ဘီပိုး၊ စီပိုးအတွက် အကောင်းဆုံးအိမ်တွင်းကုထုံးများ

Health Knowledge
ဘီပိုး၊ စီပိုးအတွက် အကောင်းဆုံးအိမ်တွင်းကုထုံးများ

ရောဂါရှိသူများအနေဖြင့် ဘီပိုး၊ စီပိုးရောဂါအတွက် ထိရောက်စွာ ဆေးဝါး ကုသခံယူရင်း အောက်ဖော်ပြပါ အိမ်တွင်း ကုထုံးလေး များကို တွဲဖက်၍ အသုံးပြုနိုင်ကြပါစေရန် အကြံပြုလိုပါသည်။

အရက်က အသည်းကို လုံးဝကောင်းကျိုးမပြုပေ။ ထို့ကြောင့် အရက်သောက်သုံးမှု ရှောင်ရှားရသည်။ ထို့ပြင် Alcohol ဓာတ် အနံ့အရသာပါသည့် မည်သည့် အရာကိုမျှ မစားသောက်သင့်ပေ။ မီးမြှိုက်ထားသော အကင်အမျိုးမျိုးတို့ကို စားသုံးခြင်းမှ အထူး ရှောင်ရှားပါ။ အစိမ်းရောင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများပိုစားပါ။
လက်ဖက်ရည်ကြမ်း(ရေနွေးကြမ်း) သောက်ပါ။ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ပြေပျောက်စေရန်အတွက် တစ်လလျှင် ရက်သတ္တနှစ်ပတ်တိတိ ဆက်တိုက်အသားမစားဘဲ လတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတို့ကိုသာ စားပေးပါ။
အဖြူရောင်မုန်လာဥ၊ မုန်လာရွက်၊ Clover ခေါ် အရွက်သုံးရွက်ပါရှိသော ကျွဲနွားစားသည့်အပင်ငယ်၊ ကုလားချဉ်ပေါင်ရွက်နှင့် လက်ဖက် စားပေးပါ။ နနွင်းမှုန့်စားပါ။ နနွင်းမှုန့်က အသည်းရောင်ခြင်းကို သက်သာစေပါသည်။ အသည်းရောင်ရောဂါ ဘီပိုး၊ စီပိုး ဝေဒနာသည်များအတွက် နွယ်ချိုက လွန်စွာကောင်းကျိုးပြုပါသည်။ သို့သော် သွေးတိုး၊ ဆီးချိုရှိနေပါက နွယ်ချိုမစားသင့်ပေ။

Beet Root ခေါ် သကြားမုန်လာဥ ခေါ် မုန်လာဥနီအလုံးက အသည်းဆဲလ်တွေကို အသစ်ပြန်လည်မွေးဖွားစေသည်။
Artichoke ခေါ် ဆူးလေပင်၊ ဆူးပလွေပင်နှင့် အုပ်စုတူသောအပင်ငယ် ခေါ် မုန်လာထုပ်တစ်မျိုးက အသည်းဆဲလ်တွေကို ကောင်းစွာ အလုပ်လုပ်စေသည်။
ဆီ၊ အဆီလုံးဝမစားသင့်ပေ (သို့မဟုတ်) ဆီလျှော့စားပါ။ အဆီ၊ အနှစ်၊ မလိုင်၊ ထောပတ်၊ နို့၊ ကြက်ဥအနှစ်နှင့် ဆီကြော်မုန့်စားသုံးခြင်းရှောင်ပါ။

ပရိုတင်းဓာတ်များကိုလည်း တစ်နေ့လျှင် ၆ အောင်စထက်ပို၍မစားသင့်ပေ။ ဆိုးဆေး၊ ဓာတုတာရှည်ခံဆေးပါသော အရည်၊ မုန့်၊ အစားအစာများကိုရှောင်ပါ။ သံဓာတ်ပါသည့် တိရစ္ဆာန်အသည်းအမြစ်၊ ကလီစာနှင့် ဟင်းနုနယ်မစားရ။
သံဓာတ်အားဆေး လုံးဝမမှီဝဲပါနှင့်။ အချဉ်ရည်၊ ရှောက်သီး၊ သံပရာသီးများများစားခြင်းရှောင်ပါ။

ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပုစွန်ခြောက်လျှော့စားပါ။ အစာစားသည့်အခါ ကြေညက်ခဲသော အမာမစားပါနှင့်။
သခွပ်ပွင့်
သခွတ်ပင်၏ အပွင့်၊ အရွက်၊ အခေါက်တို့ကို ဆေးကျိုချက်ရန်အတွက် မြေအိုးအသစ် တစ်လုံး သုံးပါ။ မြေအိုးထဲမှာ လတ်ဆတ်သော သခွတ်ပွင့်၊ အရွက်နှင့် အခေါက် စုစုပေါင်း ထိုသုံးမျိုးလက်တစ်ဆုပ်စာကို ရေဖြင့် သုံးခွက် တစ်ခွက်ပြုတ်ပြီး တစ်နေ့လျှင် အနည်းဆုံး နှစ်ကြိမ်မှ အများဆုံးသုံးကြိမ်သောက်ပါ။

(အပွင့်စိုနှင့်အရွက်စိုများမရခဲ့လျှင် အပင်ခေါက် တစ်မျိုးတည်း လက်တစ်ဆုပ်ကို ရေသုံးခွက်တစ်ခွက်ပြုတ်ပြီး အလားတူ အချိုးအစားအတိုင်း ကြိုချက်သောက်သုံးနိုင်ပါသည်။) အကယ်၍ လတ်လတ်ဆတ်ဆတ် အပွင့်စို၊ အရွက်စို၊ အခေါက်စိုများ မရနိုင်သည့်အခါမျိုးတွင် ၎င်းင်းတို့ကို အခြောက်ခံ၍ သောက်သုံးနိုင်ပါသည်။
သို့သော် ၎င်းတို့ကို နေရောင်ခြည်ပြင်းပြင်းမှာ အခြောက်ခံ မလှမ်းသင့်ပေ။ အာနိသင်ဓာတ်လျော့ ကျ သွားသည်။ ထို့ကြောင့် အပွင့်နှင့်အရွက်တို့ကို နေရောင်ခြည် အနည်းငယ်ရသောနေရာမှာ အခြောက်ခံပြီး အခေါက်ကိုမူ ရေဆေးပြီး ကြာရှည်သိမ်းထားနိုင်အောင် နေဖန့်ဖန့်ပြပါ။

လက်ဖက်ခြောက်အစား သခွတ် အရွက်၊ အပွင့်၊ ပင်စည်ခြောက်များကို အနည်းငယ်ထည့်ခတ်၍ ရေနွေးကြမ်းသောက်သလို နေ့စဉ်သောက်သုံးပေးခြင်းဖြင့် ဘီပိုး၊ စီပိုးရောဂါအတွက်သာမက အသည်းအဆီဖုံးခြင်းအန္တရာယ်မှ ကြိုတင်ကာကွယ်ရာရောက်ပါ သည်။

ဣဿရမူလီ

ဣဿရမူလီကိုစားပါ။ သို့သော် ဣဿရမူလီက အပူဓာတ်များသဖြင့် ခန္ဓာကိုယ်တွင်း အပူဓာတ်များသူက ရေနိုင်နိုင်ချိုးပေးရပါမည်။ အပင်ရှင်သန်ပေါက်ရောက်ရာ နေရာဒေသပေါ်မူတည်၍ အရွက်အရွယ်အစား အသေး၊ အကြီး ကွာဟမှုရှိတတ်သည်။ ထို့ကြောင့် စတင်စားသုံးသူအနေဖြင့် အရွက်အစိုကို လက်နှစ်လုံးခန့်သာ ဝါးစား၍ ရေ၀၀သောက်ပါ။

ရောဂါဝေဒနာပေါ်မူတည်၍ နံနက်၊ နေ့လယ်၊ ည တစ်ကြိမ်စီ တစ်နေ့သုံးကြိမ် ဝါးစားပြီး ရေသောက်ပါ။ ပဉ္စငါးပါး (အဖူး၊ အပွင့်၊ အရွက်၊ ပင်စည်၊ အမြစ်) အားလုံး အနံ့အရသာရော ဆေးစွမ်းသတ္တိတွေပါ အတူတူဖြစ်သည်။ အထူးသတိပြုရန်မှာ ဣဿရမူလီကို သုံးစွဲမည့်သူ၏ အသက်အရွယ်၊ ကိုယ်ခံစွမ်းအားနှင့် ကိုယ်အလေးချိန်အချိုးအစားအတိုင်း စံနစ်တကျမှီဝဲသင့်၍ တတ်သိနားလည်သော ဆရာသမား ကောင်းများနှင့် တိုင်ပင်ပြီးမှသာ စိတ်ချလက်ချ သုံးစွဲသင့်ပေသည်။

ကြက်သွန်နီ

ကြက်သွန်နီတစ်လုံး အခွံခွာ အလုံးလိုက်ရေဆေး ( စိတ်ပြီးမှမဆေးရ) လေးစိတ်စိတ် သကြားနှင့်စားပါ။ နံနက်တစ်လုံး၊ နေ့လယ် တစ်လုံး၊ ညတစ်လုံး တစ်နေ့သုံးကြိမ် ပုံမှန်စားပေးပါက လပိုင်းအတွင်း ဘီပိုး၊ စီပိုး သိသိသာသာ ပျောက်ကင်းသွားကြောင်း လေ့လာသိရသည်။

တရုတ်စကားပန်း

တရုတ်စကားအနီပင်၏ ပင်စည်အခေါက်ကို သုံးခွက်တစ်ခွက် ကျိုသောက်ပါ။ ဘုရားကုန်းတချို့တွင် ပေါက်ရောက်သော ခြင်္သေ့ နို့ရည်ပင်သည် Hepatitis A,B,C,D,E,F,G ဗိုင်းရပ်ကြောင့် အသည်းရောဂါများနှင့် အိပ်ရာကမထနိုင်သည့် လူနာသည်ပင် လူကောင်းအလား ပြန်လည်ကောင်းမွန်လာစေသည်။

ပေပင်

ပေပင်၏ အရွက်ကိုပြုတ်သောက်ပါ။အသည်းကိုပြန်လည်ကောင်းမွန်စေပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...