့ အစာတွေထဲမှာ Garlic ကြက်သွန်ဖြူ၊ Onions ကြက်သွန်နီ၊ Shallots ကြက်သွန်နီကလေး၊ Leeks ကြက်သွန်မြိတ်တွေ ပါတယ်။ ဒါတွေထဲမှာ Vitamin C ဗီတာမင် (စီ)၊ Selenium (ဆယ်လ်နီယမ်) နဲ့ Sulfur compounds (ဆာလ်ဖါ) ဓါတ်ပေါင်းတွေလဲ ပါတာမို့ အားလုံးပေါင်းကနေ ကင်ဆာဖြစ်မှာကို တားဆီးနိုင်တယ်လို့ အာဟာရ သုတေသနက ယူဆတယ်။

Probiotics ဆိုတာ အစာလမ်းကြောင်းမှာ ရှိနေကြတဲ့ ဗက်တီးရီးယား အကောင်းတွေကို ခေါ်တယ်။ အစာခြေရာမှာ အသုံးကြတယ်။ ဒါ့အပြင် အစာတွေကနေ ကင်ဆာဖြစ်စေမှာကိုလဲ တားနိုင်တယ်လို့ ဆိုပါတယ်။ ဇီဝ-ဓါတုဗေဒလိုပြောရရင် b-glucuronidase နဲ့ Nitro-reductase ခေါ်တဲ့ (အင်ဇိုင်းမ်) တွေကနေ ကင်ဆာဖြစ်စေမှာမျိုး ပြောင်းလဲမသွားစေဘို့ရာ လုပ်ပေးနိုင်တယ်။ ကိုယ်ခန္ဓာရဲ့ ခုခံအားစနစ် တခုထဲကနေ ဒီတာဝန်ယူနေရတာကို ဒါတွေကနေ အကူညီပေးတယ်။

စောစောပိုင်း သုတေသနတွေမှာ လူတွေစားသုံးတဲ့ အဆီကို အာရုံစိုက်ခဲ့ကြတယ်။ နောက်ပိုင်းမှာ ဒီအချက်ကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံလို့ မသင့်တာတွေ့ရတယ်။ အရွယ်ရောက်ချိန်မှာ အာဟာရ မျှတတာနဲ့ ကြီးလာလို့ ကိုယ်အလေးချိန် တက်လာတာတွေကို အာရုံစိုက်လေ့လာကြတယ်။ Breast ရင်သား-ကင်ဆာ နဲ့ Colon အူမကြီး-ကင်ဆာတွေအတွက် ဖြစ်တယ်။ ငယ်ရွယ်တုံးမှာ ကိုယ်လက် လေ့ကျင်ခန်း-အားကစား မလုပ်တာဟာ အချက်တခုဆိုတာ သိလာရတယ်။

အသီးအနှံ၊ အသီးအရွက်တွေက ကောင်းတယ်ပေမဲ့ ချက်ပြုတ်တာမှာ ကြာကြာ ချက်တာ မကောင်းဘူး။ ဟင်းချက်တဲ့ထဲမှာ အရောအနှောတွေ များတာ မကောင်းဘူး။ ပင်ကိုယ်သဘာဝနဲ့ နီးလေလေ ကောင်းလေလေ။ Dairy products နို့ထွက်အစာတွေ၊ Fish ငါးတွေ နဲ့ Meat အသားတွေကို စားတာထဲက ၃ ပုံ ၁ ပုံထက် မများသင့်ဘူး။ ဒါပေမဲ့ သက်သတ်လွတ်စားပါလို့ မဆိုလိုပါ။ စက်နဲ့ ပြုပြင်ထားတာကို တတ်နိုင်သလောက် လျှော့စားပါ။ ဥပမာ ပန်းသီးဖျော်ရည်အစား ပန်းသီးကိုဘဲ စားပါ။

“အသီးအရွက် စားတာကနေ ကင်ဆာကို ကာကွယ်နိုင်တယ် ဆိုတာဟာ လိုတာထက် ပိုပြောနေတယ်” လို့လဲ နောက် လေ့လာမှုတွေက ထောက်ပြလာတယ်။ Folic acid (ဖေါလစ်-အက်စစ်) က Breast ရင်သား-ကင်ဆာ နဲ့ Colon အူမကြီး-ကင်ဆာတွေအတွက် ကောင်းတယ်လို့ အဲဒီသုတေသနက ဆိုလာတယ်။ (ဖေါလစ်-အက်စစ်) အကြောင်း ရေးထားပါတယ်။ များတိုင်းလဲ မကောင်းပါ။

ကင်ဆာ ကာကွယ်ရေးအတွက် ကောင်းတဲ့ အစားအစာ စာရင်းထဲမှာ ဒါတွေလဲ ပါသေးတယ်။
– Soy ပဲပုတ်၊
– Vitamin E ဗီတာမင် (အီး)၊
– Vitamin D ဗီတာမင် (ဒီ)၊
– Flaxseeds နှမ်းတမျိုး၊

– Selenium (ဆဲလ်နီယမ်) ဓါတ်ပါတဲ့ အစာတွေ Nuts အစေ့အဆံ၊ Cereals ဆန်-ဂျုံ-ပြောင်း-ပြောင်ဖူး၊ Meat အသား၊ Mushrooms မှို၊ Fish ငါး၊ eggs ဥတွေ၊
– Green tea လဖက်ရည်ကြမ်း၊
– Organic (အော်ဂဲနစ်) အစာ ဒါမှမဟုတ် Local produce ဒေသထွက် အစာတွေကို တတ်နိုင်သလောက် စားသုံးပါ။

ဆရာကြီးဦးတင့်ဆွေကိုလေးစားစွာခရက်ဒစ်ပေးပါတယ်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...