မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များပါဝင်သော စစ်သည် ၅၀၀၀၀ ခါ့ခ်ျနယ်မြေ ထိုးစစ်အတွက် ရုရှားပြင်ဆင်

International News
မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များပါဝင်သော စစ်သည် ၅၀၀၀၀
ခါ့ခ်ျနယ်မြေ ထိုးစစ်အတွက် ရုရှားပြင်ဆင်

ယူကရိန်းတပ်များ သိမ်းပိုက်ထားသော ရုရှားအနောက်ပိုင်း ခါ့ခ်ျနယ်မြေမှ ဒေသများကို ပြန်လည်သိမ်းယူရေးအတွက် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များအပါအဝင် တပ်ဖွဲ့ဝင်အင်အား ၅၀၀၀၀ ကို ရုရှားစစ်ဘက်က အင်အားစုစည်းထားကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
ခါ့ခ်ျနယ်မြေ ထိုးစစ်များအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များအပါအဝင် စစ်သည်အင်အား ၅၀၀၀၀ ကို ရုရှားစစ်ဘက်က စုစည်းထားခြင်းဖြစ်ကြောင်း အမေရိကန်စစ်ဘက်က သုံးသပ်ထားသည်။

အထက်ပါ စစ်အင်အားကို ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားတပ်များမှထုတ်ယူခြင်းမရှိဘဲ သီးသန့်စုစည်းထားခြင်းဖြစ်ရာ ရုရှားစစ်ဘက်အနေဖြင့် စစ်မျက်နှာများကို တစ်ချိန်တည်းတွင် တစ်ခုမက ဖွင့်ထားနိုင်မည်ဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။

အမေရိကန်အစိုးရ၏ အဆိုအရ မြောက်ကိုရီးယားနိုင်ငံသည် ရုရှား၏ခါ့ခ်ျနယ်မြေ ထိုးစစ်များတွင်ပါဝင်ရေးအတွက် မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၀၀၀၀ ကျော် စေလွှတ်ထားပြီး ၎င်းတပ်ဖွဲ့ဝင်များကို ရုရှားတပ်များက စစ်ဝတ်စုံနှင့်စစ်လက်နက်များ တပ်ဆင်ပေးထားကြောင်း သိရသည်။

ရုရှားနိုင်ငံအနေဖြင့် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များပါဝင်သော ခါ့ခ်ျနယ်မြေထိုးစစ်များကို လာမည့် ရက်ပိုင်းအတွင်း စတင်နိုင်ကြောင်း အမေရိကန်စစ်ဘက်က တွက်ချက်ထားသည်။

နိုဝင်ဘာ ၅ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲ၌ ရီပတ်ဘလီကန်ပါတီသမ္မတလောင်း ဒေါ်နယ်ထရန့်အနိုင်ရခဲ့ပြီးနောက် ရုရှား- မြောက်ကိုရီးယား ပူးပေါင်းစစ်အင်အားစုများက ခါ့ခ်ျနယ်မြေထိုးစစ်အတွက် ပြင်ဆင်နေခြင်းဖြစ်သည်။

ယူကရိန်း အရှေ့ပိုင်း စစ်မြေပြင်၌ ရုရှား၏ စစ်ရေးဖိအားကိုလျှော့ချရန် ရည်ရွယ်ချက်ဖြင့် ယခုနှစ် ဩဂုတ် ၆ ရက်တွင် ယူကရိန်းတပ်များက ရုရှားအနောက်ပိုင်း ခါ့ခ်ျနယ်မြေအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရုရှားနိုင်ငံအတွက် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးပြည်ပတပ်များ ကျူးကျော်မှုဖြစ်ခဲ့ရသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...