ထိပ်ခပ်နာ၊ နှာခေါင်းပိတ်၊မျက်ရိုးကိုက်၊ပျောက်ဆေးစွမ်းကောင်း

Health Knowledge

ထိပ်ခပ်နာ၊ နှာခေါင်းပိတ်၊မျက်ရိုးကိုက်၊ပျောက်ဆေးစွမ်းကောင်း

ထိပ်ခတ်နာ၊နှာစေး နှာပိတ် နှာမွှန် မျက်ရိုးကိုက်ဝေဒနါများသည် လူကြီး လူငယ် ကလေး မကျန် အချိန်မရွေးဖြစ်တတ်သော ဝေဒနါဖြစ်ပါသည်။ အနေအထိုင်ရခက်သလို ခံစားရလည်းခက်ပါတယ်။

ဒီလိုဝေဒနါတွေကင်းဝေးစေဖို့ လက်တွေ့ဆေးစွမ်းကောင်းတစ်လက် ဒါနပြုပေးလိုက်ပါသည်။
ကလေးငယ်လေးတွေ နှာပိတ် နှာမွှန်တာလည်း သုံးလို့ရပါတယ်။


ဆေးနည်း။ ။
၁။ နနွင်းတက်
၂။သစ်ကြပိုးခေါက်
၃။နံ့သာဖြူ

ပြုလုပ်ပုံ ။ ။ အလွန်လွယ်ကူပါသည်။
ဖော်ပြပါဆေးပစ္စည်းများကို ကျောက်ပျဉ်သန့်သန့်လေးမှာ ကလေးဆို ခပ်ကျဲကျဲလေးသွေး၊ လူကြီးဆို ပျစ်ပျစ်လေးသွေးပြီး နှာတံတစ်လျောက် ၊အထက်မျက်ခုံးတစ်ဝိုက် လိမ်းပေးလိုက်ရုံပါပဲ။

ဟုတ် မဟုတ်၊ ဆေး စွမ်း မစွမ်း ကိုယ်တိုင်စမ်းကြည့်ပါ။အထွေအထူး ညွှန်းမနေတော့ပါဘူး။
စေတနာကြောင့် ဝေဒနါပျောက်ပါစေ
ဘေးရန်အသွယ်သွယ်မှ ကင်းဝေးကြပါစေ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...