“ ဆေးစွမ်းထက် လက်ချောင်းလေးများ ´´
Lady’s fingers လို့ လူသိများတဲ့ ချစ်နှစ်သက်ဖွယ် ရုံးပတီသီးလေး တွေကို အိမ်ရှင်မ အများစုက နု,မနု အဖျားပိုင်းကို ဆတ်ခနဲ ချိုး ကြည့်ပီး မှ ဝယ်ကြတယ်။
အသားတစ်မျိုးမျိုး နဲ့ ကြော်ချက်စားတာပဲ ဖြစ်ဖြစ်၊ ငါး၊ ပုစွန် တစ်မျိုးမျိုး နဲ့ ချဉ်ရည်ဟင်းချက်လို့ပဲ ဖြစ်ဖြစ်၊ သီးသန့်ကြော်စား၊ ပြုတ်စား၊ မီးဖုတ်စား တတ်ကြသလို တချို့က သနပ်လုပ်စားပြီး တချို့က ရေဆေးအစိမ်းစားတတ်ကြသေးတယ်။
*ဘယ်လိုပဲစားစား အစိမ်းရောင်သန်းနေတဲ့ ဒီလက်ချောင်းလေးတွေ မှာ လူသိနည်းတဲ့ ဆေးစွမ်းထက် အာနိသင်တွေ အများကြီး ရှိနေတယ်။
#ရုံးပတီသီး အစိမ်း သတ္ထုရည် တစ်ခွက် (၁၀၀ ဂရမ်) မှာ
*ပျော်ဝင်အမျှင်ဓာတ် (soluble fiber) = ၃ ဂရမ် ခန့်
*ပရိုတိန်းဓာတ် (protein) = ၂ ဂရမ်
*ကာဗိုဟိုက်ဒရိတ် (carbohydrates) = ၇.၆ ဂရမ်
*အဆီဓာတ် (fats) = ၀.၁ ဂရမ်
*ဗီတာမင် စီ (Vitamin C) = ၂၁ မီလီဂရမ်
*ဖော့လိတ် (Folate) = ၈၈ မိုက်ခရိုဂရမ်
*မဂ္ဂနီစီယမ်(Magnesium) = ၅၁ မီလီဂရမ်
ပါဝင်ပါတယ်။ ဒါ့ကြောင့် မှော်ဆန်လောက်အောင် ဆေးစွမ်းထက် အာနိသင်တွေ ပြည့်ဝ နေတဲ့ အသီးငယ်လေးတွေပါ။
စျေးထဲမှာလည်း အလွယ်တကူ ဝယ်ယူ နိုင်တဲ့ #ရုံးပတီသီး လေးတွေက ဘယ်လို အာနိသင်တွေ ရှိနေမလဲ??? ဆိုတာ ကြည့်ရအောင်’
၁) #ပန်းနာရင်ကြပ် ဝေဒနာ ကို သက်သာစေခြင်း
ပန်းနာရင်ကြပ်ရောဂါ မှာ ရုံးပတီသီးလို Vitamin C အနဲငယ် (21 mg per cup) သာ ပါဝင်တဲ့ အသီးအရွက်က သက်သာစေနိုင်တယ်ဆိုတာ အမှန်ပါပဲ။
*Vitamin C နဲနဲ ပဲ ပါတဲ့ အသီးတွေကို တစ်ပတ်မှာ ၁ခါ ၂ခါ လောက် စားရုံ နဲ့ သူငယ်နာ ပန်းနာရင်ကြပ်မှာ ဖြစ်တတ်တဲ့ တရွှီရွှီ ဝေဒနာ ကို သက်သာစေကြောင်း
၂၀၀၀ ခုနှစ်က Thorax ဆိုသူလေ့လာ တွေ့ရှိခဲ့ပါတယ်။
အလားတူ ပန်းနာလို ကြပ် တတ်တဲ့ လူနာတွေမှာလည်း သက်သာမှု ရခဲ့ကြောင်း သုတေသီတွေက ဖော်ပြခဲ့ပါတယ်။
၂) #Cholesterol ကိုလက်စရော လျော့ကျစေခြင်း
ရုံးပတီသီးဟာ အစာကြေကျက်မှု ကို တိုးမြှင့်ပေးသာ မက
သူ့မှာပါတဲ့ အမျှင်ဓာတ်တွေကြောင့် မကောင်းတဲ့ အဆီ နဲ့ ကိုလက်စရော တွေကိုပါ လျော့ကျစေပါတယ်။
ပျော်ဝင်အမျှင်ဓာတ် ဖြစ်တာကြောင့် အစာခြေလမ်းကြောင်းမှာ ပြိုကွဲသွားပီး တခြား အစားအသောက်တွေမှာ ပါလာတဲ့ အဆီနဲ့ မကောင်းတဲ့ ကိုလက်စရော တွေကို သွားပေါင်းတယ်။ မစင်နဲ့အတူ စွန့်ထုတ်ပေးတယ်။
ဒါကို ဟားဗတ် ရဲ့ ကျန်းမာရေးဆိုင်ရာ ထုတ်ပြန်ချက်မှာကို ဖော်ပြခဲ့ပီးသားပါ။
၃) #ဆီးချိုရောဂါ အတွက် ဆေးနည်းကောင်း
ပျော်ဝင်အမျှင်ဓာတ် က မကောင်းတဲ့ ကိုလက်စရောကို လျော့ကျစေရုံသာမက သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းညှိပေးသေးတယ်။
၂၀၁၁ က ISNR ဆေးဝါးဆိုင်ရာ အဖွဲ့အစည်းက သုတေသန လုပ်ခဲ့တယ်။
ရုံးပတီသီးနု လေးတွေကို ပါးပါးလှီးပြီး ရေစိမ်ထားတယ်။ နောက်ပြီး ကြွက်အုပ်စု တစ်စု ကို ၎င်း ရုံးပတီသီးစိမ်ရည်တိုက်ကျွေးတယ်။ နောက် အုပ်စုကို ဒီအတိုင်းထားပြီး လေ့လာခဲ့တယ်။
အဲ့ဒီအခါ သုတေသီတွေက ` ရုံးပတီသီးဟာ သကြားဓာတ်ကို စုပ်ယူမှု နှုန်းလျော့ကျစေပြီး ကြွက်တွေရဲ့ သွေးတွင်း သကြားဓာတ် level ကိုပါ လျော့ကျသွားစေကြောင်း´ တွေ့ရှိခဲ့ကြတယ်။
၄) #ရောဂါခုခံကာကွယ်မှုစနစ် ကို အားမြှင့်ပေးနိုင်ခြင်း
Vitamin C နဲ့ Anti oxidant ဒြပ်ပေါင်းတွေ ပါဝင်တဲ့ ရုံးပတီသီးဟာ ခန္ဓာကိုယ်ရဲ့ ရောဂါခုခံကာကွယ်ရေး စနစ် Immune System ကို အားမြှင့်ပေးနိုင်တယ်။
Vitamin C ဟာ Immune system ကို လှုံ့ဆော်ပေးတာကြောင့် ပြင်ပက ရောဂါပိုးတွေကို တိုက်ထုတ်ပေးတဲ့ သွေးဖြူဥ တွေကို ပိုမို ဖွဲ့စည်းစေတယ်။
၅) #ကျောက်ကပ်ရောဂါများ ကို ကာကွယ်ပေးခြင်း
ရုံးပတီသီး ပုံမှန်စားခြင်းဟာ ကျောက်ကပ်ရောဂါတွေ ကို ကာကွယ်ပေးနိုင်တယ်။
၂၀၀၅ ခုနှစ်က Jilin Medical ဂျာနယ် မှာ ဆီးချိုလူနာတွေကို အုပ်စုနှစ်စု ခွဲ လေ့လာခဲ့ကြောင်းဖော်ပြထားတယ်။
*ရုံးပတီသီးနေ့စဉ်စားတဲ့ ဆီးချိုလူနာတွေ ဟာ ဆီးချိုရောဂါထိန်း ဓာတ်စာ ကိုသာ စားတဲ့ ဆီချိုလူနာတွေထက် ကျောက်ကပ်ပျက်စီးမှု လက္ခဏာတွေ လျော့နည်းတယ် လို့ဆိုထားပါတယ်။
*ရုံးပတီသီး ဟာ ဆီးချိုရောဂါ ရဲ့ နောက်ဆက်တွဲ ဖြစ်တဲ့ #ကျောက်ကပ်ပျက်စီးခြင်း ကို တဝက် နီးပါး အကူအညီပေးတယ် လို့လည်း ဖော်ပြထားပါတယ်။
၆) #ကိုယ်ဝန်ဆောင် နှင့် ရုံးပတီသီး
*ရုံးပတီသီး မှာ Vitamin A, Vitamin B (B1, B2, B6), Vitamin C အပြင် Zinc နဲ့ Calcium အနည်းငယ်လည်း ပါဝင်ပါတယ်။
ဒါ့အပြင် အမျှင်ဓာတ် နဲ့ Folic acid လည်း ပါဝင်တာကြောင့် #ကိုယ်ဝန်ဆောင် စဉ်ကာလ မှာ အထူးစားသုံးသင့်တဲ့ အသီး ပါပဲ။
ရုံးပတီသီး စားတဲ့ မိခင်လောင်း ဟာ *ကိုယ်ဝန်ဆောင်စဉ် ဝမ်းချုပ်ခြင်းမျိုး ကင်းဝေးပြီး
*Folic acid အားနည်းလို့ ဖြစ်တတ်တဲ့ မွေးရာပါကလေးငယ်ရဲ့ ကျောရိုး (backbone) နဲ့ ကျောရိုးအာရုံကြောမကြီး (Spinal cord) ပတ်လည် အမြှေးပါးတွေ အပြည့်အဝ မပိတ်တဲ့ Spina bifida ရောဂါ မျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
ဒါ့ကြောင့် စာဖတ်သူ ကိုယ်တိုင်ရော စာဖတ်သူ ရဲ့ မိသားစု မှာပါ ရုံးပတီသီး ရဲ့ ဆေးစွမ်းတွေ ကို ကောင်းကောင်းအသုံးချ နိုင်လောက်ပြီ လို့ ယူဆမိပါတယ်။
မှတ်ချက်
ဟင်းအိုးထဲ မထည့်ခင် (သို့) မချက်ခင် လှီးဖြတ်ပြီး ရေစိမ်တာမျိုးမလုပ်ဘဲ အတောင့်လိုက်ရေစိမ်ဆေးပြီး အိုးထဲထည့်ခါနီးမှ လှီးဖြတ်ထည့်သင့်ပါတယ်။ အချိန်ကြာမြင့်စွာ ကြိုတင်လှီးဖြတ် လေသလပ်ခံခြင်းမှ ရှောင်ကြဉ်ရပါမယ်။
လှီးပြီးရေစိမ်ခြင်း နှင့် လေသလပ်ခံခြင်းကြောင့် အာဟာရဓာတ် တန်ဖိုးလျော့နည်းကုန်ခမ်းတတ်လို့ပါ။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။