ဟမ်းစတား ၁၃၂ ကောင် လွတ်သွားလို့ လေယာဉ်တစ်စင်းကို
လေဆိပ်မှာ ၄ ရက်ကြာ ရပ်ထားခဲ့ရ
ပုံးထဲ ထည့်လာတဲ့ ဟမ်းစတား ၁၃၂ ကောင် လွတ်သွားလို့ ပေါ်တူဂီလေဆိပ်မှာ လေယာဉ်တစ်စင်း ၄ ရက်ကြာ ရပ်နားထားခဲ့ရပါတယ်။ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့ကနေ ပွန်တာဒယ်ဂါဒါလေဆိပ်ကို ပျံသန်းမယ့် TAP Air Portugal လေကြောင်းလိုင်းရဲ့ လေကြောင်းခရီးစဉ်မှာ ခရီးသည်တွေ လိုက်ပါလာတဲ့အပြင် ဟမ်းစတား၊ မြွေပါကတိုးဖြူနဲ့ ငှက်တွေကိုလည်း ပုံးတွေ၊ လှောင်အိမ်တွေနဲ့ထည့်ပြီး တင်ဆောင်လာခဲ့တာပါ။
ဒါပေမဲ့ ဟမ်းစတား ၁၃၂ ကောင် ပုံးထဲက လွတ်သွားပြီး လေယာဉ်ရဲ့ ဝါယာကြိုးတွေကို ကိုက်ဖြတ်မယ့် အန္တရာယ်ရှိတာကြောင့် လေယာဉ်ကို ပွန်တာဒယ်ဂါဒါလေဆိပ်မှာ ၄ ရက်ကြာ ရပ်ထားခဲ့ရပါတယ်။ Airbus A320 လေယာဉ်ကို စစ်ဆေးမှုတွေလုပ်ပြီး ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာမရှိမှန်း သိတဲ့နောက်မှသာ လစ္စဘွန်းလေဆိပ်ထံ ပြန်လည်ထွက်ခွာခဲ့ပြီး ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လစ္စဘွန်းလေဆိပ်ကို ဆိုက်ရောက်ခဲ့ပါတယ်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။