နှစ် ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျောင်းစောင့်ကြီးကို
ကျောင်းဆောင်အမည် ပြောင်းလဲပြီး ဂုဏ်ပြု
နှစ် ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျောင်းစောင့်အမျိုးသမီးကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ အမေရိကန်နိုင်ငံ၊ မစ်ဆူရီပြည်နယ် မူလတန်းကျောင်းမှာ ကျောင်းဆောင်ကို သူ့အမည် မှည့်ခေါ်ခဲ့ပါတယ်။
ကလုဒင်းဝီလ်ဆန်ဟာ ကျောင်းစောင့်အလုပ်တင် မကဘဲ ပိုက်ပြင်တာ၊ ကျောင်းကားမောင်းတာ စတဲ့အလုပ်တွေလည်း ဝင်လုပ်ခဲ့ပြီး ကျောင်းအတွက် လိုအပ်တဲ့နေရာတိုင်းမှာ ဝင်ရောက်ဖြည့်ဆည်းပေးခဲ့သူပါ။ ဒါပေမဲ့ သူ အမြတ်နိုးဆုံးအလုပ်ကတော့ ကျောင်းသူ/ကျောင်းသားတွေကို စောင့်ရှောက်ပေးရတဲ့ ကျောင်းစောင့်အလုပ်ပါပဲ။
ပြီးခဲ့တဲ့ သြဂုတ်လမှာတော့ ဆွီဒီဘော့အာသရီး ကျောင်းခရိုင်အဖွဲ့အစည်းက မူလတန်းကျောင်းရဲ့ ကျောင်းဆောင်ကို ကလုဒင်းဝီလ်ဆန်သင်ကြားရေးစင်တာလို့ အမည်ပေးပြီး ကျောင်းစောင့်ကြီး ကလုဒင်းဝီလ်ဆန်ကို ဂုဏ်ပြုဖို့ တရားဝင် သတ်မှတ်ပေးခဲ့တာပါ။
” ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းလို့ မပြောလိုပါဘူး။ သူရဲကောင်းလည်း မဟုတ်ပါဘူး။ ဒီမှာ အလုပ်လုပ်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒါက ကလေးတွေအတွက် လုပ်ပေးခဲ့တာပါ” လို့ ကလုဒင်းဝီလ်ဆန်က ဆိုပါတယ်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။