ရှန်ကျိုး-၁၉ အာကာသလူသယ်ယာဉ်
တီယန်ကောင်း အာကာသစခန်းနှင့်ချိတ်ဆက်
တရုတ်အမျိုးသားအာကာသအေဂျင်စီက လွှတ်တင်ခဲ့သော ရှန်ကျိုး-၁၉ အာကာသလူသယ်ယာဉ်သည် အောက်တိုဘာ ၃၀ ရက်တွင် တီယန်ကောင်း အာကာသစခန်းနှင့် အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့ကြောင်း သိရသည်။
တရုတ်အမျိုးသားအာကာသ အေဂျင်စီသည် အာကာသယာဉ်မှူး သုံးဦးလိုက်ပါသွားသော ရှန်ကျိုး-၁၉အာကာသလူသယ်ယာဉ်ကို အောက်တိုဘာ ၃၀ ရက်တွင် လောင်းမတ်ခ်ျ-၂အက်ဖ် ဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ရှန်ကျိုး-၁၉ အာကာသလူသယ်ယာဉ်သည် လွှတ်တင်ပြီးခြောက်နာရီကျော်အကြာတွင် တီယန်ကောင်း အာကာသစခန်းနှင့် အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့ခြင်းဖြစ်သည်။
တီယန်ကောင်းအာကာသစခန်းနှင့်ချိတ်ဆက်နိုင်ခဲ့ပြီးနောက် ရှန်ကျိုး-၁၉ ၌ လိုက်ပါသွားသော အမျိုးသားအာကာသယာဉ်မှူးကိုင်ရှုကျိ၊ ဆောင်လင်တန်နှင့် အမျိုးသမီးအာကာသယာဉ်မှူး ဝမ်ဟွာကျီတို့အနေဖြင့် တီယန်ကောင်းအာကာသစခန်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
ဝမ်ဟွာကျီသည် တရုတ်နိုင်ငံ ၏ ပထမဆုံးအမျိုးသမီးအာကာသ အင်ဂျင်နီယာအဖြစ် ရှန်ကျိုး-၁၉ အာကာသယာဉ်ဖြင့် တီယန်ကောင်းအာကာသစခန်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ရှန်ကျိုး-၁၉ အာကာသယာဉ်မှူး သုံးဦးတို့သည် တီယန်ကောင်း အာကာသစခန်းယာဉ်ပေါ်၌ လက်ရှိတာဝန်ထမ်းဆောင်နေသာ ရှန်ကျိုး-၁၈ အာကာသယာဉ်မှူးသုံးဦးတို့၏ လုပ်ငန်းတာဝန်များကို အစားထိုးရယူမည်ဖြစ်သည်။
ရှန်ကျိုး-၁၈ အာကာသယာဉ်မှူးသုံးဦးကမူ နိုဝင်ဘာ ၄ ရက်တွင် ကမ္ဘာမြေပေါ်သို့ ပြန်လည်ဆင်းသက်ရန် စီစဉ်ထားကြောင်း သိရသည်။
ရှန်ကျိုး-၁၉ မစ်ရှင်သည် တရုတ်နိုင်ငံအတွက် အာကာသယာဉ်မှူးများလိုက်ပါသည့် (၁၄)ကြိမ်မြောက် အာကာသလူသယ်ယာဉ်မစ်ရှင်ဖြစ်သည်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။