စူပါတိုင်ဖွန်းမန်ယီ နီးကပ်လာစဉ် ဖိလစ်ပိုင်နိုင်ငံသား သိန်းနှင့်ချီ ရွှေ့ပြောင်း
ဖိလစ်ပိုင်နိုင်ငံသို့ ဦးတည်လာသော အားကောင်းသည့်မုန်တိုင်းတစ်လုံးသည် အလွန်အားကောင်းသော စူပါမုန်တိုင်းအဖြစ် အင်အားပြင်းထန်လာပြီး လေတိုက်နှုန်းကြောင့် ပြင်းထန်သောရိုက်ခတ်မှုများ ရှိနိုင်သလို အသက်အန္တရာယ်ရှိသော လှိုင်းကြီးမှုများ ဖြစ်ပေါ်နိုင်ကြောင်း အမျိုးသားမိုးလေဝသဌာန က ပြောကြားသည်။
တစ်လအတွင်း ခြောက်ကြိမ်မြောက် ဝင်ရောက်လာသည့် မုန်တိုင်းသည် ယနေ့ ညပိုင်း သို့မဟုတ် မနက်ဖြန် နံနက်ပိုင်းတွင် ဖိလစ်ပိုင်သို့ ဝင်ရောက်မည်ဟု ခန့်မှန်းထားပြီး လူပေါင်း ၂၅၅၀၀၀ က နေအိမ်များမှ ဘေးလွတ်ရာရွှေ့ပြောင်းထားကြပြီး ဖြစ်သည်။
လေတိုက်နှုန်း တစ်နာရီ ၂၃၀ ကီလိုမီတာရှိ အင်အားပြင်းမုန်တိုင်းသည် လူဦးရေကျဲပါးသော ကာတန်ဒူဝါနက်စ်ကျွန်းပြည်နယ်ဆီသို့ စူပါတိုင်ဖွန်းအဖြစ် အားအပြင်းဆုံး အနေအထားဖြင့် ဝင်ရောက်နိုင်ကြောင်း ဖိလစ်ပိုင်မိုးလေဝသဌာနက ပြောကြားသည်။
မုန်တိုင်းကြောင့် ပင်လယ်ပြင်တွင် ၁၄ မီတာအထိ မြင့်မားသည့် လှိုင်းလုံးကြီးများ ဖြစ်ပေါ်နိုင်သလို ကုန်းပေါ်သို့ တက်လာသော လှိုင်းလုံးများမှာလည်း အမြင့် သုံးမီတာ ကျော်လွန်နိုင်ကြောင်း မိုးလေဝသဌာန က ခန့်မှန်းထားသည်။
ပြီးခဲ့သည့် သီတင်းပတ်များက ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်ခဲ့သည့် မုန်တိုင်း ငါးလုံးကြောင့် အနည်းဆုံး လူပေါင်း ၁၆၃ ဦး သေဆုံးခဲ့ကာ သောင်းနဲ့ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြကာ သီးနှံများနှင့်မွေးမြူရေး တိရစ္ဆာန်အများအပြားလည်း သေကြေပျက်စီးခဲ့ရသည်။
ဘေးလွတ်ရာသို့ ရှောင်တိမ်းကြရန် သတိပေးချက်များကို နာလိုက်နာကြရန် အစိုးရကလည်း ပြည်သူလူထုကို ယနေ့တွင် ပန်ကြားခဲ့သည်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။