ချောမွေ့သောအာဏာလွှဲပြောင်းရေးကို မျှော်လင့်ထားကြောင်း
သမ္မတ ဂျိုးဘိုင်ဒင် က ထရန့် အား ပြောကြား
လာမည့်နှစ် ဇန်နဝါရီတွင် ချောမွေ့သော အသွင်ကူးပြောင်းရေးကို မျှော်လင့်ထားကြောင်း ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် နှင့် အိမ်ဖြူတော်၌ ယမန်နေ့တွေ့ဆုံမှုအတွင်း သမ္မတ ဂျိုးဘိုင်ဒင် က ပြောကြားသည်။
“ကောင်းပြီ၊ ရွေးကောက်ခံသမ္မတ၊ သမ္မတဟောင်း ဒေါ်နယ်ထရန့်ရေဂုဏ်ယူပါတယ်” ဟု ဘဲဥပုံရုံးခန်းရှိ မီးလင်းဖိုရှေ့၌ ထရန့်က ၎င်း၏ဘေးနားထိုင်နေချိန်တွင် ဘိုင်ဒင် က ပြောကြားသည်။
အိမ်ဖြူတော်က ပြန်လည်ကြိုဆိုကြောင်း ဘိုင်ဒင် က ပြောခဲ့ပြီး ခေါင်းဆောင်နှစ်ဦးက လက်ဆွဲနှုတ်ဆက်ခဲ့ကြကာ ထရန့် က ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားသည်။
“ကိစ္စတော်တော်များများမှာ နိုင်ငံရေးဆိုတာက ကြမ်းတမ်းပါတယ်၊ ဒါဟာ သိပ်အဆင်ပြေနေတဲ့ ကမ္ဘာ မဟုတ်ပေမယ့် ဒီနေ့ကတော့ ကောင်းမွန်တဲ့ကမ္ဘာဖြစ်ပြီး ဒါကို ကျွန်တော် အလေးအနက် အသိအမှတ်ပြုပါတယ်”ဟု ထရန့် က ပြောကြားသည်။
အာဏာပြန်ရလာရန် တွန်းအားပေးသည့် ကြီးမားသော အခြေအနေများတွင် ပြီးခဲ့သည့် သီတင်းပတ် ရွေးကောက်ပွဲ၌ လူကြိုက်များသော မဲများဖြင့် အောင်ပွဲခံကာ ဘိုင်ဒင်နှင့် တွေ့ဆုံရန် ထရန့် က ယမန်နေ့တွင် အိမ်ဖြူတော်သို့တစ်ကျော့ပြန်လာခဲ့သည်။
“အသွင်အကူးအပြောင်းက တတ်နိုင်သမျှ ချောမွေ့ပါလိမ့်မယ်”ဟု ထရန့် က ဘိုင်ဒင်၏ပြောစကားအပေါ် ထပ်တူပြုပြောကြားသည်။
ခေါင်းဆောင်နှစ်ဦးက အခန်းတွင်းရှိ သတင်းထောက်များ၏ အော်ဟစ်မေးမြန်းမှုများအပေါ် အချင်းချင်း ရယ်မောကာ တုံ့ပြန်ခဲ့ကြသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။
ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် ကို ယမန်နေ့ နံနက်ပိုင်းက ဂုဏ်ပြုနှုတ်ဆက်ရာတွင် သမ္မတကတော် ဂျေးလ်ဘိုင်ဒင်လည်း သမ္မတဘိုင်ဒင်နှင့်အတူ တက်ရောက်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခင်သမ္မတကတော်ဟောင်း မနီလာထရန့်အား သမ္မကတော်များ၏ အစဉ်အလာတွေ့ဆုံပွဲအတွက် ဖိတ်ကြားထားသော်လည်း ၎င်းက ငြင်းဆိုခဲ့ကြောင်း သတင်းရင်းမြစ်များ၏ပြောကြားချက်အရ သိရသည်။
“မစ္စစ်ထရန့် အတွက် ဂုဏ်ပြုလွှာတစ်စောင်ကို သမ္မတကတော် ဂျေးလ်ဘိုင်ဒင် က ပေးအပ်ခဲ့ပြီး အသွင်ကူးပြောင်းရေးမှာ ကူညီပေးဖို့ သူ့အဖွဲ့က အဆင်သင့်ဖြစ်နေပြီဆိုတာကို ဖော်ပြခဲ့ပါတယ်” ဟု အိမ်ဖြူတော်တာဝန်ရှိသူကပြောကြားသည်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။