ပန်းနာရင်ကျပ်နှင့် ဖောခြင်း၊ရောင်ခြင်းအတွက် ပဲစင်းငုံ
ပဲစင်းငုံစေ့(ခွဲခြမ်းမဟုတ်) နို့ဆီတစ်ဘူး/တစ်ဝက်ကို ရေဖြင့်နူးအောင်ပြုတ်ပါ။ပဲနူးလျှင်ပြုတ်ရည်ကို ငှဲ့ယူထား၍ ပြုတ်ထားသောပဲကို ကြက်သွန်ဖြူ/နီဖြင့်ဆီသတ်ပြီးကြော်ပါ။
၎င်းပဲပြုတ်ဆီသတ်ထဲသို့ ငှဲ့ယူထားသောပဲပြုတ်ရည်နှင့်ရေနွေးအသင့်အတင့်ပြန်လောင်း ထည့်ပြီး
ခဏကြာလျှင်မီးဖိုမှချ၍ စားသုံးနိုင်ပါသည်။
စွမ်းအင်။ ။
—————–
ထိုကဲ့သို့ နေ့စဥ်ပြုလုပ်၍ တစ်လခန့်စားလျှင်
ဖောခြင်း၊ရောင်ခြင်း အမြစ်ပြတ်ပျောက်ကင်းပြီး
သုံးလခန့်စားပါက ပန်းနာရင်ကျပ်ပျောက်ပါသည်။
ချောင်းဆိုး ပန်းနာ ပျောက်ဆေး
**************************
#ပွေးသတ်သည့်မဲဇလီရွက်များကိုဆားနှင့်အနည်းငယ်ပွတ်၍ အရည်ညစ်ယူပါ၊ ၎င်းသတ္တုရည်နှင့်ဆတူအရက်ရောပါ။
~ဆတူရောစပ်ထားသောဆေးရည်ကို ကြွေပန်းကန်တွက်ထည့်၍ ပွက်နေသောရေနွေးဖြင့် ပေါင်းအဖုံးအုပ်ပါ ဆေးရည်နွေးလာလျှင်ထုတ်ပါ။
၎င်းဆေးရည်ကို ဟင်းစားဇွန်းဖြင့် အစာမစားမီ
နံက်တစ်ဇွန်း ညတစ်ဇွန်းတစ်နေ့ နှစ်ကြိမ်သုံးဆောင်ပါ။
နာတာရှည် ပန်းနာ ချောင်းဆိုး အဆုတ်ရောဂါအတွက် ၁၅ ရက်ခန့်သုံးဆောင်ကာမျှ အမြစ်ပြတ်ပျောက်ကင်းသက်သာပါသည်။
#သင်္ဘောမဲဇလီ စွမ်းအင်။ ။
—————————————
အဖူးနှင့်အရွက်ကိုပြုတ်သောက်ပါက
အသက်ရှူပြွန်ချောင်း ရောင်သောရောဂါနှင့် ပန်းနာရောဂါကိုသက်သာစေ၍ ဝမ်းသက်စေပြီး ဆီးရွှင်စေသည်။သလိပ်ကိုလည်းကျစေသည်။
#ရှောက်သီးနှင့် ပန်းနာရင်ကျပ်ရောဂါ
******************************
~ ရှောက်ရည်
~ အရက်ဦးရည်
~ ပျားလေးရည် သုံးမျိုး ဆတူရောစပ်ပြီး
ဇွန်းလေးတစ်ဇွန်းတစ်နေ့ နှစ်ကြိမ်သောက်ပါ။
#ရှောက်သီးစွမ်းအင်။ ။
——————————
နှလုံးကိုကြည်စေ၏ပေါ့သောဓါတ်ရှိ၏ ခယရုပ်နာ၊ချောင်းဆ်ုးနာ၊ နှုတ်မမြိန်သောအနာ၊မွတ်သိပ်နာများကိုပျောက်စေ၏။လည်ချောင်းကိုသုတ်သင်ခြင်း၊အသံပျက်ခြင်း၊အဖုအလုံးပေါက်ခြင်းတို့ကိုနိုင်၏။သလိပ်နှင့်ပတ်သက်သော သလိပ်ကျပ်၊
ပန်းနာရင်ကျပ်၊ ကဿ်ညှာချောင်းဆိုး၊ဖောရောင်၊သည်းခြေနှင့်ပတ်သက်သည့်လည်ချောင်းအတွင်းဖြသ်သော ပုပ်ခိုး၊ငုပ်ခိုးကြောင့်ဖြစ်သည့်အနာများကိုကာကွယ်၏။ ။
#ရှောက်ချဥ်သီးသည် ပိုးအပေါင်းကိုဖျက်ဆီးတတ်၏ ဒေါသသုံးပါးကြောင့်ဖြစ်သော ရင်ဘတ်နာ၊ဘေးထိုးရင်ကျပ်နာကိုနိုင်၏။။
#ပျားရည်စွမ်းအင်။ ။
—————————
ပျားရည်သည် ချောင်းဆိုးနာ၊ သွေး၊ သည်းခြေ၊ လေသလိပ်နာ၊ မောပန်းနာ ၊ပန်းနာ ၊ရှူဟိုက်သောအနာတို့ကိုနိုင်၏။ ။ပျားရည်သည်ပဋိဇီဝဆေးများကဲ့သို့ ပိုးသေစေသော အာနိသင်ရှိသည်။
ပျားလေးရည်ဆိုသည်မှ မဟာမြိုင်ပျားရည်မဟုတ်ပါ။
~#ပျားရည်၊ရှောက်ရည်၊ဇဝက်သာ၊ သုံးမျိုးရောစပ်၍သောက်က ချောင်းဆိုးရင်ကျပ် သလိပ်ကပ်ပန်းနာပျောက်၏။ ။
#ပျားရည်ရှောက်ရည်ရေနွေးပူပူ သုံးမျိုးရောစပ်၍သောက်ပေးပါက ကလေးများကြက်ညှာချောင်းဆိုးပျောက်ပြီးလူကြီးများမောနာသက်သာ၏။
#အရက်စွမ်းအင်။ ။
————————-
တန်ဆေးလွန်ဘေးဆိုသကဲ့သို့ အရက်ကိုတစ်နေ့အနည်းငယ်မျှသောက်ပေးလျှင် လူ့ခန္ဓာကိုယ်သွေးလှည့်ပတ်မှုကိုပိုမိုကောင်းမွန်စေသည်ဟုဆေးပညာရှင်များကယူဆကြသည်။သို့ရာတွင်
သတ်မှတ်ပမာဏထက်မပိုရပါ လူတစ်ယောက်
သီတင်းပတ်တစ်ပတ် Unit20ထက်ပိုမသောက်ရပေ။တစ်ယူနစ် ဝိုင်ဖန်ခွက်ငယ်တစ်ခွက်စာဖြစ်၍
တစ်ပတ်စာသောက်ရမည့်ပမာဏကို တစ်ချီတည်းသောက်ချလျှင်မူ အသက်အန္တရာယ်ရှိသည်။
စပျစ်သီးမှချက်သောဝိုင်နီသည်တစ်နေ့နည်းနည်းသောက်လျှင်ဆေးဖက်ဝင်သည်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။