နေတန်ယာဟုနှင့် ဟားမားစ်အကြီးအကဲအပေါ် ICC ဖမ်းဝရမ်းထုတ်ပြန်

International News
နေတန်ယာဟုနှင့် ဟားမားစ်အကြီးအကဲအပေါ် ICC ဖမ်းဝရမ်းထုတ်ပြန်

ဟေ့ဂ်မြို့အခြေစိုက် နိုင်ငံတကာရာဇဝတ်မှုခုံရုံး( ICC ) မှ တရားသူကြီးများက အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအက်ဂဲလန့် နှင့် ဟားမားစ်စစ်ဘက်အကြီးအကဲတို့အပေါ် ဖမ်းဝရမ်းများ ထုတ်ပြန်လိုက်ပြီး ဂါဇာပဋိပက္ခတွင် ပါဝင်သည့် နှစ်ဖက်စလုံး က စစ်အတွင်း ပြစ်မှုများ ကျူးလွန်ခဲ့ကြကြောင်း ပြောကြားသည်။

နေတန်ယာဟုနှင့် ယိုအက်ဂဲလန့်တို့သည် ၎င်းတို့၏ လုပ်ရပ်များအတွက် ရာဇဝတ်ကြောင်းအရ တာဝန်ရှိသည်ဟု ယုံကြည်နိုင်သော အချင်းအရာများကို တရားရုံးက တွေ့ရှိခဲ့ကြောင်း တရားသူကြီးများက ပြောကြားသည်။
ယင်းပုဂ္ဂိုလ်နှစ်ဦးသည် လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်မှုနှင့် အစာရေစာဖြတ်တောက်ထားခြင်းအား စစ်နည်းဗျူဟာ တစ်ခုအဖြစ် အသုံးပြုခြင်းများ ကျူးလွန်ခဲ့ကြကြောင်း တရားသူကြီးများက စွပ်စွဲပြောကြားသည်။

ဟားမားစ်စစ်ဘက်အကြီးအကဲ မိုဟာမက်ဒီအစ်ဖ် သည်လည်း စစ်အတွင်းပြစ်မှုများ ကျူးလွန်ခဲ့ကြောင်း ၎င်းအပေါ် ဖမ်းဝရမ်းက ဖော်ပြထားကာ ၎င်းသည် ညှဉ်းပမ်းနှိပ်စက်မှု ၊ မုဒိန်းမှု နှင့် ပြန်ပေးဆွဲမှုများအတွက် တာဝန်ရှိကြောင်း တရားသူကြီးများက ပြောကြားသည်။

မိုဟာမက်ဒီအစ်ဖ် မှာ ဇူလိုင်လက အစ္စရေးတို့၏ တိုက်ခိုက်မှုတွင် သေဆုံးသွားပြီဟု သတင်းထွက်နေသော်လည်း ယင်းအချက် မှန်ကန်မှု ရှိ ၊ မရှိ ဆိုခြင်းမှာ ၎င်းတို့ဆုံးဖြတ်ရမည့်ကိစ္စမဟုတ်ကြောင်း ICC က ပြောကြားသည်။

ICC ၏ ဖမ်းဝရမ်းများက နေတန်ယာဟု၏ သံတမန်ရေးကြိုးပမ်းမှုများကို အကန့်အသတ်ဖြစ်သွားစေဖွယ်ရှိသည်။ အကြောင်းရင်းမှာ နိုင်ငံနှင့် နယ်မြေ ၁၂၄ ခုသည် အိုင်စီစီ၏ အဖွဲ့ဝင်များ ဖြစ်ကြပြီး ၎င်းတို့အနေဖြင့် ၎င်းတို့နယ်မြေထဲ ရောက်ရှိလာသည့် မသင်္ကာသူများကို ဖမ်းဆီးပေးရမည့် ဝတ္တရားရှိသောကြောင့် ဖြစ်သည်။ သို့ရာတွင် အစ္စရေး နှင့် ၎င်း၏ အဓိကမဟာမိတ် အမေရိကန်တို့မှာ ICCအဖွဲ့ဝင်များ မဟုတ်ကြပေ။

ယင်းဖမ်းဝရမ်းများကြောင့် နေတန်ယာဟုအနေဖြင့် နိုင်ငံတကာတွင် အထီးကျန်လာနိုင်ပြီး ယင်းနှင့်အတူ အပစ်အခတ်ရပ်စဲရေးကြိုးပမ်းမှုများကို ရှုပ်ထွေးသွားစေနိုင်ကြောင်း အစ္စရေးမီဒီယာများက ရေးသားကြသည်။

တရားရုံးဆုံးဖြတ်ချက်ကို နေတန်ယာဟုက ပယ်ချလိုက်ကာ ၎င်းအနေဖြင့် တရားမျှတသော စစ်ပွဲကို ဦးဆောင်နေပြီး အရပ်သားထိခိုက်မှု အနည်းဆုံးဖြစ်အောင်လုပ်ဆောင်နေကြောင်း ပြောကြားသည်။

အစ္စရေးနိုင်ငံ နှင့် နိုင်ငံသားများကို ကာကွယ်ရန် အားလုံးလုပ်ဆောင်သွားမှာဖြစ်ကြောင်း နှင့် ဂျူးဆန့်ကျင်သည့် ခံစားချက်ရှိသူများ စေ့ဆော်မှုနှင့်အတူ ဘက်လိုက်မှုရှိသည့် တရားသူကြီးများက ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း နေတန်ယာဟု က စွပ်စွဲပြောကြားသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...