ထရမ့်က သူအနိုင်ရပြီလို့ ကြေညာပြီးတဲ့နောက်မှာ ယူကေအပါအဝင်
နိုင်ငံခေါင်းဆောင်တချို့က ဂုဏ်ပြုကြောင်းပြောကြား
အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ ယူကေရဲ့ ဝန်ကြီးချုပ် ကီယာစတာမာကတော့ “သမိုင်းဝင်တဲ့ ရွေးကောက်ပွဲအောင်ပွဲ” လို့ တင်စားပြီး ထရမ့်ကိုချီးကျူးလိုက်ပါတယ်။
“လာမယ့်နှစ်တွေမှာ အတူတူလက်တွဲလုပ်ဆောင်ဖို့ မျှော်လင့်နေပါတယ်” လို့ လည်း သူကထပ်ပြောခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုကလည်း ထရမ့်ကို “ဒါက တကယ်ကို ခမ်းနားကြီးကျယ်တဲ့ အောင်ပွဲတစ်ခုပဲ” လို့ ချီးကျူးစကားထပ်ဆိုထားပါတယ်။
“သမိုင်းမှတ်ကျောက်တင်တင်ရလောက်တဲ့ အောင်မြင်မှုနဲ့အတူ ပြန်ရောက်လာတာ ဝမ်းသာပါတယ်။ အိမ်ဖြူတော်ကို ပြန်ရောက်လာတာဟာ အမေရိကအတွက် ခြေလှမ်းအသစ်ဖြစ်ပြီး အစ္စရေးနဲ့ အမေရိကကြားက ကောင်းမွန်တဲ့ မိတ်ဖက်ဆက်ဆံရေးကိုလည်း ထိန်းထားဖို့ ရှေးရှုတယ်”လို့ သူက ဆက်ပြောခဲ့ပါတယ်။
အလားတူ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်ကလည်း “အမေရိကန်ရဲ့ နိုင်ငံရေးသမိုင်းမှာ အကြီးမားဆုံးအောင်မြင်မှုတစ်ပတ်ပြန်လည်လာတာပါ။ သမ္မတ ထရမ့်ရဲ့ ခမ်းနားတဲ့အောင်မြင်မှုအတွက်လည်း ဂုဏ်ပြုပါတယ်။ တစ်ကမ္ဘာလုံးက လိုအပ်နေတဲ့အောင်မြင်မှုပါပဲ” လို့ ဆိုထားပါတယ်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။