ငှက်ပျောသီး တစ်လုံးကို နံရံပေါ်မှာ တိပ်နဲ့ ကပ်ထားပြီး အနုပညာ လက်ရာ ပစ္စည်း အဖြစ်ပြသထားတာကို ဒေါ်လာ ၅ သန်းနဲ့ ၂ သိန်း ပေးပြီး ဝယ်ယူ

International News
ငှက်ပျောသီး တစ်လုံးကို နံရံပေါ်မှာ တိပ်နဲ့ ကပ်ထားပြီး အနုပညာ လက်ရာ
ပစ္စည်း အဖြစ်ပြသထားတာကို ဒေါ်လာ ၅ သန်းနဲ့ ၂ သိန်း ပေးပြီး ဝယ်ယူ

ငှက်ပျောသီး တစ်လုံးကို နံရံပေါ်မှာ တိပ်နဲ့ ကပ်ထားပြီး အနုပညာ လက်ရာ ပစ္စည်း အဖြစ်ပြသထားတာကို လေလံပွဲမှာ ဒေါ်လာ ၅ သန်းနဲ့ ၂ သိန်း ပေးပြီး ဝယ်ယူသွားပါတယ်။ မောင်ရီဇီယို ကတ်တလန် Maurizio Cattelan ဆိုတဲ့ အီတလီ အနုပညာရှင်ရဲ့ လူပြောသူပြော အခံရဆုံးထဲက လက်ရာတစ်ခု ဖြစ်ပါတယ်။ အခု နယူးယောက်မြို့က နာမည်ကြီး ဆပ်သဘီ Sotheby လေလံရုံမှာ မူလ ခန့်မှန်းထားတာထက် လေးဆ မက ရနိုင်ခဲ့ပါတယ်။

ဝယ်ယူသူဟာ တရုတ်နိုင်ငံဖွား ဒစ်ဂျစ်တယ် ခရစ်ပ်တို ငွေကြေး နဲ့ ချမ်းသာလာသူ စွန့်ဦးတီထွင်သူဌေး ဂျပ်စတင် ဆွန်း ဖြစ်ပါတယ်။ “လာမယ့်ရက်တွေမှာပဲ ငှက်ပျောသီးကို စားမယ်” လို့ မစ္စတာ ဆွန်းက ဆိုပါတယ်။

ဒီ အနုပညာ လက်ရာ တစ်ခုလုံးဟာ အဲဒီလို ငှက်ပျောသီးကို စားလိုက်တဲ့ အထိ လုပ်မှ ပြီးပြည့်စုံမှု အဆုံးတိုင်အဆင့်ကို ရောက်တယ် ဆိုတဲ့ ယူဆချက်အပေါ် အခြေခံ ထားပါတယ်။ ဒါ့ကြောင့် အဲဒီ ငှက်ပျောသီးကို စားတယ် ဆိုတဲ့ အဆင့်ကို အခု လာမယ့်ရက်တွေ အတွင်း သူ တွေ့ကြုံ ခံစားမှာ ဖြစ်တယ်လို့ မစ္စတာ ဆွန်းက ပြောနေတာ ဖြစ်ပါတယ်။

ဒီ “ငှက်ပျောသီး နံရံပေါ် တိပ်ကပ်” အင်စတော်လေးရှင်း တပ်ဆင်မှု အနုပညာ ပြကွက်ဟာ ၂၀၁၉ မှာ စလုပ်တဲ့ လူရွှင်တော် “Comedian” ဆိုတဲ့ ပြပွဲရဲ့ အစိတ်အပိုင်း အဖြစ် စတင် ပါဝင် ခဲ့တာ ဖြစ်ပါတယ်။

ဒီပြကွက်ထဲက ငှက်ပျောသီးကို ဝယ်စားတာ အရင် နှစ်ကြိမ် ရှိခဲ့ပြီ ဖြစ်ပြီး၊ အခု တတိယ အကြိမ် ဖြစ်ပါတယ်။ အခုလို ဒေါ်လာ ၅.၂ သန်း ပေးဝယ်လိုက်တဲ့ အတွက် လေလံပွဲရက် အစောပိုင်းကမှ ၃၅ ဆင့် နဲ့ ပေးဝယ်ပြီး ကပ်ထားတဲ့ ငှက်ပျောသီးဟာ ကမ္ဘာပေါ် စျေးအကြီးဆုံး သီးနှံ ဖြစ်သွားပြီလို့ နယူးယောက်တိုင်းမ်စ် သတင်းစာက ရေးပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...