ခံစားချက်ရေချိန်လျှော့ချကြရန် နိုင်ငံသားများကို သမ္မတဘိုင်ဒင် တိုက်တွန်း

International News
ခံစားချက်ရေချိန်လျှော့ချကြရန် နိုင်ငံသားများကို သမ္မတဘိုင်ဒင် တိုက်တွန်း

ရီပက်ဘီကန် ကိုယ်စားလှယ်ဒေါ်နယ်ထရန့် က ရွေးကောက်ပွဲအနိုင်ရရှိသွားခဲ့ပြီးနောက် ခံစားချက်ရေချိန်များ လျှော့ချကြရန် သမ္မတဂျိုးဘိုင်ဒင် က အမေရိကန်နိုင်ငံသားများကို တိုက်တွန်းပြောကြားသည်။

“ နောက်ပြန်လန်ကျတာတွေက ရှောင်လွှဲလို့မရပါဘူး။ လက်လျှော့လိုက်တာကတော့ ခွင့်လွှတ်နိုင်စရာ မရှိပါဘူး” ဟု ဒုတိယသမ္မတ ကာမလာဟားရစ် ရှုံးနိမ့်သွားခြင်းနှင့်ပတ်သက်၍ ဘိုင်ဒန် က အိမ်ဖြူတော်နှင်းဆီဥယျာဉ်တွင် ဝန်ထမ်းများအားပြောကြားပြီး တစ်ကြိမ် တစ်ခါ ရှုံးနိမ့်ခြင်းကြောင့် လုံးဝရှုံးသွားပြီဟု မဆိုနိုင်ကြောင်း ဆက်ပြောသည်။

အင်္ဂါနေ့ ရွေးကောက်ပွဲက အမေရိကန်ရွေးကောက်ပွဲစနစ်၏ အားကောင်းခိုင်မာမှုကို သက်သေပြနေကြောင်းနှင့် စနစ်တကျ အာဏာလွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း ဘိုင်ဒန် က အာမခံကာ အပေါင်းပါ အမေရိကန်နိုင်ငံသားများကို ရန်ဘက်များအဖြစ် မမြင်ကြဘဲ ခံစားချက် ရေချိန်များကို လျှော့ချကြရန် ဂျိုးဘိုင်ဒင် က ဆက်လက်ပြောကြားသည်။

ထို့ပြင် ဂျိုးဘိုင်ဒင် က ရွေးကောက်ပွဲ အနိုင်ရသူ ဒေါ်နယ်ထရန့်ကို အိမ်ဖြူတော်သို့ ဖိတ်ခေါ်ခဲ့ကာ ယင်းမှာလည်း ဘိုင်ဒင်အနိုင်ရခဲ့စဉ် က ထရန့်က မလုပ်ခဲ့သော အစဉ်အလာဖြစ်သည်။

ဟားရစ် ရှုံးနိမ့်မှုအတွက် ဒီမိုကရက်တချို့က ဂျိုးဘိုင်ဒင်ကို အပြစ်တင်ကြပြီး ၎င်းအနေနှင့် ဒုတိယအကြိမ် ရွေးကောက်ပွဲဝင်ရန် မကြိုးစားသင့်ခဲ့ကြောင်း ပြောကြားကြသည်။ ဇူလိုင်လက ပြုလုပ်သော ရုပ်သံစကားစစ်ထိုးပွဲတွင် မရှုမလှဖြစ်ခဲ့ပြီးနောက် ၎င်း၏ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အခြေအနေအပေါ် မေးခွန်းထုတ်ခံရပြီးနောက်တွင်မှ ဘိုင်ဒင် က ဒုတိယသက်တမ်းအတွက် နောက်ဆုတ်သွားခြင်းဖြစ်သည်။

ကာမလာဟားရစ်ကလည်း ၎င်း၏ ထောက်ခံသူများကို နှစ်သိမ့်ရန် ကြိုးစားခဲ့ကာ ဘိုင်ဒင်ကဲ့သို့ပင် ဇန်နဝါရီ ၂၀ ရက် ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ ထရန့်အစိုးရအဖွဲ့ထံ အာဏာလွှဲပြောင်းမှုကို ကူညီသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ဒီမိုကရက်များအနေဖြင့် သူတို့ ယုံကြည်ရာကို ဆက်လက်တိုက်ပွဲဝင်ကြရန်လည်း ဟားရစ် က တိုက်တွန်းခဲ့သည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...