ဆည် ရေလွှတ်မှုကြောင့် ဖိလစ်ပိုင်မြောက်ပိုင်း၌ ရေဘေးသင့်

International News
ဆည် ရေလွှတ်မှုကြောင့် ဖိလစ်ပိုင်မြောက်ပိုင်း၌ ရေဘေးသင့်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်တစ်ခုမှ ရေများထုတ်လွှတ်ခဲ့ရကာ မြစ်ရေလျှံခြင်းများလည်း ရှိခဲ့ပြီးနောက် မုန်တိုင်းများ ဆက်တိုက်ကြုံခဲ့ရသော ဖိလစ်ပိုင်မြောက်ပိုင်း၌ နေအိမ်ထောင်ပေါင်းများစွာ ရေနစ်မြုပ်နေပြီး ရေအမြင့်မှာလည်း အချို့နေရာများတွင် လေး မီတာ အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

စနေ၊ တနင်္ဂနွေ နှစ်ရက်တွင် မန်ယီမုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတစ်ဝှမ်းတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းနှင့်အတူ ကာဂါယန်မြစ်ကြီးနှင့် ၎င်း၏ မြစ်လက်တက်များတွင် ရေကြီးကာ တာကျိုးပေါက်မှုများ ဖြစ်ပေါ်ခဲ့ကာ မာဂတ်ဆည်ကလည်း ရေများလွန်းသဖြင့် ရေလွှတ်ပေါက် သုံးခုမှ တစ်ဆင့် ရေများထုတ်လွှတ်ခဲ့ရသည်။
ကာဂါယန်ပြည်နယ် ရှိ တူဂူဂါရာအို မြို့တွင် အဆောက်အဦများ ၊ လမ်းမီးတိုင်များနှင့် သစ်ပင်များက အညိုရောင် ရေပြင်ကြားမှ ထိုးထွက်နေသည်ကို မြင်တွေ့ရသည်။ အချို့နေရာများတွင် ရေကြီးမှုက လေးမီတာ အထိ မြင့်မားကြောင်း ယင်းပြည်နယ်မှ ဘေးဒုက္ခကယ်ဆယ်ရေးဌာနအရာရှိ ဗယ်လ်ဒါပီနက်စ် က ပြောကြားသည်။

“ လွန်ခဲ့တဲ့ နှစ်ရက် က မိုးသည်းထန်စွာရွာသွန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း မာဂတ်ဆည်ကနေ ရေစပြီးလွှတ်တဲ့အချိန်မှာ ရေ စပြီး ကြီးလာပါတယ်” ဟု ဗယ်လ်ဒါပီနက်စ် က အေအက်ဖ်ပီ သတင်းအား ပြောသည်။ မုန်တိုင်းများ ဆက်တိုက်ဝင်ရောက်ထားသဖြင့် မြေကြီးကလည်း စိုစွတ်နေပြီး ရေများကို စုပ်မယူနိုင်တော့ကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းပြည်နယ်နှင့် ကပ်လျက်တည်ရှိသည့် အစ္စဘဲလား ပြည်နယ်တွင်လည်း လူပေါင်း သုံးသောင်းခန့် ရေကြီးမှုဒဏ်ကို ခံစားနေရဆဲဖြစ်ကြောင်း အီလာဂန်မြို့ ဘေးအန္တရာယ်ကယ်ဆယ်ရေးဌာနမှ အရာရှိတစ်ဦးဖြစ်သူ မွန်ထရီရယ် က ပြောကြားသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...