ဂါဇာသို့ လူသားချင်းစာနာမှုအကူအညီများ တိုးမြှင့်ပေးရန် အစ္စရေးကို ဘလင်ကန် တိုက်တွန်း

International News
ဂါဇာသို့ လူသားချင်းစာနာမှုအကူအညီများ တိုးမြှင့်ပေးရန်
အစ္စရေးကို ဘလင်ကန် တိုက်တွန်း

ဂါဇာဒေသတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ သိသိသာသာ တိုးမြှင့်ပေးရေး အရေးယူဆောင်ရွက်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် က ယမန်နေ့တွင် အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂဲလန့် အားတိုက်တွန်းပြောကြားသည်။

အစ္စရေးစစ်ပွဲဒဏ်ကို အလူးအလှိမ့်ခံစားနေရသော ဂါဇာဒေသမှ အလွန်ဆိုးရွားနေသည့် လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းကို ဖြေရှင်းရေး တိကျသောခြေလှမ်းများ လှမ်းရန် အစ္စရေးအတွက် ရက်ပေါင်း ၃၀ အချိန်ရကြောင်း အမေရိကန်အစိုးရ က အောက်တိုဘာ ၁၃ ရက်က ထုတ်ပြန်ပြောကြားခဲ့သည်။

စစ်ပွဲကြောင့် ပါလက်စတိုင်း ဒေသခံ ၂ ဒသမ ၃ သန်း စလုံး အကြိမ်ကြိမ်ပြောင်းရွှေ့နေထိုင်ရပြီး အငတ်ဘေးဆီ ဦးတည်ခဲ့သော ဂါဇာတွင် လူသားချင်းစာနာထောက်ထားမှု အခြေအနေမှာ အလွန်ဆိုးရွားပြင်းထန်ကြောင်း အကူအညီပေးရေး လုပ်သားများနှင့် ကုလသမဂ္ဂအရာရှိများက ပြောကြားသည်။

ယင်းနှင့်အတူ အစ္စရေးက လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေကြောင်း ကမ္ဘာ့တရားရုံးတွင် စွဲချက်များ ထွက်ပေါ်ခဲ့ရာ အစ္စရေး က ယင်းကို ငြင်းဆိုထားသည်။
အစားအစာ‌ ၊ ဆေးဝါး နှင့် အခြားမရှိမဖြစ်ပစ္စည်းများ အပါအဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို တိုးမြှင့်ပေးပြီး ရေရှည်တွင်လည်း အလားတူ တိုးမြှင့်ပေးထားရန် ဘလင်ကန် က အစ္စရေးကာကွယ်ရေးဝန်ကြီးကို တိုက်တွန်းပြောကြားခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားသည်။

ယမန်နှစ် အောက်တိုဘာ ၇ ရက်တွင် ပါလက်စတိုင်းဟားမားစ် အဖွဲ့က အစ္စရေးထဲ ဝင်ရောက်တိုက်ခိုက်ပြီး လူပေါင်း ၁၂၀၀၀ ကို အသက်ဆုံးရှုံးစေခဲ့ကာ လူ ၂၅၀ ကို ပြန်ပေးဆွဲသွားခဲ့ရာ အစ္စရေး က ဂါဇာကျူးကျော်တိုက်ခိုက်မှုများ စတင်ခဲ့ပြီး နောက် ဂါဇာတွင် နေထိုင်သူ အားလုံးနီးပါး အကြိမ်ကြိမ် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကာ လူပေါင်း ၄၃၀၀၀ အသက်ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

၎င်းတို့ကို ဒုံးကျည်များ ၊ ရောကတ်များဖြင့် ပစ်ခတ်နေသော လက်ဘနွန်နိုင်ငံထဲမှ ဟားမားစ်အဖွဲ့မဟာမိတ် ဟစ်ဇ်ဘိုလာအဖွဲ့ကိုလည်း အစ္စရေးက ဝင်ရောက် တိုက်ခိုက်နေရာ လူပေါင်း တစ်သန်းခန့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရပြီး ၃၀၀၀ ခန့် သေဆုံးခဲ့ပြီး ဖြစ်သည်။

 

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...